သီတင်းတပတ်တာ စစ်ရေးစစ်ရာ (၄)

■ နောင်လူသစ်
ဇူလိုင်လ ၇ ရက်​နေ့မှ ဇူလိုင်လ ၁၃ ရက်​နေ့အထိ
☆ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၇) ရက်နေ့မှ ဇူလိုင်လ (၁၃) ရက်နေ့အထိ မြန်မာနိုင်ငံတဝန်း စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများကြား လက်နက်ကိုင်တိုက်ပွဲ ကြီးငယ်ပေါင်း (၅၃) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။
☆ တပတ်တာအတွင်း နိုင်ငံတဝန်းရှိ ပြည်နယ်နှင့်တိုင်းဒေသ (၁၁) ခုတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး မြို့နယ်အားဖြင့် (၃၈) မြို့နယ်အထိရှိသည်။
☆ မန္တလေးတိုင်းဒေသအတွင်း တိုက်ပွဲအများဆုံး ဆက်ဖြစ်ခဲ့ပြီး (၁၁) ကြိမ်ထက်မနည်းရှိခဲ့သည်။ မန္တလေးတိုင်းဒေသအတွင်း မတ္တရာနှင့်စဉ့်ကူးမြို့နယ်တို့တွင် MDF-PDF ၏ ထိုးစစ်ဆင် တိုက်ခိုက်မှုများ အရှိန်မြင့် ပြင်းထန်ခဲ့သည်။ အဆိုပါ မြို့နယ် ၂ ခုအတွင်း တိုက်ပွဲဖြစ်ပွားမှုမှာ (၉) ကြိမ်ထက်မနည်းရှိခဲ့သည်။
☆ ရှမ်းပြည်နယ်မြောက်ပိုင်း၌လည်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး (၉) ကြိမ်ထက် မနည်းရှိခဲ့သည်။ ရှမ်းပြည်နယ်မြောက်ပိုင်း လာရှိုးမြို့နယ်တွင်လည်း တိုက်ပွဲများ ပြင်းထန်ခဲ့သည်။
☆ မကွေးတိုင်းဒေသအတွင်းတွင် ယခုသီတင်းပတ်အတွင်း တိုက်ပွဲများ ခပ်စိတ်စိတ်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားမှု (၉) ကြိမ်ထက်မနည်းရှိခဲ့သည်။
☆ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူးတိုင်းတို့တွင် တိုက်ပွဲပေါင်း (၃၀) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။
☆ သတင်းထုတ်ပြန်မှုများအရ တပတ်တာအတွင်း နိုင်ငံတဝန်း တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ထိခိုက်ကျဆုံးမှု (၉၂) ယောက်ထက်မနည်းရှိခဲ့သည်။
☆ တော်လှန်ရေးအင်အားစုများဘက်မှ (၂၂) ဦးထက်မနည်း ကျဆုံးခဲ့သည်။
☆ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် တိုက်ပွဲများပြင်းထန်ခဲ့ပြီး တပတ်တာအတွင်း စစ်ကောင်စီ တပ်စခန်းပေါင်း (၁၅) ခုထက် မနည်းကို တော်လှန်ရေးအင်အားစုများဘက်က သိမ်းပိုက်ထားနိုင်သည်။
☆ တော်လှန်ရေးအင်အားစုများဘက်မှ ဒရုန်း သီးသန့် အသုံးပြုတိုက်ခိုက်မှု (၄) ကြိမ်ထက်မနည်း ရှိသည်။
☆ ရခိုင်ပြည်နယ် သံတွဲနှင့် မောင်တောဒေသအတွင်းတွင် AA ၏ ထိုးစစ်ဆင်တိုက်ခိုက်မှု အရှိန်မြှင့် ပြင်းထန်ခဲ့ပြီး သံတွဲမြို့နယ်၊ ငပလီကမ်းခြေရှိ စစ်ကောင်စီအခြေစိုက် တပ်ရင်းများထဲက လက်ကျန်စခန်းတခုဖြစ်သည့် ခလရ (၅၅) တပ်ရင်းကို AA က သိမ်းပိုက်နိုင်ခဲ့သည်။
☆ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့၊ ဒုံးတပ်ရင်းကို TNLA ၊ MDY-PDF မဟာမိတ်တပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး မြို့ကို ထိန်းချုပ်နိုင်ခဲ့သည်။
☆ ရန်ကုန်မြို့တွင် မြို့ပြပြောက်ကျားတိုက်ပွဲ (၁) ကြိမ်ရှိခဲ့သည်။
ဖော်ပြပါ အချက်အလက်များသည် သတင်းမီဒီယာ (၁၀) ခုနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများက ထုတ်ပြန်သည့် သတင်းများကို အခြေခံ ကောက်ယူ စုဆောင်းထားခြင်းဖြစ်သည်။
တိုက်ပွဲနှင့် ထိခိုက်ကျဆုံး အရေအတွက်မှာ ဖော်ပြထားသည်ထက် ပိုမို များပြားနိုင်သည်။
About The Call 331 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*