
သူမတူအကျဉ်းသား (အခန်း၁၃)
■ အခန်း(၁၃)ဘီဘီစီ နံရံသတင်းဌာန++++++++++++++++++အင်းစိန်ထောင်မှာလိုပဲ နေပြည်တော်ထောင်မှာလည်း ‘သတင်း’တွေက ပျံ့နှံ့လွယ်ပါတယ်။ ကျနော်တို့ရဲ့ နိုင်ငံရေးအကျဥ်းသားဝင်းထဲမှာတော့ ဒီသတင်းတွေကို “ဘီဘီစီ နံရံ သတင်းဌာန” (BBC Wall Service) က လာတယ်လို့ ဆိုလေ့ရှိတယ်။ သတင်းအပုဒ်တိုင်းကို ဖြစ်နိုင်၊ မဖြစ်နိုင် အမှတ်ပေးကြတယ်။ သတင်းရင်းမြစ်ကို အခြေခံပြီး ကောလာဟလလား၊ ဖြစ်နိုင်ခြေရှိတဲ့ သတင်းလား ဆိုတာ အမှတ်ပေးပြီး ခွဲကြတယ်။ ကောလာဟလကို ခွဲထုတ်ပစ်ဖို့က လိုအပ်ပါတယ်။ အများစုက ကောလာဟလတွေပါ။ […]