Flim Reviews

ငရဲခန်း၌ သင်္ဂြိုလ်ခြင်း

“ငရဲခန်း၌ သင်္ဂြိုလ်ခြင်း” ညီလင်းအိမ် Saul ဆိုတဲ့ ဂျူး ဟန်ဂေးရီးယန်း ကပြား အမျိုးသားကြီးက ဟိုတလောရက်တွေမှာ အော့ဇ၀ပ်ဇ်လို အကျဥ်းစခန်းမှာ ဘယ်လိုများ ကျော်ဖြတ်လာသလဲမသိ။ အချိန်က သိတဲ့အတိုင်း နာဇီတွေရဲ့ သြဇာဆီမီး တောက်နေတဲ့ ကာလပဲကို။ အော့ဇ၀ပ်ဇ် အကျဥ်းစခန်းဆိုတာ ဂျူးတွေကို နှိပ်စက်သတ်ဖြတ်တဲ့နေရာမှာ အင်မတန်မှ နာမည်ကြီးတဲ့ နေရာတခုပဲ။ သိန်းပေါင်းများစွာသော ဖမ်းဆီးခံ ဂျူးမိသားစုတွေ အကျဥ်းသားတွေကို မီးရထားတွေနဲ့ဖြစ်ဖြစ်၊ ကားတွေနဲ့ဖြစ်ဖြစ် သယ်လာကြတယ်။ ဒီစခန်းရောက်ပြီဆိုတာနဲ့ Read More

Flim Reviews

Prayers For Bobby (2009)

‘Prayers For Bobby (2009)’ ထွင် ချစ်သား ဘော်ဘီ … အခုနေ ဘာများ လုပ်နေသလဲကွယ်။ ပိုလန်နိုင်ငံဆီ သားရဲ့ စိတ်အခြေအနေကို ကုတဲ့သဘောနဲ့ ခဏအပန်းဖြေသွားတာ အဆင်များပြေရဲ့လား။ ပိုလန်က သားရဲ့ညီမဝမ်းကွဲကရော သားအပေါ် ကောင်းကောင်းမွန် မွန် ဆက်ဆံရဲ့လား။ မေမေကတော့ သားရဲ့အခြေအနေ ကောင်းမွန်လာတာကိုပဲ မြင်ချင်တယ်ကွယ်။ သားဆီက သတင်းကောင်းကြားရဖို့ မေမေ စောင့်မျှော်နေမယ်ကွယ်။ ဒီလိုမှမဟုတ်ဘဲ သားသဘောအတိုင်း လုပ်ချင်ရာတွေတော့ လုပ်မနေလောက်ပါဘူးနော်။ Read More

Flim Reviews

အရာအားလုံးကို ချန်ထားရစ်ပြီးတဲ့နောက်

“အရာအားလုံးကို ချန်ထားရစ်ပြီးတဲ့နောက်” ညီလင်းအိမ် မေမေက အခွေတွေအားလုံး အမှိုက်ပုံးထဲကို ထည့်လိုက်တော့မည်ဟု ပြောတော့ ကျနော့်စိတ်ထဲမှာ ထင့်ခနဲ ဖြစ်သွားသည်။ မနေ့တုန်းကတော့ ကျနော်ကပဲ စိတ်လိုလက်ရနှင့် အမေရေ အဲဒီအခွေတွေရော စာအုပ်တွေရော လွှင့်ပစ်လိုက်တော့ဟု ပြောဖြစ်ခဲ့သည်။ ယခုတော့ ကျနော့်မှာ ကြည်ကြည်ဖြူဖြူ ဖြစ်မသွား။ အိမ်အောက်က အခန်းကလေးထဲကို ပြေးသွားမိသည်။ လွန်ခဲ့သော ရှစ်နှစ် ကိုးနှစ်လောက်က စုဆောင်းထားခဲ့သော DVD အချပ်တွေမှာ အခန်းထဲတွင် အထပ်လိုက်။ ရှိစုမဲ့စု Read More

Flim Reviews

ရုပ်ရှင်မဟုတ်သော ရုပ်ရှင်များ

“ရုပ်ရှင်မဟုတ်သော ရုပ်ရှင်များ” ညီလင်းအိမ် ဖြစ်ရပ်မှန်ကို ပြန်ရိုက်တဲ့ ယခုရုပ်ရှင်ကို ကြည့်ရတော့ ထုံးစံအတိုင်း ရင်နင့်စရာတွေ တပုံကြီး ကျန်ခဲ့ရတာပဲ။ ဒီရုပ်ရှင်က ၂၀၀၂ ခုနှစ်၊ ပါကစ္စတန်နိုင်ငံက Karachi မြို့တော်မှာ အစွန်းရောက် အစ္စလာမ်မစ်တွေရဲ့ ပြန်ပေးဆွဲခံရတဲ့ အမေရိကန် သတင်းထောက်တယောက်အကြောင်းကို ပြန်ရိုက်ထားတဲ့ ရုပ်ရှင်။ မင်းသမီး အိန်ဂျလီနာ ဂျိုလီက ပြန်ပေးဆွဲခံရတဲ့ သတင်းထောက်ဖြစ်သူရဲ့ ဇနီးသည်အဖြစ် သရုပ်ဆောင်ထားတယ်။ ရုပ်ရှင်က တကယ့်ဖြစ်ရပ်မှန်ကို ပြန်ရိုက်တာဆိုတော့ ကြည့်ချင်စရာ Read More

Flim Reviews

မိစ္ဆာမရှိတဲ့ တိုင်းပြည်

“မိစ္ဆာမရှိတဲ့ တိုင်းပြည်” ညီလင်းအိမ် အီရန်ဒါရိုက်တာ Mohammad Rasoulof ရဲ့ ရုပ်ရှင်တွေတိုင်းဟာ အီရန် အာဏာရှင်အစိုးရရဲ့ ဖိနှိပ်မှုတွေ၊ ယင်းဖိနှိပ် မှုတွေတဆင့်ကနေမှ ထပ်မံရိုက်ခတ်ခံရတဲ့ နောက်ပါ လူ့အဖွဲ့အစည်းများထဲက အဖြစ်သနစ်တွေကို ဖော်ပြတာမျိုးဖြစ်တယ်။ သူ့ရုပ်ရှင်တွေထဲက ဇာတ်ကောင်တွေဟာ အများအားဖြင့် အီရန်အာဏာပိုင်တွေရဲ့ လက်ကိုင်တုတ် ဇာတ်ရုပ်များအဖြစ် တွေ့ရပြီး သူတို့တွေကတ‌ဆင့် အီရန်၏ ပျက်စီးယိုယွင်းနေသော တရားဥပဒေစနစ်တွေနဲ့ ယင်းအခြေအနေများနဲ့ ပတ်သက်မှုကို မေးခွန်းထုတ်စေတဲ့ ဇာတ်လမ်းကြောင်းတွေ ဖြစ်ပါတယ်။ ယခု Read More

Flim Reviews

ရဟန်းတပါးနဲ့သေနတ်တလက်

‘ရဟန်းတပါးနဲ့သေနတ်တလက်’ ညီလင်းအိမ် အခုရုပ်ရှင်အကြောင်းကို မပြောခင် ကျနော်တို့ အရင်စပြောရမှာ‌တွေက အများကြီး ရှိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ယခုရုပ်ရှင်ကပေးတဲ့ ခံစားမှုအရသာစစ်စစ်ကို ထိတွေ့မိဖို့က နောက်ခံအကြောင်းတွေကို တူးဆွဖို့ အများကြီး လိုအပ်သေးတာကိုး ။ ဒီရုပ်ရှင်က ဘူတန်မှာ အခြေပြုရိုက်တာ ။ ရိုက်တဲ့ ဒါရိုက်တာကတော့ အိန္ဒိယနိုင်ငံသား ။ လူလတ်ပိုင်း လေးဆယ်အရွယ်ပဲ ရှိသေးပေမဲ့ ပွဲဦးထွက်ရုပ်ရှင်နဲ့တင် အကောင်းဆုံး နိုင်ငံရပ်ခြားအော်စကာဆန်ခါတင်အဖြစ် လျာခံထားခွင် ရခဲ့တဲ့သူ ။ Read More

Flim Reviews

EISMAYER (2022)

‘EISMAYER (2022)’ ထွင် ရုပ်ရှင်ကလေးကတော့ ရိုးရိုးလေးပါပဲကွယ်။ ရိုးရိုးကလေးပေမယ့် ပြောချင်တာလေးတွေ ပေါ်လာလို့ ကိုယ် ဒီစာလေး ရေးမိတယ်။ ရုပ်ရှင်လေးက ဂေးအချစ် ရုပ်ရှင်ကလေး။ ဖြစ်ရပ်မှန်ကလေးကို ရိုက်ထားတာ။ သြစတေးလျ စစ်တပ်ထဲက ဂေးစစ်သားနှစ်ယောက်ရဲ့ အဖြစ်ကလေးမို့ စစ်ကားကလေးပေါ့။ စစ်ကားလေးဆိုပေမယ့် စစ်ပွဲတွေတော့ မပါဘူးရယ်။ ရုပ်ရှင်အမည်ဖြစ်တဲ့ EISMAYER ဆိုတာ ရုပ်ရှင်ထဲက ဇာတ်ကောင်ဖြစ်တဲ့ ချာလီ အက်စ်မေယာရဲ့ နာမည်ပေါ့။ ရုပ်ရှင်ထဲက ဂေးနှစ်ယောက်ဆိုတာ ချာလီ Read More

Flim Reviews

ငါတို့ဦးခေါင်းထက်ပေါ်က အဝါရောင်နွေ

“ငါတို့ဦးခေါင်းထက်ပေါ်က အဝါရောင်နွေ” ညီလင်းအိမ် A Brighter Summer Day (1991) နဲ့ In The Heat Of The Sun (1994) ရုပ်ရှင်တို့ကို တရုတ်ပြည်က ခေတ်စနစ်အပြောင်းအရွှေ့ အချိုးအကွေ့များနောက်က လူငယ်များရဲ့ ဘဝပုံရိပ်များကို ကိုယ်စားပြုဖော်ပြကြတဲ့ ရုပ်ရှင်ဇာတ်လမ်းအဖြစ် ယှဉ်တွဲ‌ပြောဆိုလေ့ ရှိကြပါတယ်။ Edward Yang တို့လို ဒါရိုက်တာတွေ Jiang Wen တို့လို သရုပ် ဆောင် Read More

Flim Reviews

နတ်သမီးဖွက်တဲ့အိပ်မက်

“နတ်သမီးဖွက်တဲ့အိပ်မက်” ညီလင်းအိမ် ကားကလေးနဲ့ အပြင်ကိုထွက်တော့ မိုးဖွဲတွေ စကျလာပြီ။ ထိုင်း-မလေး နယ်စပ်မှာရှိတဲ့ ဘန့်ဘလူးရဲ့ ရာသီဥတုက ဒီအတိုင်းပဲ။ တအားကြီး ပူတယ်လို့လည်းမရှိ။ အေးတယ်လို့လည်းမရှိ။ နည်းနည်းပူလာရင် မိုးတွေ ဝေါခနဲ ရွာချပေးတာမျိုး။ ဒီနယ်မြေကိုစောင့်တဲ့ နတ်ဘုရားဘာညာတွေက နယ်သူနယ်သားတွေအပေါ် မေတ္တာ ကရုဏာ အားကြီးလွန်းလို့လား မဆိုနိုင်။ ကားပေါ်မှာ ကျနော်နဲ့ ကျနော့်မိတ်ဆွေရယ်၊ အခြား အလည်လိုက်ချင်ကြတဲ့ ကောင်မလေး လေးငါးယောက်ရောနဲ့ အမိုးဖွင့် ဟိုင်းလပ်စ်ကားလေးပေါ်မှာ လူတွေ Read More

Flim Reviews

ဘုရားအတုနဲ့ ဘဝအတုများ

“ဘုရားအတုနဲ့ ဘဝအတုများ” ညီလင်းအိမ် လူတယောက်က များမကြာမီအတွင်း ဘဝကြီးထဲက ထွက်ခွာရတော့မည်ဆိုတာကို မုချသိလိုက်ရရင် ဘာတွေ လုပ်ကြမလဲ။ ကူရိုဆာဝါးလက်ရာ ရုပ်ရှင်ထဲမှာတော့ အဲဒီလူကြီးက နှင်းတောကြီးထဲက ခုံကလေးပေါ်မှာပဲ ခလေးလေးတယောက်ရဲ့ ပုံပန်းလို သီချင်းလေးတွေ ညည်းရင်း ဒန်းစီးခဲ့တာတဲ့။ တချို့သူတွေကတော့ ဘဝကူးကောင်းအောင်ဆိုပြီး ယုံကြည်ရာ ဘာသာတရားတခုခုကို လုပ်ကောင်းလုပ်နေမှာပေါ့။ တချို့ ငွေကြေးတတ်နိုင်တဲ့သူကတော့ ခေတ်မီဆေးစွမ်းတွေ ကုသနည်းအဖုံဖုံတွေကို ရယူပြီး အသက်ဆက်ခွင့် ရဦးမလား စလို့ ကြိုးပမ်းကောင်း ကြိုးပမ်းနေကြမှာပေါ့။ Read More