
Short Stories
စစ်ပွဲ = စစ် + ပွဲ
“စစ်ပွဲ = စစ် + ပွဲ” မောင်မူ ၁။ စစ်ပွဲအကြောင်း ဝတ္ထုရေးဖို့ ဆုံးဖြတ်ပြီးတဲ့နောက် စာရေးဆရာက စစ်ပွဲကနေပြန်လာတဲ့ ရဲဘော်တယောက်ဆီကို ရောက်သွားတယ်။ အသားညိုညို ပိန်ပိန်ပါးပါးနဲ့ ရဲဘော်လေး၊ သူ့မျက်လုံးတွေက ခပ်ပြူးပြူးကိုမှ အပြုံးအရယ်မရှိတဲ့ မျက်နှာနဲ့။ မကြိုဆိုတဲ့ ခံစားချက်လို့ ပြောရမလား။ စာရေးဆရာက သူ စစ်ပွဲအကြောင်း ဝတ္ထုရေးဖို့အတွက် မေးမြန်းချင်တာလေးတွေရှိလို့ လာခဲ့တာပါဆိုတော့ “ကောင်းတာရယ်လို့ မရှိပါဘူး” တဲ့၊ တုံးတိတိအသံနဲ့ ဖြေတယ်။ […]