Flim Reviews

ရဟန်းတပါးနဲ့သေနတ်တလက်

‘ရဟန်းတပါးနဲ့သေနတ်တလက်’ ညီလင်းအိမ် အခုရုပ်ရှင်အကြောင်းကို မပြောခင် ကျနော်တို့ အရင်စပြောရမှာ‌တွေက အများကြီး ရှိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ယခုရုပ်ရှင်ကပေးတဲ့ ခံစားမှုအရသာစစ်စစ်ကို ထိတွေ့မိဖို့က နောက်ခံအကြောင်းတွေကို တူးဆွဖို့ အများကြီး လိုအပ်သေးတာကိုး ။ ဒီရုပ်ရှင်က ဘူတန်မှာ အခြေပြုရိုက်တာ ။ ရိုက်တဲ့ ဒါရိုက်တာကတော့ အိန္ဒိယနိုင်ငံသား ။ လူလတ်ပိုင်း လေးဆယ်အရွယ်ပဲ ရှိသေးပေမဲ့ ပွဲဦးထွက်ရုပ်ရှင်နဲ့တင် အကောင်းဆုံး နိုင်ငံရပ်ခြားအော်စကာဆန်ခါတင်အဖြစ် လျာခံထားခွင် ရခဲ့တဲ့သူ ။ […]

Flim Reviews

EISMAYER (2022)

‘EISMAYER (2022)’ ထွင် ရုပ်ရှင်ကလေးကတော့ ရိုးရိုးလေးပါပဲကွယ်။ ရိုးရိုးကလေးပေမယ့် ပြောချင်တာလေးတွေ ပေါ်လာလို့ ကိုယ် ဒီစာလေး ရေးမိတယ်။ ရုပ်ရှင်လေးက ဂေးအချစ် ရုပ်ရှင်ကလေး။ ဖြစ်ရပ်မှန်ကလေးကို ရိုက်ထားတာ။ သြစတေးလျ စစ်တပ်ထဲက ဂေးစစ်သားနှစ်ယောက်ရဲ့ အဖြစ်ကလေးမို့ စစ်ကားကလေးပေါ့။ စစ်ကားလေးဆိုပေမယ့် စစ်ပွဲတွေတော့ မပါဘူးရယ်။ ရုပ်ရှင်အမည်ဖြစ်တဲ့ EISMAYER ဆိုတာ ရုပ်ရှင်ထဲက ဇာတ်ကောင်ဖြစ်တဲ့ ချာလီ အက်စ်မေယာရဲ့ နာမည်ပေါ့။ ရုပ်ရှင်ထဲက ဂေးနှစ်ယောက်ဆိုတာ ချာလီ […]

Flim Reviews

ငါတို့ဦးခေါင်းထက်ပေါ်က အဝါရောင်နွေ

“ငါတို့ဦးခေါင်းထက်ပေါ်က အဝါရောင်နွေ” ညီလင်းအိမ် A Brighter Summer Day (1991) နဲ့ In The Heat Of The Sun (1994) ရုပ်ရှင်တို့ကို တရုတ်ပြည်က ခေတ်စနစ်အပြောင်းအရွှေ့ အချိုးအကွေ့များနောက်က လူငယ်များရဲ့ ဘဝပုံရိပ်များကို ကိုယ်စားပြုဖော်ပြကြတဲ့ ရုပ်ရှင်ဇာတ်လမ်းအဖြစ် ယှဉ်တွဲ‌ပြောဆိုလေ့ ရှိကြပါတယ်။ Edward Yang တို့လို ဒါရိုက်တာတွေ Jiang Wen တို့လို သရုပ် ဆောင် […]

Flim Reviews

နတ်သမီးဖွက်တဲ့အိပ်မက်

“နတ်သမီးဖွက်တဲ့အိပ်မက်” ညီလင်းအိမ် ကားကလေးနဲ့ အပြင်ကိုထွက်တော့ မိုးဖွဲတွေ စကျလာပြီ။ ထိုင်း-မလေး နယ်စပ်မှာရှိတဲ့ ဘန့်ဘလူးရဲ့ ရာသီဥတုက ဒီအတိုင်းပဲ။ တအားကြီး ပူတယ်လို့လည်းမရှိ။ အေးတယ်လို့လည်းမရှိ။ နည်းနည်းပူလာရင် မိုးတွေ ဝေါခနဲ ရွာချပေးတာမျိုး။ ဒီနယ်မြေကိုစောင့်တဲ့ နတ်ဘုရားဘာညာတွေက နယ်သူနယ်သားတွေအပေါ် မေတ္တာ ကရုဏာ အားကြီးလွန်းလို့လား မဆိုနိုင်။ ကားပေါ်မှာ ကျနော်နဲ့ ကျနော့်မိတ်ဆွေရယ်၊ အခြား အလည်လိုက်ချင်ကြတဲ့ ကောင်မလေး လေးငါးယောက်ရောနဲ့ အမိုးဖွင့် ဟိုင်းလပ်စ်ကားလေးပေါ်မှာ လူတွေ […]

Flim Reviews

ဘုရားအတုနဲ့ ဘဝအတုများ

“ဘုရားအတုနဲ့ ဘဝအတုများ” ညီလင်းအိမ် လူတယောက်က များမကြာမီအတွင်း ဘဝကြီးထဲက ထွက်ခွာရတော့မည်ဆိုတာကို မုချသိလိုက်ရရင် ဘာတွေ လုပ်ကြမလဲ။ ကူရိုဆာဝါးလက်ရာ ရုပ်ရှင်ထဲမှာတော့ အဲဒီလူကြီးက နှင်းတောကြီးထဲက ခုံကလေးပေါ်မှာပဲ ခလေးလေးတယောက်ရဲ့ ပုံပန်းလို သီချင်းလေးတွေ ညည်းရင်း ဒန်းစီးခဲ့တာတဲ့။ တချို့သူတွေကတော့ ဘဝကူးကောင်းအောင်ဆိုပြီး ယုံကြည်ရာ ဘာသာတရားတခုခုကို လုပ်ကောင်းလုပ်နေမှာပေါ့။ တချို့ ငွေကြေးတတ်နိုင်တဲ့သူကတော့ ခေတ်မီဆေးစွမ်းတွေ ကုသနည်းအဖုံဖုံတွေကို ရယူပြီး အသက်ဆက်ခွင့် ရဦးမလား စလို့ ကြိုးပမ်းကောင်း ကြိုးပမ်းနေကြမှာပေါ့။ […]

Flim Reviews

ညောင်ပင်ရိပ်‌အောက်က ဓားမနောက်ပိတ်ခွေ

“ညောင်ပင်ရိပ်‌အောက်က ဓားမနောက်ပိတ်ခွေ “ညီလင်းအိမ်ဓားမနောက်ပိတ်ခွေ (ခွေး)၊ စိန်နားကပ်ရောင်နဲ့ပါးပြောင်၊ အသားထဲက လောက်ထွက် စတဲ့ စကားပုံတွေဟာ အခွင့်အာဏာရှိသူနဲ့ ပူးပေါင်းပြီး သူတို့အလိုကျ မှားတယ် မှန်တယ် မသိ၊ လိုက်ပါလုပ်ဆောင်တဲ့သူတွေ၊ အဲဒီလိုလုပ်နေရင်း အာဏာရှင်ကြောင့် ပျက်စီးပိပြားနေတဲ့ တိုင်းပြည်မှာ လူမွေးလူတောင် ပြောင်ယောင်နေတာကို နာမ်နှိမ်ပြီး ခိုင်းနှိုင်းတဲ့ စကားပုံတွေ ဖြစ်ကြတယ်။ ယခု ညွှန်းဆိုချင်တဲ့ အီရန်ရုပ်ရှင် ဇာတ်ကြောင်းဟာလည်း ဓားမနောက်ပိတ်ခွေး လူတယောက်နဲ့ သူ့ရဲ့မိသားစု အဖြစ်အပျက်ကို ရိုက်ပြတဲ့ […]

Flim Reviews

ပူရှိန်းသကြားလုံး ရုပ်ရှင်

“ပူရှိန်းသကြားလုံး ရုပ်ရှင်” ညီလင်းအိမ် သူဟာ ဘဝတခုလုံး ဒလိမ့်တုံးတလုံးလိုသာ ဖြတ်သန်းသွားရတယ်။ သေသာသွားရော ပူရှိန်းသကြားလုံးကလေးရဲ့ အရသာကို ပြည့်ပြည့်ဝဝ ခံစားခဲ့ရတယ် မထင်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~ လူသားတယောက်ရဲ့ ဘဝအတ္ထုပ္ပတ္တိ သမိုင်းစာမျက်နှာတွေကို ဘယ်အရာတွေက စီရင်ရေးသားလိုက်သလဲ။ ရှေးဘဝက ပြုခဲ့သမျှသော တုံ့တင်ပြုမူခဲ့မှုများရဲ့ စီရင်ချက်တွေကနေလား။ ဘုရားရှင်များရဲ့ မျက်နှာသာပေးမှုတွေကနေလား။ မိမိကျင်လည်ရာ ပတ်ဝန်းကျင်ကနေလား။ သင်ကြားလာခဲ့ရတဲ့ ပညာရေး တွေးခေါ်မြော်မြင်မှုတွေကနေလား။ ကျနော်ကတော့ သူဖြတ်သန်းခဲ့ရတဲ့ ခေတ်ကြီးကပဲ စီရင်ချက်ချသွားတယ်လို့ မှတ်ချက်ပြုမိလိုက်ပါတယ်။ […]

Flim Reviews

အဖွားတွေကိုလွမ်းစေတဲ့ ရုပ်ရှင်

ညီလင်းအိမ် အသက် ၈၀ ပျှမ်းမျှအရွယ် အဘွားအိုတယောက်ရဲ့ မိသားစု ဘဝသိုက်မြုံကို အခြေခံပြီးရိုက်ပြတဲ့ ထိုင်းရုပ်ရှင်ကို ကြည့်ရတော့ ကျနော့်မှာ မျက်ရည်ဝဲရုံတင်မကဘဲ ငိုချမိတဲ့အထိ ဖြစ်သွားရပါတယ်။ ဘာလို့လဲဆိုတော့ ကျနော့်ဘဝ သုံးပုံနှစ်ပုံနီးပါးက အဖိုးနဲ့အဖွားအရိပ်အောက်မှာ ကြီးပြင်းခဲ့ရလို့ပါ။ ကျနော် လသားအရွယ်မှာတင် အဖေဖြစ်သူက ဆုံးပါးသွားတာမို့ မုဆိုးမဖြစ်သွားရတဲ့ အမေ့ကို အဖိုးနဲ့အဖွားက ပြန်ခေါ်ရာကနေ ကျနော်ဟာ အဖိုးအဖွားအရိပ်မှာ ကြီးပြင်းခဲ့ရတယ် ဆိုပါတော့။ အဲဒီလို နေထိုင်ရမှုက ကျနော့်အတွက် ကံကောင်းမှုတရပ်လို့ […]

Flim Reviews

တတိယကမ္ဘာစစ်ထဲကလူ

ညီလင်းအိမ် သူ့ကို ကြည့်ပါဦး လို့ပြောပြီး ခင်ဗျားကို ထပ်မံ အကဲဖြတ်ခိုင်းမယ်။ တယောက်ယောက်နဲ့ တူလား ဆိုပါစို့ သူ့ကို ဟစ်တလာနေရာကို သရုပ်ဆောင် ထည့်ခိုင်းမယ်ဗျာ ဆိုပြီး ထပ်ပြောရင်ကော မတူဘူး ထင်တယ်နော်လို့ပဲ ပြောကြမယ် ထင်ပါရဲ့။ သာမန် လူလတ်အရွယ် ပုံပန်းသာရှိပြီး နှုတ်ခမ်းမွှေးစစနဲ့ သူ့သွင်ပြင်က ဘဝထဲကပေးလိုက်တဲ့ အနိမ့်အမြင့်တွေကြောင့်ဖြစ်မယ်။ ပိုလို့ အိုစာနေပုံပေါက်တယ်။ သူ့လို ဖြစ်ရပ်မျိုးကလည်း ထပ်တူကြုံရသူတိုင်း ရှိရင်းစွဲထက် အိုမင်းရင့်လျော်သွားမယ်။ ဒါမှမဟုတ် […]

No Picture
Flim Reviews

ဖူးချန်တောင်နားက အိမ်ရာတွေ

ညီလင်းအိမ် ဒီရုပ်ရှင်ကို ကြည့်ရတော့ ကျနော် အတော်လေးကို ထိတ်လန့်ရပါတယ်။ ထိတ်လန့်ရတဲ့ အကြောင်းရင်းကတော့ ရုပ်ရှင်က ရုပ်ရှင်နဲ့ မတူလို့ပါဘဲ။ ကြည့်နေရင်းနဲ့ ကျနော်ဟာ အတွေးတွေ တသီကြီးဖြစ်လို့နေပါတယ်။ အနုပညာမြောက် ပုံဖော်မှုဆိုတာမှာ ဘာတွေကို မျှော်ကြည့်ဖို့ လိုအပ်သလဲ။ ရင့်ကျက်မှုရှိမယ့် ဘဝဖြတ်သန်းမှု လိုသလား။ အကယ်ဒမစ်ကျကျ တည်ဆောက်တတ်ဖို့ ပညာရပ်ဆိုင်ရာတွေရော လိုအပ်သလား။ ဒီလိုတွေ တွေးမိနေချိန်မှာ လမ်းပျောက် ထိတ်လန့်ရပါတယ်။ ကျနော်တို့ဆီမှာ အလွှာပေါင်းများစွာ ခြားနားတဲ့ နိမ့်ပါးတဲ့ […]