Short Stories

ဝက်ဝံရုပ်လေးဝယ်ခဲ့ပေးပါ ဆရာလေး

“ဝက်ဝံရုပ်လေးဝယ်ခဲ့ပေးပါ ဆရာလေး” နွေအလင်း (CDM) “ဖိုးတေ” … ဒီစစ်ရှောင်စခန်းမှာ ဖိုးတေကို သူ အချစ်ဆုံး။ “ဖိုးတေ” ဟု အလွယ်ခေါ်သော်လည်း သူ့အမည်ရင်းမှာ “မောင်ကျော်မင်းသန့်” … အမြဲ ရယ်ရယ်ပြုံးပြုံးနဲ့ အလွန်ချစ်မွှေးပါသော ကလေးလေး။ မိဘတွေက မရှိရှာတော့။ လူနေအိမ်များသို့ အကြမ်းဖက်စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့သော လက်နက် ကြီးကျည်ကြောင့် မိဘနှစ်ပါးလုံး ဆုံးပါးကွယ်လွန်ခဲ့လေပြီ။ တဦးတည်းသော အမမှာလည်း ပြည်သူ့ကာကွယ်ရေးတပ်ရင်းတွင် ဆေးမှူးဆိုတော့ “ဖိုးတေ” […]
ခင်ဦးဇင်အခန်းဆက်ဝတ္ထုရှည်

ခင်ဦးဇင် အပိုင်း ( ၁၀ )

“ခင်ဦးဇင်” ​ရေအေး အပိုင်း ( ၁၀ ) – – – – – – – – – – – နင် ဘယ်သူနဲ့စကားပြောနေတာလဲ။ ခင်ဦးဇင်ရဲ့ နားထဲကို ဆရာ၀န်ခေါင်းဆောင်အမျိုးသမီးရဲ့အသံ ဝင်လာတယ်။ ပြီးတော့ လူနှစ်ယောက်ကို ဆရာဝန်တွေဝိုင်းပြီးမေးမြန်းနေတဲ့ အခန်းထဲကမြင်ကွင်းက ပျောက်သွားပြီး ခုတင်ခြောက်လုံးရှိတဲ့လူနာခန်း မြင်ကွင်းက ပြန်ပေါ်လာတယ်။ နင် ဘယ်သူ့ကိုစကားပြောနေတာလဲ တဲ့။ ဆရာ၀န်ခေါင်းဆောင်အမျိုးသမီးက […]
Short Stories

ဇာမဏီငှက်တို့ လွမ်းတေးသီ

‘ဇာမဏီငှက်တို့ လွမ်းတေးသီ’ မောင်သုည (ရှပ်ပုံသားလေး) ”ဒီတော်လှန်ရေးဟာ သေရင်တောင် သမိုင်းလှမှ နိုင်မယ်။ မသေဘဲ သမိုင်းရိုင်းရင်တော့ ရှုံးမယ် ” ဝါးခွက်နဲ့ အကြမ်းရည်သောက်နေတဲ့ ရဲဘော်တွေရဲ့ စကားဝိုင်းကို ကျနော် လက်ဖက်သုပ်လေးချပေးလိုက်တယ်။ ” ဟေ့…တယ်ဟုတ်ပါလာ လက်ဖက်သုပ်တွေနဲ့။ ဒီလိုသာ နေထိုင်စားသောက်ရမယ်ဆို ဘယ်လောက်ကြာကြာ တော်လှန်ရေးထဲ အေးဆေးနှပ်နေလိုက်မယ် ယောက်ဖရေ… ” ရဲဘော် ငပြူးက စနောက်ပြီး ကျနော်ကို ပြောတယ်။ ” ဟေ့ကောင် […]
ခင်ဦးဇင်အခန်းဆက်ဝတ္ထုရှည်

ခင်ဦးဇင် အပိုင်း ( ၉ )

“ခင်ဦးဇင်” ရေအေး အပိုင်း ( ၉ ) – – – – – – – – – – – (၆) အခုက မနက်ခင်းဆယ်နာရီလောက် ရှိပြီ၊ နေရာက အိမ်မဟုတ်တော့ဘူး၊ ဆေးရုံမှာ၊ နင် အခု စိတ်ကျန်းမာရေးဆေးရုံကို ရောက်နေတာ တဲ့။ ခင်ဦးဇင်ဆီကို ရောက်ရောက်လာချင်း စာရေးဆရာက အဲဒီလို ပြောလိုက်တော့၊ ပြောမယ်၊ […]
Short Stories

အမဲရိုးရယ်မှ အားမနာ

“အမဲရိုးရယ်မှ အားမနာ” မောင်သုခင် (တမာမြေ) ၁။ “ဘာဟင်းတွေနဲ့ စားကြသတုန်း” ထမင်းစားပြီဆို ဟိုဘက်အိမ်က ဒေါ်ရိုး ရောက်လာပြီ။ အကောင်းလာတာ မဟုတ်ဘူး။ ကျုပ်တို့မိသားစု ဘယ်လို စားသောက်နေလဲ လာစပ်စုတာ။ ဇွန်းသံခွက်သံကြားရင် ကြောင်အိုကြီး ဖိုးညိုလိုပဲ ထမင်းဝိုင်းအနား ရောက်လာပြီ။ “လက်ဘက်သုပ်နဲ့ပါ၊ စားလှည့်ပါဦး” “စားတော့စားချင်သားအေ့ ညည အိပ်မပျော်မှာစိုးသဟဲ့” အမြဲတမ်း ဟင်းကိုကြည့်ပြီး အကြောင်းပြချက်အမျိုးမျိုး ပြတတ်တာလည်း သူ့အကျင့်။ ငါးပိရည်မြင်ရင် သွေးတိုးလို့၊ ကြက်ဥကြော်မြင်ရင် […]
ခင်ဦးဇင်အခန်းဆက်ဝတ္ထုရှည်

ခင်ဦးဇင် အပိုင်း ( ၈ )

“ခင်ဦးဇင်” ​ရေအေး အပိုင်း ( ၈ ) – – – – – – – – – – – စာရေးဆရာကပြောနေတုန်းမှာပဲ ခင်ဦးဇင်နံဘေးက မြင်ကွင်းတွေက ရုတ်ချည်းဆိုသလို ပြောင်းလဲသွားတယ်။ ရေစပ် မတိမ်မနက်နေရာမှာ ဆိုက်ထားတဲ့ လှေတစ်စင်း၊ ပြီးတော့ လှေပေါ်ကနေဆင်းလို့ ကမ်းစပ်ဘက်ကို ဦးတည်ပြီး ရေထဲ ယိမ်းယိမ်းထိုးထိုးလျှောက်နေကြတဲ့ လူတန်းကြီး၊ ခင်ဦးဇင်ရဲ့အရှေ့မှာက အထုပ်တစ်ထုပ်ကို […]
Short Stories

မရယ်ရသော ပြက်လုံး

“မရယ်ရသော ပြက်လုံး” ဖျားသွေး ဆရာပြား ကျေးဇူးကြောင့် ခုတော့ ဖုန်းကိုင်ရပြီ။ သူလည်း ဝယ်လာတာတော့ မဟုတ်။ တနေ့ညက အခန်းကို ပြန်လာတုန်း လမ်းမှာ ကောက်ရခဲ့တာ။ ပိုင်ရှင်လိုက်လာမှာစိုးလို့ SIM Card ဖြုတ်ထားတယ်၊ ကိုယ့်ဖာသာ ထည့်သုံး ဟု ပြောသည်။ သူ့မှာက ဟန်းဆက်သုံးလုံးရှိတာမို့ မင်းကိုပေးတာဆိုပြီး ပေးသွားသည်။ သူ့လက်ထဲရောက်လာသည့် စမတ်ဖုန်းကလေးက စမတ်ဖုန်း ဆိုသည်မျှသာ။ မှန်ပြင်သည် ပွတ်၍ရသေးသော်လည်း မှန်ကာတခုလုံးက ပင့်ကူအိမ်လို […]
Short Stories

အမြဲမှတ်မိနေမယ့် ရန်သူတဦး

“အမြဲမှတ်မိနေမယ့် ရန်သူတဦး” ရဲချမ်းအောင် သူ့အဆင့်က ဗိုလ်ကြီး၊ ဒုစစ်ကြောင်းမှူးလည်းဖြစ်တယ်။ တရက်မှာ သူတို့စစ်ကြောင်းက ကျနော်တို့ဘက်က ကင်းပုန်းတွေကိုကျော်ပြီး ရွာထဲဝင်သွားတယ်၊ စီစဉ်ထားတာက ရွာပြင်ကနေ စောင့်တိုက်ဖို့ပဲ၊ စည်းပေါက်ပြီး ရွာထဲရောက်သွားတာကို သတင်းအတိကျရတဲ့ ကျနော်တို့ဘက်က တပ်စိတ်သုံးစိတ်ခွဲပြီး ဝင်စီးဖို့ ကြိုးစားတဲ့အခါ အမှားလေးတခုသာ မလုပ်မိလိုက်ရင် ကြက်ကလေးငှက်ကလေးဖမ်းသလို ဖမ်းနိုင်မှာ။ အဲဒီအမှားကြောင့် ထိတွေ့ဖြစ်တယ်၊ ရုတ်တရက်ဆိုတော့ ဒီကောင်တွေ ဟိုပြေးသည်ပြေးတွေ ဖြစ်ကုန်တယ်၊ ကြောက်ပြီး ပုန်းတဲ့သူက ပုန်းပေါ့။ ဗိုလ်ကြီး […]
Short Stories

စစ်ဘေးဒုက္ခသည်

“စစ်ဘေးဒုက္ခသည်” မောင်သုည (ရှပ်ပုံသားလေး) (၁) စစ်သည် စစ်ပီသပါပေ၏။ ထို့ကြောင့် ဘယ်ဘုရားမှ အသက်ပိုမပေးသော သတိတရားသည် သူ့ရင်ထဲ ကိန်းဝပ်လျက် ရှိသည်။ သူ့ရှေ့၌ အသက်နှင့်ခန္ဓာ အိုးစားကွဲသွားရသည့် ရွာသားများကိုလည်း အကြိမ်ကြိမ်အဖန်ဖန် သူတွေ့မြင်ခဲ့ဖူးသည်။ အသက်ရူနေသူများကို ကြည့်ပြန်သော်လည်း ခေါင်းမလှုပ်သာ ခြေမလှုပ်သာနှင့် ကျောပြင်က ခြင်းတောင်းထဲတွင် အိုး၊ ခွက်၊ ပန်းကန်၊ ကလေးနှီးအပြည့်။ ပုခုံးတွင် စလွယ်သိုင်းလွယ်ထားသော ကလေးမှာမူ နို့မဝ၊ ရေမဝနှင့် အမေတယောက်၏ […]
ခင်ဦးဇင်အခန်းဆက်ဝတ္ထုရှည်

ခင်ဦးဇင် အပိုင်း ( ၇ )

“ခင်ဦးဇင်” ​ရေအေး အပိုင်း ( ၇ ) – – – – – – – – – – – အဲဒါတွေက နင့်ငယ်ဘဝတစ်လျှောက် ကြားနာခဲ့ရ၊ သင်ယူခဲ့ရတာတွေပဲတဲ့။ ဘယ်လိုပြောရမလဲ၊ အမုန်းတွေက နင့်စိတ်အတွင်းတစ်နေရာမှာ သစ်သားထဲ ရိုက်ထည့်ထားတဲ့ သံချောင်းလို ရိုက်သွင်းခံထားရတာ၊ ဒါကြောင့် နင်က အကြောင်းပြချက်မလိုဘဲကို မူစလင်တွေကို ကြောက်နေတာ၊ ပြီးတော့ မုန်းနေတာ၊ […]