သတင်းသုံးသပ်ချက်ဆောင်းပါး

ဆောင်းအမီ

⁩ ⁨”ဆောင်းအမီ” – သတင်းသုံးသပ်ချက်​ဆောင်းပါး – ■ ​ကျော်​​ဇောခိုင် စကစက ကာလုံကို အာဏာပြန်လွှဲပေးပြီးတဲ့ ပြီးခဲ့တဲ့လ ဇူလိုင် ၃၁ ရက် ညပိုင်းမှာ မြို့နယ်ပေါင်း ၆၃ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာသွားခဲ့တာ တွေ့ရတယ်။ တော်လှန်ရေးဘက်ကတပ်တွေ ထိန်းချုပ်ထားတဲ့ မြို့ ၉၀ ကျော်မှာ ၆၃ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာသွားတာဖြစ်လို့ စစ်တပ်ဘက်က ပိုပြီး တင်းတင်းကျပ်ကျပ် ကိုင်တွယ်ရမယ့်နေရာတွေ ဖြစ်တယ်လို့ […]
Short Stories

သေနတ်ကြီးနဲ့ ပန်းစိုက်လို့ရလား ဖေဖေ

‘သေနတ်ကြီးနဲ့ ပန်းစိုက်လို့ရလား ဖေဖေ’ မောင်သုည (ရှပ်ပုံသားလေး) တောကိုကိုးကွယ်မိသော ကျနော်တို့ရဲ့ အသိစိတ်များက အလွမ်းတွေ မွတ်သိပ်လို့နေတာ ကြာခဲ့ပါပြီ။ ဒါကြောင့်လည်း ရဲဘော်ဂျွန်နီနဲ့ ကျနော်က ဟောဒီစစ်ရှောင်ကိုရောက်ဖို့ ခြေထောက်တွေကို စစ်မြင်းတကောင်ရဲ့အားနဲ့ မောင်းနှင်နေကြတယ်။ တောင်ထိပ်တနေရာကိုရောက်တော့ ကလေးတွေရဲ့ စာကျက်သံက ကျနော်တို့နှစ်ယောက်ရဲ့ရင်ကို ရိုက်ခတ်လာပြီ၊ ရင်ထဲမှာလည်း ပန်းတွေ အလှိုင်လှိုင်ပွင့်လို့။ ”ရောက်ပြီထင်တယ်ကွ” ဂျွန်နီက အားတက်သရောပြောပြီး တောင်ပေါ်က ဆင်းပြေးသွားတယ်။ သူပြေးချသွားတဲ့ ကျောပြင်ကိုကြည့်ပြီး ကျနော် အတွေးတစကို […]
ဆောင်းပါး

မင်းအောင်လှိုင်လက်သစ်ကလေးများ မဖြစ်စေလို

‘မင်းအောင်လှိုင်လက်သစ်ကလေးများ မဖြစ်စေလို’ ထွင် ကျွန်ုပ်လို တော်လှန်စားဖိုမှူးတယောက်အနေနှင့် မိခင်တပ်ရင်းမှ မီးဖိုချောင်ထဲမှာသာ အနေများသဖြင့် လမ်းပြင်လမ်းဘက် သိပ်မထွက်ဖြစ်ပါ။ သည့်ကြောင့် လမ်းမပေါ်မှ အခြေအနေများကို တွေ့မြင်ရဖို့ ခဲယဥ်းပါသည်။ လမ်းမပေါ်မှ အခြေအနေဆိုသည်မှာ လမ်းသွားလမ်းလာများအပေါ် ဆက်ကြေးကောက်သော စစ်ခွေးဂိတ်များနှင့် ပီဒီအက်ဖ်ဂိတ်များကိုလည်း ဆိုလိုပါသည်။ ယခုတလော ဆက်ကြေးကောက် စစ်ခွေးဂိတ်နှင့် ပီဒီအက်ဖ်များအကြောင်း အွန်လိုင်းပေါ်တွင် လူပြောများလျက် ရှိသည်ကို ဖေ့ဘုတ်တွင် တွေ့နေရသည်။ အဓိကအနေနှင့် ပီဒီအက်ဖ်များက မတန်မဆ တိုးကောက်လွန်းသည်ဆိုပြီး […]
ကဗျာ

နံရံတွေ တန်းဖြုတ်မယ့်နေ့

‘နံရံတွေ တန်းဖြုတ်မယ့်နေ့’ သွင်ဦး တဝေါဝေါ ဖြတ်မောင်းသွားတဲ့ ကားသံတွေရဲ့ နေရာမှာ လော်စပီကာက ထွက်ကျလာတဲ့ ဘုရားရှိခိုးသံ တန်းစီခရာမှုတ်သံ မဂ်လာပါဆိုတဲ့ အသံတွေနဲ့ နံနက်ခင်းဟာ နိုးထခဲ့၊ အရောင်ဆိုးထားတဲ့ ထမင်းလှော် အရည်များများ အဖက်နဲနဲ ခပ်ကျဲကျဲဆန်ပြုတ်ဟာ ငါတို့ရဲ့ နံမည်ကျော် မနက်စာတွေပေါ့၊ ညိုညစ်ညစ်ထမင်းတွေနဲ့ နယ်ဖတ်လို့ ငါတို့ထမင်းပွဲမှာ တည်ခင်းဖို့ ပဲဟင်းတလှည့် တာလပေါတလှည့် ခင်ဗျားမျက်နှာ မမဲ့နဲ့လေ၊ ကြံဖန်ပြီး ကျေးဇူးတင်ချင်ရင်တော့ ကျုပ်တို့ရဲ့ညစာမှာ ရေထဲကငါးကို […]
ဘာသာပြန်ဆောင်းပါး

ထိုင်းနိုင်ငံအပေါ် အကျိုးသက်‌ရောက်စေတဲ့ မြန်မာ Domino Effect

‘ထိုင်းနိုင်ငံအပေါ် အကျိုးသက်‌ရောက်စေတဲ့ မြန်မာ Domino Effect’ ဘုန်းမောင် Domino Effect ဆိုတာကို ကြားဖူးကြမှာပေါ့။ အဓိပ္ပါယ်ကတော့အဖြစ်အပျက်တခုက နောက်ထပ်ဆင်တူတဲ့ အဖြစ်အပျက်အတွဲလိုက်ကို ဖြစ်ပျက်စေတယ်ဆိုတာပါ။ ဥပမာ – စီတန်းထားတဲ့ဖဲချပ်​တွေထဲက ပထမ ဆုံးဖဲချပ်ကို လဲချလိုက်တာနဲ့ နောက်ထပ် နောက်ထပ်သောဖဲချပ်တွေပါ အတွဲလိုက် လဲကျကုန်တယ်ဆိုတဲ့ အဖြစ်အပျက်မျိုးပေါ့။ အဲဒီဖဲချပ်အတွဲလိုက်ဥပမာလိုပဲ စီးပွား‌ရေး၊ နိုင်ငံ‌ရေး စတာတွေမှာလည်း ဒိုမီနိုသက်‌‌ရောက်မှု – Domino Effect တွေ ရှိနေပါတယ်။ […]
အက်ဆေး

ကျ​နော် မြတ်နိုးမိသော ဒေစီပန်းကလေး

‘ကျ​နော် မြတ်နိုးမိသော ဒေစီပန်းကလေး’ ​ဂျော့လင်းညို တိတိကျကျပြောရရင် လူ့သက်တမ်းမှာ အသက် (၃၀) ပြည့်လုပြည့်ခင် အချိန်မှာပင် သူမနှင့်စတင်တွေ့ခဲ့ခြင်း ဖြစ်ပါသည်။ ဒီတခါ အချစ်နှင့်ထိတွေ့မှုက ကိုရီးယားကားမဆန်သလို ကဗျာလည်း မဆန်ခဲ့ပါ။ ဒီတခါလို့ ပြောရခြင်းက သူမနှင့် မတွေ့မီအချိန်မှာ ကျ​နော့်တွင် လက်ထပ်မည်ဟု ရည်စူးပြီးမှ လမ်းခွဲခဲ့ရသော ချစ်သူရည်းစားဟောင်း ရှိခဲ့ဖူးသောကြောင့် ဖြစ်ပါသည်။ အရင်ရည်းစားနှင့် ပြတ်စဲခါစ အသည်းကွဲနေချိန်မှာ မင်းအောင်လှိုင်က အာဏာထသိမ်းလိုက်သဖြင့် အသည်းကွဲနေသည့် အခြေအနေမှ […]
Flim Reviews

မေလထဲမှာ ကျနေတဲ့ မိုးဖွဲတွေ

‘မေလထဲမှာ ကျနေတဲ့ မိုးဖွဲတွေ’ ညီလင်းအိမ် မေလထဲက မိုးဖွဲတွေရဲ့အောက်မှာ ကျနော်ကလည်း အိပ်နေကြတဲ့ ခိုငှက်တွေနဲ့အတူ ဒီအခန်းကလေးထဲမှာပဲ ခိုအောင်းလို့ နေခဲ့တယ်။ ငယ်ငယ်တုန်းကတော့ ထန်းလျက်ဂိုဒေါင်လိုဆောက်ထားတဲ့ အိမ်ကလေးရဲ့ အခန်းထဲကနေ ခုလိုမိုးတွေရွာလေတိုင်း ပုန်းအိပ်ရင်း မေမေရဲ့ ခေါ်သံကို ကြားရမှ အပြင်ကို ထွက်လေ့ရှိတာပေါ့။ အခန်းထဲကနေ ထွက်လိုက်တိုင်း ကျနော့်ရွာကလေးရဲ့ အပြင်ဘက်မှာ စိမ်းနေတဲ့ တောင်တန်းတွေကို မြင်လိုက်ရရင် သိပ်ကောင်းမှာပဲလို့ စိတ်ကူးယဉ်ခဲ့ဖူးတယ်။ ကျနော်တို့ ညီအကိုနှစ်ယောက် မန်ကျည်းရွက်ခူး […]
စကားပြေကဗျာ

စစ်က ခင်ဗျားကို

‘စစ်က ခင်ဗျားကို’ သရိုင်းတေးအိမ် တကယ်တော့ စစ်ဟာ တစ္ဆေလိုပဲ ခင်ဗျားနားမှ ပေါ်လာလိုက်ပျောက်သွားလိုက် ခင်ဗျားစစ်ဆိုတာမရှိနိုင်ဘူးလို့ယုံကြည်တဲ့ဝန်းကျင်မှာ စစ်ဆိုတာတိတ်တဆိတ် ရှိနေတတ်ပြီး ခင်ဗျား စစ်ရှိမယ်ခံစားရတဲ့ အခင်းအကျင်းမှာ စစ်က တကယ်မရှိနေနိုင်တာမျိုးပေါ့။ ဒါဟာ ခင်ဗျား စစ်အပေါ်နားလည်ထားမှု/ အဓိပ္ပါယ်ဖွင့်ဆိုမှုနဲ့ဆိုင်မှာပဲ။ တကယ်တော့ ခင်ဗျားကိုယ်တိုင်စစ်ပွဲအများကြီးတိုက်ပီး နိုင်ခဲ့/အောင်မြင်တယ်လို့ပြောလို့ရတဲ့သတစ်ယောက် ဖြစ်ချင်လည်းဖြစ်ခဲ့မယ်။ ဒါမှမဟုတ် ခင်ဗျားကိုယ်တိုင် မသိလိုက်မသိဘာသာ ရှုံးခဲ့တဲ့စစ်ပွဲတွေလည်း ဒုနဲ့ဒေးပဲ။ ခင်ဗျားက ဒုတိယကမ္ဘာစစ်လို စစ်ပွဲကိုကြုံချင်မှကြုံလိမ့်မယ်၊ ဒါမှမဟုတ် ပြည်တွင်းစစ်လိုဟာမျိုးကို အကြိမ်တစ်ရာမှာတစ်ကြိမ်မှမကြုံခဲ့တာလည်းဖြစ်ကောင်းဖြစ်မယ်။ […]
သတင်းသုံးသပ်ချက်ဆောင်းပါး

ကောင်စီ၊ ကော်မရှင်နှင့် မေးခွန်းများ

“ကောင်စီ၊ ကော်မရှင်နှင့် မေးခွန်းများ” – သတင်းသုံးသပ်ချက်​ဆောင်းပါး – ■ ​ကျော်​​ဇောခိုင် ဇူလိုင် ၃၁ ရက် ကာလုံအစည်းအဝေးမှာ စကစကိုဖျက်သိမ်းပြီး ကာလုံကို အာဏာ ပြန်လည်လွှဲပြောင်းတယ်လို့ ကြေညာတယ်။ ဒီတော့ တပ်ချုပ် မအလကနေ ကာလုံ၊ ဒီကမှတဆင့် အသစ်ဖွဲ့လိုက်တဲ့ နိုင်ငံတော်လုံခြုံရေးနဲ့အေးချမ်းသာယာရေးကော်မရှင်ကို အာဏာရောက်သွားတယ်။ ကော်မရှင်ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌက အရင် စကစဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌဖြစ်တဲ့အတွက် စကစကနေ နလအ ဖြစ်လာတယ်ဆိုပေမယ့် စစ်တပ် ထိပ်ပိုင်းခေါင်းဆောင် […]
အက်ဆေး

လေထဲပျံနိုင်တာကိုသဘောကျတယ် ဒါပေမယ့်

“လေထဲပျံနိုင်တာကိုသဘောကျတယ် ဒါပေမယ့်” May ကျမ အသက် ၄ နှစ်မှာ ငှက်တွေရဲ့ပျံဝဲပုံတွေကို သဘောကျနှစ်သက်စွာ ကြည့်လာတတ်ခဲ့ပြီ။ သူတို့ရဲ့အတောင်ပံလေးတွေလို ကျမရဲ့ လက်တွေကို ဖြန့်ကားတယ်၊ ရိုက်ခတ်တယ်။ ကျမ လေထဲပျံတက်မသွားနိုင်ပေမယ့် သဘောကျတယ်။ ကျမ အသက် ၆ နှစ်မှာ လေယာဥ်ပျံကြီးတွေကို ပြောင်းလဲသဘောကျလာတယ်။ သူတို့က ငှက်တွေထက်လည်းကြီးတယ်။ တောင်ပံတွေကိုရိုက်ခတ်စရာမလိုဘူး။ ကျမလက်တွေကို ဆန့်တန်းထားရုံပဲ။ ကျမ လေထဲပျံချင်လာတယ်။ မေမေကပြောတယ် အဲ့သည်လေယာဥ်ပျံကြီးထဲမှာ လူတွေရှိတယ်တဲ့။ ဒါဆို […]