2
ခွန်းနီ
“ညများ”
အလင်းတွေလျှံကျနေတယ်လို့
အိမ်မက်တွေခဏ ခဏ မက်တယ်
တကယ်တမ်းမှာတော့
ငါတို့အိမ်မက်တွေအပေါ်
သွေးတွေပဲအန်ကျနေတာ။
တစ်ချိန်ကလမ်းမညများ
ငါလွမ်းမိတယ်
လသာသာညများ
လမိုက်မိုက်ညများ
ငါတကယ်ပိုင်ဆိုင်ခဲ့ဖူးတဲ့
ညများ
အဲ့ဒီ့ညများစွာကိုလွမ်းတယ်။
အခုတော့ညတွေဟာတစ်ထပ်တည်း
တပုံစံတည်းပဲ
မပျော်ပဲငါအိပ်ခဲ့ရ
မအိပ်လည်း ငါမပျော်ခဲ့ရပါဘူး။
ဘဝရော အသက်ရော
ပြောင်းရင်းထဲထိုးထည့်လို့
သေနတ်ပြောင်းဝကိုပဲငေးနေမိတယ်
အရိပ်ဆိုးတွေမြင်ရသမျှ
ငါ့သေနတ်ကအလင်းတွေဖြာကျရအုံးမယ်။ ။
