categories

ကိုပေါက်စီနဲ့ အမှောင်ခေတ် မြို့ပြ ဒိုင်ယာရီ (၃)

‘ကိုပေါက်စီနဲ့ အမှောင်ခေတ် မြို့ပြ ဒိုင်ယာရီ (၃)’ ညီမင်းဆက် ‘ကိုပေါက်စီရယ် ငါ့ကို ကူညီပါဦး’ ညကြီး ၉ နာရီလောက် တယ်လီဖုန်းဝင်လာလို့ ကိုင်လိုက်မိတုန်း ငိုသံကြီးနဲ့ပြောလာတဲ့ ဘွားအုန်းမြင့်ရဲ့အသံကို ပေါက်စီ ကြားလိုက်ရတယ်။ ‘ဘာဖြစ်လို့လဲ ဘွားအုန်းမြင့် ပြောပါဦး’ ‘ပြီးရင် ပြောပြမယ် အခုငါလာခဲ့မယ် ငါနဲ့ ခဏလိုက်ခဲ့ပေးပါဦး’ ပြောပြီး ဘွားအုန်းမြင့် ဖုန်းချသွားတော့ ညဝတ်အင်္ကျီပေါ် အပေါ်ဝတ်လေး ထပ်ဝတ်ပြီး ဘာများဖြစ်လို့ပါလဲလို့ ကို ပေါက်စီ […]
ဆောင်းပါး

နိုင်ငံရေး အခြေပြုလား အကျိုးစီးပွား အခြေပြုလား

‘နိုင်ငံရေး အခြေပြုလား အကျိုးစီးပွား အခြေပြုလား’ ဆူးနတ်သန် လူထုကို ဖိနှိပ်အုပ်စိုး ခြယ်လှယ် ယုတ်မာနေတဲ့ စစ်ကောင်စီက လုပ်မည့် ရွေးကောက်ပွဲဟာ မေးခွန်းပေါင်းများစွာအတွက် အဖြေပေးဖို့လိုအပ်နေပါတယ်။ စစ်ကောင်စီနဲ့ ပလဲပနံသင့်တဲ့ လူအုပ်စုသာပါဝင်တဲ့ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ခံ အမတ်တွေဟာ နိုင်ငံရေး နိုင်ငံ့အရေးထက် မိမိတကိုယ်စာ လက်ဝေခံကောင်းစားချင်တဲ့ ဆန္ဒာဂတိ အဂတိများစွာနဲ့ ပါဝင်ရွေးကောက်ခံနေလား သုံးသပ်ကြရမှာပါ။ ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီ၊ ဒေါ်သက်သက်ခိုင်လို နိုင်ငံရေး ဏဂန်းနားမလည်သူတွေ တရုတ်ရဲ့ခေါင်းဆောင် ဖြစ်ဖူးသူ […]
သတင်းသုံးသပ်ချက်ဆောင်းပါး

မေးခွန်း ၂ ခုကို အဖြေရှာ

“မေးခွန်း ၂ ခုကို အဖြေရှာ” – သတင်းသုံးသပ်ချက်​ဆောင်းပါး – ■ ​ကျော်​​ဇောခိုင် နေ့စဥ်ထွက်ပေါ်လာတဲ့ စစ်သတင်းတွေအရ စစ်တပ်ဟာ တနိုင်ငံလုံး ပြည်နယ်နဲ့တိုင်းတွေအားလုံးမှာ စစ်ဆင်ရေးတွေလုပ်နေ၊ လုပ်ဖို့ ကြိုးစားနေတယ်။ ကျူံပျော်မှာ စစ်ကြောင်းထိုးဖို့ အမိန့်ပေးတာ မလိုက်နာတဲ့ တပ်ရင်းမှူးကို ဖမ်းဆီးထားတယ်လို့ ဆိုတဲ့အတွက် ဧရာဝတီတိုင်းလို စစ်မက်အငြိမ်သက်ဆုံးလို့ ပြောလို့ရတဲ့ နေရာမှာတောင်မှ စစ်ကို အနားပေးမထားတာ တွေ့နိုင်တယ်။ စစ်တပ် အဓိကပြန်တိုက်နေတဲ့ နေရာတွေက ရခိုင် […]
categories

ကိုပေါက်စီနဲ့ အမှောင်ခေတ် မြို့ပြ ဒိုင်ယာရီ (၂)

‘ကိုပေါက်စီနဲ့ အမှောင်ခေတ် မြို့ပြ ဒိုင်ယာရီ (၂)’ ညီမင်းဆက် အဲဒီတခေါက်ဆုံဖြစ်ကြတော့ ကိုပေါက်စီတို့တတွေ အရင်လို ပေါ့ပေါ့ပါးပါး ရယ်စရာတွေပြောတာ နည်းသွားကြတယ်။ အဲဒီအစား အဆင်‌မပြေမှုတွေ များလာတဲ့အကြောင်း ပိုပြောဖြစ်ကြတယ်။ ကိုပေါက်စီတို့တတွေ ဆိုတာက ကိုပေါက်စီရယ်၊ စာရေးဆရာရယ်၊ ဘာသာပြန်ဆရာရယ်၊ အယ်ဒီတာ(ဟောင်း)ရယ် တို့ပါပဲ။ တကယ်တမ်းတော့ ကိုပေါက်စီတို့တတွေဟာ စာရေးဆရာ၊ ဘာသာပြန်ဆရာ၊ သတင်းသမား၊ အယ်ဒီတာ စတဲ့ ပရော်ဖက်ရှင်နယ်ဘဝကို တလျှောက်လုံး စွဲကိုင်ရပ်တည်လာခဲ့ကြသူတွေပါပဲ။ တခြားအလုပ်အကိုင်လည်း မယ်မယ်ရရမရှိ၊ […]
ဘာသာပြန်ဆောင်းပါး

တရုတ်လောဘကြောင့်ပျက်စီးသွားတဲ့ အ‌​ရှေ့​တောင်အာရှ – ၁

‘တရုတ်လောဘကြောင့်ပျက်စီးသွားတဲ့ အ‌​ရှေ့​တောင်အာရှ – ၁’ ဘုန်းမောင် အ‌ရှေ့တောင်အာရှရဲ့စိမ်းလန်းတဲ့ တောတောင်တွေ၊ မြေဆီလွှာကြွယ်ဝတဲ့ကွင်းပြင်တွေတည်ရှိရာ မြို့ရွာတွေကို ဖြတ်သန်းစီးဆင်းနေတဲ့မဲခေါင်မြစ်ဟာ လူသန်းပေါင်းများစွာ အသက်မွေးဝမ်းကျောင်းပြုရာ‌ ဒေသတခု လည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း အပေါ်ယံမျက်နှာပြင်တွေရဲ့အောက်မှာတော့ တမြည့်မြည့်လောင်ကျွမ်းနေတဲ့‌ ဝေဒနာတခုဖြစ်တည်နေပြီး အဲ့ဒီ‌ဝေဒနာကလည်း တဖြည်းဖြည်း ကြီးထွားလာနေပါတယ်။ တရုတ် နိုင်ငံရဲ့စွမ်းအင်နဲ့ မြေရှားသတ္တုလိုအပ်ချက် ကြီးမားလာနေတာကြောင့် ဒေသတွင်းကမြေယာတွေနဲ့ ‌ရေအ ရင်းအမြစ်တွေ ပျက်စီးနေပြီလို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌ရေးအုပ်စုတွေက ဆိုပါတယ်။ မဲခေါင်မြစ်ဝှမ်းတလျှောက်မှာရှိနေတဲ့ ဆည်ကြီးတွေနဲ့ မြန်မာနိုင်ငံရဲ့စည်းမရှိကမ်းမရှိ […]
သတင်းသုံးသပ်ချက်ဆောင်းပါး

သမိုင်း‌ဟောင်းကို ပြောင်းလဲဖို့

⁨”သမိုင်း‌ဟောင်းကို ပြောင်းလဲဖို့” – သတင်းသုံးသပ်ချက်​ဆောင်းပါး – ■ ​ကျော်​​ဇောခိုင် သြဂုတ် ၁၃ ရက်နေ့ရက်စွဲနဲ့ နိုင်ငံလုံးဆိုင်ရာ တော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (Nationwide Revolutionary Alliance – NRA) ကို ဖွဲ့စည်းတည်ထောင်တယ်လို့ ကြေညာချက်တခု ထုတ်ပြန်လာတာ တွေ့ရတယ်။ ‘NRA’ ကြေညာချက်တွေမှာ တွေ့ရတတ်တဲ့အတိုင်း ရည်မှန်းချက်တွေ မူဝါဒတွေ ပါရှိပေမယ့် အဓိက ဖွဲ့စည်းရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ပြန့်ကျဲနေတဲ့ တော်လှန်ရေးအင်အားစုတွေကို စုစည်းပြီး […]
ဆောင်းပါး

မတရားမှု‌တွေ ပပျောက်တဲ့အထိ တော်လှန်ရမယ်

‘မတရားမှု‌တွေ ပပျောက်တဲ့အထိ တော်လှန်ရမယ်’ မအိ (ရေကြည်) တော်လှန်တယ်ဆိုတာ မတရားမှုတွေကို ဆန့်ကျင်ခြင်းပဲ။ မတရားမှုတွေကို ကိုယ်ရှိ‌တဲ့နေရာ ရောက်ရာအရပ်ကနေ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက် တော်လှန်ဖို့ ကောင်းမွန်တဲ့ ကမ္ဘာကြီးကို မျှော်လင့်သူတိုင်းမှာ တာဝန်ရှိပါတယ်။ လက်ရှိ ကျမတို့ ဒီနွေဦး‌ တော်လှန်ရေးမှာ ပါဝင်နေကြတဲ့ အဓိက ရည်ရွယ်ချက်က နောင်လာနောက်သားတွေ ကိုယ်တွေလို ဖိနှိပ်မခံရအောင်၊ မတရား စိုးမိုး‌ဗိုလ်ကျမခံရအောင်၊ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ အပြည့်အဝရအောင် ကိုယ့်အလှည့်မှာ ကိုယ်ရှိတဲ့နေရာ […]
categories

ကိုပေါက်စီနဲ့ အမှောင်ခေတ် မြို့ပြ ဒိုင်ယာရီ (၁)

‘ကိုပေါက်စီနဲ့ အမှောင်ခေတ် မြို့ပြ ဒိုင်ယာရီ (၁)’ ညီမင်းဆက် အဲဒီနေ့ရက်တွေထဲ မြို့မှာ ကိုပေါက်စီ စက်ဘီးကို တွင်တွင်နင်းပြီး လျှောက်သွားနေဖြစ်ခဲ့တယ်။ အဲဒီနေ့ရက်တွေ ဆိုတာ စစ်အာဏာသိမ်းမှုအလွန် မြို့ကြီးထဲက ကပေါက်တိကပေါက်ချာ နေ့ရက်တွေပေါ့။ မြို့ဟာ မြို့လို မဟုတ်တော့ဘူး။ မြို့ဟာ အဲဒီနေ့ရက်တွေထဲ မြစ်လိုပဲ။ အကွေ့အကောက်တွေများလွန်းတယ်။ မြို့သားတွေ ကိုယ်တိုင်လည်း မြို့ဟာ မြို့လား ၊ မြို့ဟာ မြစ်လား သေချာဂဏ မကွဲပြားကြဘူး။ ပြီးတော့ […]
သတင်းသုံးသပ်ချက်ဆောင်းပါး

ဆောင်းအမီ

⁩ ⁨”ဆောင်းအမီ” – သတင်းသုံးသပ်ချက်​ဆောင်းပါး – ■ ​ကျော်​​ဇောခိုင် စကစက ကာလုံကို အာဏာပြန်လွှဲပေးပြီးတဲ့ ပြီးခဲ့တဲ့လ ဇူလိုင် ၃၁ ရက် ညပိုင်းမှာ မြို့နယ်ပေါင်း ၆၃ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာသွားခဲ့တာ တွေ့ရတယ်။ တော်လှန်ရေးဘက်ကတပ်တွေ ထိန်းချုပ်ထားတဲ့ မြို့ ၉၀ ကျော်မှာ ၆၃ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာသွားတာဖြစ်လို့ စစ်တပ်ဘက်က ပိုပြီး တင်းတင်းကျပ်ကျပ် ကိုင်တွယ်ရမယ့်နေရာတွေ ဖြစ်တယ်လို့ […]
ဆောင်းပါး

မင်းအောင်လှိုင်လက်သစ်ကလေးများ မဖြစ်စေလို

‘မင်းအောင်လှိုင်လက်သစ်ကလေးများ မဖြစ်စေလို’ ထွင် ကျွန်ုပ်လို တော်လှန်စားဖိုမှူးတယောက်အနေနှင့် မိခင်တပ်ရင်းမှ မီးဖိုချောင်ထဲမှာသာ အနေများသဖြင့် လမ်းပြင်လမ်းဘက် သိပ်မထွက်ဖြစ်ပါ။ သည့်ကြောင့် လမ်းမပေါ်မှ အခြေအနေများကို တွေ့မြင်ရဖို့ ခဲယဥ်းပါသည်။ လမ်းမပေါ်မှ အခြေအနေဆိုသည်မှာ လမ်းသွားလမ်းလာများအပေါ် ဆက်ကြေးကောက်သော စစ်ခွေးဂိတ်များနှင့် ပီဒီအက်ဖ်ဂိတ်များကိုလည်း ဆိုလိုပါသည်။ ယခုတလော ဆက်ကြေးကောက် စစ်ခွေးဂိတ်နှင့် ပီဒီအက်ဖ်များအကြောင်း အွန်လိုင်းပေါ်တွင် လူပြောများလျက် ရှိသည်ကို ဖေ့ဘုတ်တွင် တွေ့နေရသည်။ အဓိကအနေနှင့် ပီဒီအက်ဖ်များက မတန်မဆ တိုးကောက်လွန်းသည်ဆိုပြီး […]