Short Stories

ကျမယောက်ျား တော်လှန်ရေးသမား

“ကျမယောက်ျား တော်လှန်ရေးသမား” မောင်သုည (ရှပ်ပုံသားလေး) ”အသက်ဆိုတာ နှမြောသင့်တဲ့နေရာမှာ နှမြောရတယ်၊ မနှမြောသင့်တဲ့နေရာမှာ မနုမြောရဘူး” ဆရာနိုင်မြန်မာ အက်ကြောင်းတွေ ဗရပွနဲ့ ပြည့်နက်နေသော ဤနိုင်ငံတော်က နှလုံးသားများကိုတွေးရင်း မလှမြင့် စိတ်မချမ်းမြေ့ဖြစ်နေမိတယ်။ ဟော တွေးရင်းငေးရင်း ကိုဖိုးတေ ပြန်လာပြီ၊ ကျောပိုးအိတ်ကို တဲအိမ်ပေါ် ဗြုန်းခနဲ ပစ်ချလိုက်သံကြောင့် မလှမြင့် ထိတ်ခနဲဖြစ်သွားတယ်။ ဒီတခေါက် ကိုဖိုးတေ ရှေ့တန်းကပြန်လာတာ မျက်နှာမသာမယာနဲ့။ ”ဘာဖြစ်လာတာလဲ ကိုဖိုးတေ၊ ရှင် နေမကောင်းဘူးလား” […]

ပင့်သက်များ အခန်းဆက်ဝတ္ထုရှည်

ပင့်သက်များ (အပိုင်း ၇)

“ပင့်သက်များ” ခခ အပိုင်း (၇) – ဇာတ်သိမ်း ဖုန်းထဲကနေ အဖေနဲ့ အမေရဲ့အသံကို ကြားရချိန်မှာ ကျမ ဘယ်လိုမှ မျက်ရည်မဆည်နိုင်။ ဖုန်းမဆက်ခင်ကအထိ ကျမ မငိုမိသေးဘူး။ ထွန်းမင်းဝယ်ကျွေးတဲ့ ကြက်ကြော်ကို အားပါးတရစားရင်း အထဲမှာ ဘယ်လောက်အထိ အစားအသောက် ခက်ခဲခဲ့လဲဆိုတာကို ပြောပြနေခဲ့တယ်။ ကျမအဖြစ်က အိပ်မက်ဆိုးကနေ နိုးထလာရတဲ့သူလိုပဲ။ တော်ပါသေးရဲ့လို့ ရေရွတ်ရင်း စိတ်သက်သာရာတော့ ရပါရဲ့။ မက်ခဲ့တာက တသက်လုံး မေ့မရတော့လောက်အောင် ဆိုးဝါးတဲ့ […]

ပင့်သက်များ အခန်းဆက်ဝတ္ထုရှည်

ပင့်သက်များ အပိုင်း (၆)

“ပင့်သက်များ” ခခ အပိုင်း (၆) ဒီနေ့မှာ နေဟာ အားကုန်နေတဲ့ မီးသီးတလုံးလို ခပ်မှိန်မှိန်သာ လင်းတယ်။ ဝေ့ဝဲလာတဲ့ လေပြေကြားထဲ မိုးရဲ့အငွေ့အသက်ကို ခံစားမိနေသလိုပဲ။ လေကို ခပ်ပြင်းပြင်း ရှိုက်သွင်းလိုက်ချိန် နှာခေါင်းထိပ်ဖျားမှာ အေးခနဲ။ တလိပ်လိပ် တက်လာနေတဲ့ တိမ်ညို တိမ်သားတွေက လေနဲ့အတူ တလွင့်လွင့် လိုက်ပါလို့။ ဒီနေ့မှာ ရာသီဥတုက ပြောစမှတ် ပြုရလောက်တဲ့အထိ လှပမနေ။ တိမ်တွေကလည်း အလင်း အမှောင် အရောင်မျှတမနေ။ […]

Short Stories

ဖြေဆေးမရှိသော ဒဏ်ရာ

‘ဖြေဆေးမရှိသော ဒဏ်ရာ’ မြရဲလွင် နှစ်ထောင့်နှစ်ဆယ့်လေး ဒီဇင်ဘာညတညမှာ တိတ်ဆိတ်နေတဲ့အိမ်တအိမ်ရဲ့ ပြတင်းပေါက်တခုကနေ တိုးထွက် လာတဲ့ မှိန်ပျပျ ဖယောင်းတိုင်မီးတခုဟာ သူ့ရှေ့မှာထိုင်နေတဲ့ ကလေးတယောက်ရဲ့မျက်နှာကို ပီပီပြင်ပြင်မတွေ့ရ။ နတ်တော်လပြည့်ကျော် ၁ ရက်နေ့ဆိုပေမယ့် အရမ်းပဲ နှင်းတွေကျနေတယ်။ ပြတင်းပေါက်ကို အလှဆင်ထားတဲ့ မှန်တွေအားလုံး ရေငွေ့ရိုက်နေသလို ဖြူဖတ်ဖြူရော်နဲ့။ အရမ်းအေးတဲ့အချိန်မျိုးတွေမှာ ထမင်းကို ပူပူလောလောလေး စားလိုက်ရရင် အင်မတန် အရသာရှိကြပေမယ့် မနက်ကတည်းက တနေ့လုံးစာ ချက်ထားရတဲ့ ထမင်းအေးအေးကြီးကို အရမ်းအေးနေတဲ့အချိန် […]

ပင့်သက်များ အခန်းဆက်ဝတ္ထုရှည်

ပင့်သက်များ (အပိုင်း ၅)

“ပင့်သက်များ” ခခ အပိုင်း (၅) အထက်လူကြီးတယောက် ရောက်လာမှ ရန်ပွဲကပြီးတယ်။ သူတို့ရန်ပွဲကို အထက်လူကြီး ဖြေရှင်းပုံကလည်း တမျိုး။ ဘယ်ကနေ စတာလဲ … ဘယ်သူမှားတာလဲလို့ တခွန်းမမေး။ ဘယ်သူမှလည်း သက်သေခံပေးစရာမလို။ ရန်ဖြစ်တဲ့နှစ်ယောက်လုံးကို ဦးတည်ငေါက်ငမ်းပြီး အကုန်လုံးကို ပက်ပက်စက်စက်ဆဲတယ်။ အချင်းချင်း ဆဲနေချိန်က နာစရာလို့ ထင်ခဲ့ကြသူတွေဟာ အထက်လူကြီး ဆဲတာကိုကျ ဆုံးမတာလို့ ခံယူပြီး ဘာသံမှ မထွက်။ တကယ့် အထူးအဆန်းတွေ။ ရန်ပွဲပြီးလို့ […]

Short Stories

အိမ်ရဲ့အဝေးမှာ အိမ်ရဲ့အဝေးမှာ ဒရာမာမပါတဲ့ ဝတ္ထု

“အိမ်ရဲ့အဝေးမှာ အိမ်ရဲ့အဝေးမှာ ဒရာမာမပါတဲ့ ဝတ္ထု” ရဲသူအောင် (က) အမေ့ကို ကန်တော့နေရင်းက ရင်ဘတ်ထဲမှာ တစစ်စစ် နာကျင်လာတယ်။ “အမေ့ကို ဒီတသက် ပြန်တွေ့ဖို့ မဖြစ်နိုင် တော့ဘူး” ဆိုတဲ့ အတွေးကလည်း အသိစိတ်ထဲ တချိန်လုံး ရိုက်ခတ်စိုးမိုးလို့နေခဲ့တယ်။ လက်ကျန်ဘဝ နေ့ရက်တွေကို အိပ်ယာထဲမှာပဲ ကုန်လွန် ဖြတ်သန်းနေရတဲ့ အမေဟာ ကျနော့်ကို တွေတွေကြီး ကြည့်ငေးလို့။ ဒီလိုနဲ့ အမေဟာ တဖြည်းဖြည်း လုံးပါးပါးတော့မှာကို ကျနော် […]

ပင့်သက်များ အခန်းဆက်ဝတ္ထုရှည်

ပင့်သက်များ (အပိုင်း၄)

“ပင့်သက်များ” ခခ အပိုင်း (၄) မမရွှေရည်ကျေးဇူးနဲ့ မမို့၊ ထွန်းမင်းအပြင် ညီညီကပါ ကျမအကြောင်း သိသွားတယ်။ ကျမအဖြစ်က အားလုံးအတွက် သည်းထိတ်ရင်ဖို ဇာတ်လမ်းတပုဒ်လို။ သူတို့က ကျမပို့တဲ့စာတွေကို ဖတ်ပြီးတိုင်း “မိုရ် ရယ်” လို့ မချိတင်ကဲ ပြန်ပို့တတ်သလို နှာဗူးကောင်ကို သတိထားဖို့လည်း တွန်းတွန်းတိုက်တိုက် စကားဆိုတယ်။ အရေးဟယ်၊ အကြောင်းဟယ်ဆိုရင် ကျမဆီကို သူတို့ ချက်ချင်းပြေးမလာနိုင်ပေမယ့် သူတို့နဲ့ အဆက်အသွယ်ရတာကတင် ကျမစိတ်ကို တော်တော်လေး […]

Short Stories

စက်ဘီးတစ်စီး၊ လူနှစ်ယောက်

‘စက်ဘီးတစ်စီး၊ လူနှစ်ယောက်’ မေရီသော် ကိုပေါက်စ အကြံအိုက်နေပြီ။ ဆရာမလေး မှာလိုက်တာက အထုတ် ၁၀၀။ အခုက အထုတ် ၄၀ စွန်းစွန်းပဲ ဝယ်လို့ရသေးတယ်။ သေချာတာတော့ ဒီရွာမှာလည်း တခြားဆိုင်ရယ်လို့ မရှိတော့ဘူး။ ကိုပေါက်စလည်း စိတ်ညစ်ညစ်နဲ့ ဘာလုပ်ရမလဲ ထိုင်စဉ်းစားနေတုန်း သည်လူက စက်ဘီးတစီးနဲ့ ကိုပေါက်စရှေ့ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ချလာခဲ့တာပဲ။ – ကိုပေါက်စ တမင် ဆိုင်ကယ်ယူမလာခဲ့တာက မနေ့ညက မိုးကြီးသည်းသည်းရွာထားလို့ရယ်။ မိုးကြီးတဖြန်နှဖြန်ရွာပြီးသွားမှ မိုးအခါဝင်ကြောင်း […]

ပင့်သက်များ အခန်းဆက်ဝတ္ထုရှည်

ပင့်သက်များ အပိုင်း (၃)

“ပင့်သက်များ” ခခ အပိုင်း (၃) အခန်းထဲမှာ မီးမရှိဘူး။ မီးသီး၊ မီးခလုပ်၊ ပလပ်ပေါက်၊ ဘာတခုမှမရှိဘူး။ ညမှာ အခန်းအပြင်က မီးလုံးဆီက မဝင်ချင့် ဝင်ချင် ဝင်လာတဲ့ အလင်းရောင် ခပ်သဲ့သဲ့ကိုပဲ ကျမ ရတယ်။ ပိုးစုန်းကြူလောက်တောင် မလင်းတဲ့ အခန်းငယ်က အမှောင်ကြောက်တဲ့ ကျမအတွက် ထိတ်လန့်ဖွယ်ရာ အခြေအနေ။ ကျဉ်းမြောင်းတဲ့ နံရံလေးဘက်ထဲ အလင်းမရှိဘဲနေရင်း ကျမ အသက်ရှူလို့တောင် မဝချင်။ မှောင်မဲနေလို့ ခြင်တွေက […]

Short Stories

သံပုံးတလုံး၏ အတ္ထုပ္ပတ္တိ

‘သံပုံးတလုံး၏ အတ္ထုပ္ပတ္တိ’ မောင်သုည (ရှပ်ပုံသားလေး) ကျုပ်သား ဘယ်ငရဲလမ်းမှာ ရှိနေလဲ၊ ဘယ်လမ်းသရဲ၊ စုန်း၊ ကဝေတွေက ကျုပ်သားကို မြှူဆွယ်ပြုစားပြီး ဘယ်တောတောင်ကို မျက်လှည့်ပြသလို ဝှက်ခေါ်သွားကြသလဲ။ ဘယ်သူမှမရှိတဲ့ အဲဒီအမှောင်ထဲမှာ ကျုပ် နေမပျော်ပါဘူး၊ ကျုပ်ငြိမ်းချမ်းချင်တယ် ။ ***** ဒီသားတယောက်နဲ့ ပူရတဲ့အပူ ကျုပ်မှာ သူ သန္ဓေတည်ကတည်းက အပူအစပ်ဖန်ခါးကို ရှောင်ရတိမ်းရနဲ့ လမ်းလျှောက်ရင်တောင် ခလုတ်တိုက် လဲကျမှာ ကြောက်နေရတယ်။ ဟော အခု […]