ကဗျာ

စစ်ပွဲတွေပြီးရင်

‘စစ်ပွဲတွေပြီးရင်’ ယောနသံ ရဲဘော်လေးရဲ့အလောင်း မြေချအပြီး ဘုန်းတော်ကြီးက ပြောတယ် “စစ်ပွဲတွေဖြစ်ရင် … ယောက်ျားတွေက သေစေနိုင်မယ့် ရွေးချယ်မူတွေကိုပြုကြပြီး မိန်းမတွေကတော့ အသက်ရှင်သန်ဖို့ နည်းလမ်းတွေကိုပဲ တွေးပူကြသတဲ့”။ လမ်းဘေးမှာ မူးလဲ‌နေတဲ့ အမူးသမားတစ်ယောက်က ပြောတယ် “စစ်ပွဲတွေ ပြီးသွားရင်… ယောက်ျား‌တွေအတွက် ကဗျာတွေ ကျန်ရစ်ခဲ့ပြီး အမျိုးသမီးတွေအတွက်တော့ အိပ်မက်ဆိုးတွေ ကျန်ခဲ့လိမ့်မယ်..” တဲ့ ။ ဈေးထဲက ချိုင်းထောက်နဲ့ အရူးတစ်ယောက် တွေ့ရာလူ လိုက်ပြော‌နေတယ်… “စစ်ပွဲတွေက […]

ကဗျာ

လူမည်ကာမည်ယုံမျှ

“လူမည်ကာမည်ယုံမျှ” ခွန်းနီ ကိုယ့်တစ်ကိုယ်စာလုံဖို့ထက် တပြည်လုံးစာလုံဖို့အရေး ဘယ်အမိုးနဲ့ကာရမလဲ… အသက်တွေလား… သွေးတွေလား… ဒုက္ခဆိုတာလူထုရဲ့ ယိုပေါက်ကြီးတစ်ခုဗျ အမျိုးမျိုးသောမီးတွေနဲ့ လောင်မြိုက်ခံခဲ့ရတဲ့တိုင်းပြည်ပါ ထွက်သမျှမီးခိုးတွေသာတိမ်ဖြစ်ကြေးဆို လူငယ်တွေအသက်ရှုကျပ်စရာမလိုပါဘူး လူငယ်ဆိုပေမဲ့အတင်းအကြပ်နဲ့ ရင့်ကျက်ခဲ့ရတဲ့ကောင်တွေပါ ကျလာသမျှဒုက္ခမိုးတွေ ကြိုက်တဲ့အရပ်မှာစွေပါစေအုံး ဖြစ်တဲ့ကျောနဲ့ကာမဲ့ကောင်တွေ… တော်ရာအရပ်တွေ၊ပျော်ရာအရပ်တွေ ရွေးနေဖို့မလိုပါဘူး… ကိုယ့်ခြေထောက်ဟာကိုယ့်အိမ်ပဲ ဆရာလှသန်းကဗျာထဲကလို ကိုယ့်ဖိနပ်ဟာကိုယ့်ခံတပ်ပါပဲ မွေးတစ်ခါသေတစ်လှည့်ပဲလေ ဘာအရေးလဲ၊ဘာထူးသလဲဆို ထူးတာတစ်ခုကကိုယ့်အရူးရောဂါနဲ့ ကမ္ဘာကြီးကိုမထိခိုက်ဖို့ ကိုယ့်အတ္တနဲ့လေထုကိုမညစ်ညမ်းဖို့ ကိုယ့်မာနနဲ့မျက်ရည်ကျတမ်းမကစားဖို့ လိုအပ်တဲ့အကြောင်းရယ် အသက်ရှုတိုင်းလူလို့ခေါ်မရကြောင်း တိရစ္ဆာန်တွေကသက်သေထူထားတယ်။

ကဗျာ

သတိတရ လွန်မြောက်ခြင်း

“သတိတရ လွန်မြောက်ခြင်း” နေဘုန်းလတ် အခန်းကျဉ်းတစ်ခုထဲကနေ နောက်ထပ်အခန်းကျဉ်းတစ်ခုဆီပြောင်းတော့ အမြဲရှုပ်ပွနေတတ်တဲ့ ကျွန်တော့်အခန်းလေးကို သတိရတယ် နေကောင်းကျန်းမာရဲ့လား ခဏခဏ လာစစ်ဆေးကြတော့ ကျွန်တော်စမ်းသပ်ခဲ့ဖူးတဲ့ လူနာတွေကို သတိရတယ် ပေကြိုးခပ်နွမ်းနွမ်းနဲ့ ကျွန်တော့်လည်ပင်းကိုတိုင်းတော့ ဘွဲ့နှင်းသဘင်မှာဝတ်ဖို့ မေမေ အင်္ကျီလိုက်ချုပ်ပေးတာကို သတိရတယ် ကိုယ်အလေးချိန်လာချိန်တော့ ဝတုတ် ဝိတ်လျှော့ဦးလို့ ခဏခဏ ပြောတတ်တဲ့ ချစ်သူကို သတိရတယ် သရဏဂုံတင်ဖို့တဲ့ ဘုန်းကြီးတစ်ပါး ရောက်လာတော့ မိသားစုတွေစုံကြတဲ့ ဟိုးတုန်းက အလှူပွဲတွေကို သတိရတယ် ညသန်းခေါင်ယံ […]

စကားပြေကဗျာ

ဗုံးခိုကျင်း

■ ​​​​ရွက်စိမ်း ရေးဖွဲ့သော “​​ဗုံးခိုကျင်း” စကား​ပြေကဗျာကို ​​​​​စန္ဒီ ခံစားရွတ်ဆိုထားပါသည်။ – The Call ရဲ့ YouTube Channel (https://youtube.com/@thecall2022) တွင်လည်း Audio Book များကို ခံစားနားဆင်နိုင်ပါတယ်။

ကဗျာ

ဖရဲသီး

ကိုကိုသက် အထဲကနီပြီး အပြင်ကစိမ်း ဆိုပေမယ့် ထင်သလောက် မရိုးရှင်း အစိမ်းနဲ့အနီကြားမှာ အဖြူရောင် အနီထဲမှာ အနက်ရောင်အစေ့လေးတွေ အတွင်းသားဝါတဲ့ ဖရဲသီးလည်းရှိရဲ့ စနိုက်ပါ လေ့ကျင့်သူများကတော့ လူ့ခေါင်းလောက်အရွယ်ရှိပြီး ကျည်ထိရင် လူ့ခေါင်းလို ဂွမ်းကနဲ ပွင့်ထွက် အထဲက သွေးရောင် လျှံထွက်လာတဲ့ ဖရဲနီကို သဘောကျကြတယ် လူ့ခေါင်းခွံဟာ ဖရဲခွံလို မာကြောပြီး လူ့ဦးနှောက်ဟာ ဖရဲသားလို နူးညံ့တယ် ဆိုပေမယ့်— ဖရဲသီးမှာ နားရွက်မပါဘူး ဖရဲသီးမှာ အသက်မပါဘူး […]

Categories

မကြားသော အသံများ

နေဘုန်းလတ် မိုးပေါ်က ပြုတ်ကျလာတဲ့ ဒုက္ခတွေ မဝေးသေးခင် ခပ်ကြမ်းကြမ်းရေစီးနဲ့ ရောပါလာတဲ့ ဒုက္ခတွေ ထပ်ပိုက်ထွေးကြရ ဘုရားသခင်က လှေတစီးလွှတ်လိုက်မှာလား ဟယ်လီကော်ပတာလွှတ်လိုက်မှာလား ဒါမှမဟုတ် ဒီအတိုင်းပဲ လက်ပိုက်ကြည့်နေမလား အဲဒီ့မသေချာမှုတွေကိုပဲ … အိမ်ထုတ်တမ်းပေါ်ကနေမျှော် သစ်ပင်ပေါ်ကနေအော် အိမ်ခေါင်မိုးပေါ်ကနေခေါ် အသံတွေ … အသံတွေ … ကူပါ ကယ်ပါ တဲ့ ဒါပေမယ့် … အခုထက်ထိ ကူရာ ကယ်ရာ မဲ့ …။ ။

Categories

ခေါင်းငုံ့ခံရန် အကြောင်းမရှိ

မောင်မိုးအေး ငွေများတရားနိုင်တဲ့ကွာ ဟာသပဲ အသက်နဲ့ အချစ်ထက် ဘာက ပိုများမလဲ ဘာက ပိုများမှာမို့လဲကွာ ထပ်တလဲလဲ စတေးခဲ့ ပေးခဲ့တဲ့ အသက်တွေကမှ အလေးမသာခဲ့ရင် ဒီတရားဆိုတဲ့ အရာကိုလည်း ငါတို့ စီရင်သင့်ရဲ့ ဖောက်ပြန်လေသော လောကဓမ္မကို ခေါင်းငုံ့ခံရန် အကြောင်းမရှိ။ 12:02 pm 22th July 2024

Categories

ဒို့အိမ်ဒို့ဘဝ မပြို​စေချင်ရင် စနစ်ကိုဖြိုရမယ်

■ ​​​​မြားအိမ် ​ရေးသား​သော “​​ဒို့အိမ်ဒို့ဘဝ မပြို​စေချင်ရင် စနစ်ကိုဖြိုရမယ်” ကဗျာကို ​​စန္ဒီ ခံစားရွတ်ဆိုထားပါသည်။ – The Call ရဲ့ YouTube Channel (https://youtube.com/@thecall2022) တွင်လည်း Audio Book များကို ခံစားနားဆင်နိုင်ပါတယ်။

ကဗျာ

ငရဲမင်းရဲ့ကိုယ်လုပ်တော်

◼️မောင်နွေဦး တောကျီးကန်းတစ်ကောင်လို မိုးတိမ်တွေမဲမှောင်နေတဲ့ ရက်တစ်ရက်မှာပေါ့ ။ သူမ ရွက်လာတဲ့ခေါင်းတလားကိုအသာချ ကျမပါ ၊ ကြူကြူလှပါ တဲ့  ခေါင်ရမ်းပန်းဝတ်ဆံလို  တွဲလောင်းကျနေတဲ့လျှာနဲ့ သူ့ကိုယ်သူ မိတ်ဆက်တယ် ။ မြေကြီးကိုတောင် ကောင်းကင်ဖြစ်အောင် လိမ်ညာနိုင်တဲ့မိန်းမပါ ၊ ဝံပုလွေအလှနဲ့ မုဿားမလေးပါ ၊ ပြည့်တန်ဆာရဲ့ ဧည့်ဝတ်ကျေနည်းနဲ့ စိဥ္ဇမာနရဲ့ နေနည်းထိုင်နည်းအထိ ကျွမ်းကျင်တဲ့ တသွေမတိမ်းသူ မိန်းမပျက်ပါ တဲ့ ။ သံသရာအဆက်ဆက်မှာ ရမ္မက်ပင်လယ်ရဲ့ ရွှေငါးလေးဖြစ်ခဲ့ပြီးတော့ […]

ကဗျာ

ညီလေးတယောက်ကပြောတယ်

ဆူးရစ်နွယ် လွတ်လပ်လမ်းကို ကျနော့်အသားစတွေနဲ့ ခင်းမယ် လွတ်လပ်အလံတော်ကို ကျနော့်သွေးနဲ့ အရောင်ခြယ်မယ် မင်းကဘာဖြစ်ချင်သလဲဆိုတော့ ကြယ်ဖြူဖြူလေးပါပဲတဲ့။ နေ့တိုင်းပဲ ကျောပိုးအိတ်ထဲမှာ ဒီမိုကရေစီတွေအပြည့်ထည့် အိမ်ပြန်မှချစီးမယ့် ရာဘာဖိနပ်ကလေးတရံ အရမ်းမုန်းတဲ့ စခန်းကုန်းတွေကို တကုန်းပြီးတကုန်းကျော် ပြုံးနေတဲ့အပျော်တွေက ကျနော့်ရဲ့ ၁၂လရာသီ ရိက္ခာခြောက်တွေပေါ့။ အကိုသိလား ဒိုင်ဗင်ထိုးချလို့မရတဲ့ ပင်လယ်တခုအကြောင်း နာကျည်းညည်းညူသံတွေရဲ့ အဆုံး စစ်သီချင်းတပုဒ်ကို ပင်လယ်ထံ ဆိုပြမယ် ပဲ့တင်လာတဲ့အသံဟာ ငြိမ်းချမ်းရေးလို့ မြည်ဟီးတယ်။ အကိုသိလား ရိုးရိုးသားသားလှီးချထားတဲ့ လိုအင်တွေ […]