ကဗျာ

ငါတို့ဟာ သွေးမထွက်ဘူး

“ငါတို့ဟာ သွေးမထွက်ဘူး” မွန်လတ် ငါ့ခန္ဓာကိုယ်အောက်ပိုင်းတခုလုံး ဖြတ်ချခံရတယ် နှစ်ပေါင်းများစွာငါတို့လည်ပင်းအရင်းနားကနေရစ်ပြီး တတိတိဖြတ်လာတာမျိုးပေါ့ ငါတို့ခေါင်းတွေ ဘောလုံးလုပ်အကန်ခံရတယ် မျက်လုံးတွေဖောက်ထုတ်ခံရချိန်မှာ အဲဒိ မျက်ခွံဟောက်ပက်တွေကထွက်လာတဲ့ မျက်ချေးကို ထိုးကလော်ပြီးငါတို့ကိုကျွေးတယ် ငါတို့အရိပ်တွေထွက်ပြေးနေလို့ စားနေရင်းတန်းလန်း မျက်ရည်ကျရတဲ့နှစ်တွေ ည၊ ပါးစပ်အဝတ်ဆို့ပြီး ရင်ဝစောင့်ကန်ပစ်လိုက်တဲ့ ကာဖျူးချိန်အကျော်လေးကမိုးတွေ ကြေငြာချက်တွေနဲ့သတင်းဆိုးကြီးကြားပြီးပြီးခြင်း သွေးစက်လက် ဒရွတ်ဆွဲနေတော့တာ သူတို့ဖမ်းမိမိခြင်း နံရံမှာကပ် ပစ်သတ်လိုက်ကြတယ် အစစ်ဆေးမရှိ၊ ကျင့်ဝတ်သိက္ခာမရှိ မီးနေသည်မရှိ သုံးလသားအရွယ်ကလေးမလေးမရှိ ရင်ခွဲပြီးဖြစ်သလိုပြန်ချုပ်ထားတဲ့ သူ့အဖေရဲ့အလောင်းကိုစစ်ကြောရေးမှာ သွားထုတ်ရတယ် သွားတွေမရှိတော့ဘူး […]

ကဗျာ

အားလုံးလွယ်လွယ်လေးပဲ

‘အားလုံးလွယ်လွယ်လေးပဲ’ ခွန်းနီ စီးကရက်တစ်ဗူးဘယ်လောက်လဲ အရက်တစ်ပုလင်းဘယ်လောက်လဲ ဝက်ချိုချဥ်ကြော်တစ်ပွဲဘယ်လောက်လဲ အာသာဖြေဖို့တစ်ညဘယ်လောက်လဲ အားလုံးပေါပေါလောလောရတယ်။ အသက်တစ်ချောင်းဘယ်လောက်လဲ ဘဝတစ်ခုဘယ်လောက်လဲ အရှက်သိက္ခာနဲ့ကိုယ်ကျင့်တရားဘယ်လောက်လဲ အားလုံးလွယ်လွယ်လေးလား အေးဟုတ်တယ် ငါတို့နိူင်ငံမှာအားလုံးလွယ်လွယ်လေးပဲ။ ကြက်ကလေးလို ငှက်ကလေးလို သေဖို့လွယ်လွယ်လေး ကြက်ကလေးလို ငှက်ကလေးလို လွတ်လပ်မှုတောင်မရှိတဲ့အခါ မွေးမြူရေးငါးကန်ထဲကငါးတွေလို အစွမ်းကုန်ကြီးထွားပြကြရပေါ့။ အလောင်းချင်းထပ်နေတယ် သွေးစသွေးနတွေပွက်နေတယ် ကယ်ပါ ယူပါ တဆာဆာပေါ့ ငါတို့မှာဒီလောက်တောင်စျေးပေါခဲ့ရတယ်။ သေဖို့အရေးလား နေဖို့အရေးလား အားလုံးဟာလွယ်လွယ်လေး သေမလိုဖြစ်ခဲ့တဲ့ကောင်တွေလဲ ဒုနဲ့ဒေးပါပဲ။ သေသူတွေရဲ့တန်ဖိုးကို ဘယ်အရာတွေနဲ့ချိန်ထိုးမလဲ စဥ်းစားလေလေ […]

ကဗျာ

ဒေသန္တရ Daylight Sonata

‘ဒေသန္တရ Daylight Sonata’ မေရီသော် ၊ ရွက်စိမ်း မွန်းစတား ဘယ်နှကောင်ကို သတ်နိုင်ရင် ဟီးရိုးဖြစ်ပြီလဲလို့ ကောင်လေးက တွေးမိတယ်။ ဒီနေ့မနက် သူကျောင်းသွားတဲ့လမ်းမှာ ဓားတစ်ချောင်း ကောက်ရခဲ့တာ။ ဒီနေ့မိုးလေဝသ ခန့်မှန်းချက်အတိုင်းပဲ မရေတွက်နိုင်တဲ့ဓားမိုးတွေရွာပြီး မြို့လေးဟာ စုတ်ပြတ်ပျက်ဆီးသွားပါတယ်။ ဒါပေမဲ့အဆောက်အဦးတစ်ခုထဲမှာ skin careနေတဲ့အမျိူးသမီးတစ်ယောက်ရှိပြီး သူ့အိမ်ကတော့ ဓားမိုးလွှဲတပ်ထားလို့ ဓားမိုးရွာတာကိုမခံစားရတာ။ ငှက်တွေဟာ အတောင်ပံကုန်ဖွင့်လို့ ပြေးကြတယ်။ မပြေးနိုင်တဲ့ငှက်တွေကတော့ အစိုးရရုံးတွေနဲ့ ဘုရားရှိခိုးကျောင်းတွေရဲ့ ဖွာလန်ကြဲသွားတဲ့အလံတော်တွေအောက်ကို ဝပ်တွားသွားကြတယ်။ […]

ကဗျာ

ပေါ့ပါးနိူင်ကြစေ

‘ပေါ့ပါးနိူင်ကြစေ’ ခွန်းနီ မီးတွေ မီးတွေ ဒီနိူင်ငံမှာမီးတွေကြီးပဲ မချိမဆန့်လောင်မြိုက်နေကြတာ တွေ့လား တွေ့ကြရဲ့လား။ မီးတွေကပြောတယ် ငါတို့ကိုအသက်ညှာဆုံးဝါးမြိုပစ်မယ်တဲ့ လေပူတွေကနေတစ်ဆင့်ငါသတင်းရတယ် နားကြားမှားတာလို့နှစ်သိမ့်သူမရှိပါဘူး အရိုးပြိုင်းပြိုင်းနဲ့အိမ်တိုင်အတိုအရှည်တွေဟာ မသေပဲကျန်ခဲ့တဲ့သူရဲကောင်းတွေလို ခေါင်းတွေမော့ထားလျှက်။ ဆုံးရှုံးခဲ့တဲ့ဘဝတွေအတွက် သူဆယ်ယူပေးနိူင်ခဲ့တာဒါပဲရှိမယ် မီးကျွမ်းပြီးကျန်ခဲ့တဲ့အိမ်တိုင်တွေမှန်း ရိပ်မိလာတဲ့အခါခေါင်းတွေပြန်ငုံ့သွားတယ် ဒုတိယအကြိမ်လောင်ကျွမ်းခံဖို့ခက်နေရှာမှာ။ စစ်တလင်းမှာကိုယ်ကျိုးနည်းခဲ့ကြသူတွေ ပြာထုတ်တွေပိုက်ပြီး ဘဝတွေကိုဆန်ပြာသလိုပြာကြည့်နေရှာတယ် မျက်ရည်တွေသာတစ်ဖွဲဖွဲကျလာပြီး ဘဝတွေဟာပြာတွေနဲ့ရောထွေးသွားပြီ။ ပေါ့ပါးပါစေဘဝတွေရေ တစ်ကယ်ပေါ့ပါးလွတ်မြောက်ကြပါစေ ထွက်သွားသူတွေလဲပေါ့ပါးပါစေ ငါတို့မှာတော့လေးလံနေရဆဲ မသေနိူင်သေးလို့ဖြစ်မှာပါ။ အသက်ရှုရတာခက်သလောက် သေရတာကျလွယ်လွန်းတဲ့နိူင်ငံမှာ အားလုံး အားလုံး ပေါ့ပါးကြပါစေ […]

ကဗျာ

ပြန်စာ

‘ပြန်စာ’ ‌ယောနသံ ထောင်အုတ်ရိုးပေါ် ကို ဖြတ်တိုက်လာတဲ့ လေထဲမှာ မီးကျွမ်းနေတဲ့ ကျောင်းသုံးစာအုပ်လေးရဲ့ ပြာနံ့ရတယ်။ ရမ်းငွေ့တွေကို ကွေ့ရှောင်ပျံသန်းပြီးမှ ပင်ပင်ပန်းပန်းနဲ့ ရောက်လာခဲ့တဲ့ သတိရစိတ်ကလေး အဲ့ဒီ သတိရစိတ်ကလေးကို ဖွင့်ဖောက်ပြီး ဖတ်ကြည့်လိုက်တော့ “မောင်ရေ… အခုထောင်ဝင်စာက ရေခဲသေတ္တာလေးကို ရောင်းပြီးမှ ပို့ ပေးလိုက်ရတာပါ” တဲ့။ ဘဝတချို့က အကျဉ်းထောင်ထဲမှာ မိုးချုပ်ကြ ဘဝတချို့က ဒုက္ခသည်စခန်းတွေမှာ မိုးချုပ်ကြ ဘဝတချို့က ပြန်စရာ အိမ်မကျန်တော့တဲ့ တောထဲ […]

ကဗျာ

နောက်ဆုံးပွဲ (ဝါ) ယနေ့မနက်ဖြန် ကြည့်ရှူရန်သင့်တဲ့အစီအစဥ်

‘နောက်ဆုံးပွဲ (ဝါ) ယနေ့မနက်ဖြန် ကြည့်ရှူရန်သင့်တဲ့အစီအစဥ်’ ပန်းတော်ဆက် ကင်မရာက ခြင်္သေ့ကိုတလှည့် ကျွဲ အုပ်ကိုတလှည့် ရိုက်ပြတယ် ကျွဲအုပ် ဟာ …. အန္တရာယ်ကို မသိခင် သူ့စားကျက်မှာသူ… စားသူစား ၊ကစားသူကစား မေထုံမှီဝဲ ၊ရေစုန် မှာ တနေကုန် အေးအေးလူလူ ရေစိမ်မြဲ ကင်မရာက ကျွဲအုပ်ကိုတစ်လှည့် ချောင်းမြောင်းနေတဲ့ ခြင်္သေ့ကို တလှည့်ရိုက်ပြတယ်…။ ကျွဲအုပ်ဟာ ရုတ်တရက် ဆိုသလို ခြင်္သေ့ကို တွေ့လိုက်ရချိန် လဲသူလဲ […]

ကဗျာ

ဓားရဲ့တရားဆိုတာ ဝင့်ရုံနဲ့မရ ၊ ရှေ့တိုးပြီး ခုတ်မှ ရမယ်

‘ဓားရဲ့တရားဆိုတာ ဝင့်ရုံနဲ့မရ ၊ ရှေ့တိုးပြီး ခုတ်မှ ရမယ်’ ခန့်ဝေး မတ်လ ၃ ရက်နေ့က လိုင်းပေါ်မှာ ကိုကေဇကျဆုံးတာ လေးနှစ်ပြည့်သွားတဲ့ပို့စ်တွေ ဖတ်ရတော့ လွန်ခဲ့တဲ့လေးငါးဆယ်နှစ်ဆီ စိတ်ကရောက်မိသွားတယ် ။ ရက်အတိအကျတော့ မမှတ်မိဘူး ။ ကဗျာဆရာမင်းဆက်က ဖုန်းဆက်ခေါ်တယ် ။ ကေဇဝင်းရောက်နေတယ် ဖူးပွင့်ကိုလာခဲ့ဦး တဲ့ ။ ဖူးပွင့်မှာ လင်းလွင်ရယ် ကေဇဝင်းရယ် မင်းဆက်ရယ် ကျွန်တော်ရယ် ကျန်တဲ့သူတွေ ပါတာ မပါတော့ […]

ကဗျာ

အိမ်ပြန်ချင်တယ်

‘အိမ်ပြန်ချင်တယ်’ ဂနိုက် အိမ်ပြန်ချင်တယ် ဆယ်လ်မွန်ငါးတကောင်လိုဖြစ်ဖြစ် မြောက်အိုင်ယာလန်က အမွှေးပွပွခွေးကလေးလိုဖြစ်ဖြစ် ကြိုသူမရှိတဲ့အိမ်နဲ့ကြိုသူမရှိတဲ့မြို့ကလေးကို စွန်ရဲတကောင်လို လှစ်ခနဲ ပြန်ချင်တယ် “အရာအားလုံးအဆင်ပြေတယ်၊နေကောင်းတယ်” လို့ နေ့နေ့ညည ညာပြောနေရတဲ့နေ့တွေအလွန်မှာ တကယ်ပဲအိမ်ကိုပြန်ဖြစ်လိမ့်မယ် ပြာဖုံးမီးခဲကလေးတွေရှိဖူးတဲ့မြို့ကလေးရဲ့အိမ်က ပုတီးစိပ်သံတဂျောက်ဂျောက်(နဲ့) ကရုဏာဒေါသောသံတကျီကျီ နားထောင်ဖို့ ဝေါခနဲ စီးကျလာတဲ့ ရေအလျင်လို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ရောက်အောင်ပြန်ချင်တယ် အိမ်နဲ့ဝေးခဲ့သမျှရက်တွေ ငါ့အပေါ် ဝဋ်ပြန်လည်တဲ့တနေ့ နီးစပ်ရာ အပျော်ကိုဂုတ်ခွစီးပြီးတော့ အိမ်လွမ်းစိတ်အပြန်နဲ့ အိမ်ဆီလှမ်းခဲ့မယ်။ ၂၃၊၂၊၂၀၂၅ ဗမာ့ကဗျာနေ့ 01:45 AM

ကဗျာ

အိမ်တက်မင်္ဂလာ

‘အိမ်တက်မင်္ဂလာ’ နေဘုန်းလတ် ကျောပိုးအိတ်ကိုလွယ် ဘွတ်ဖိနပ်ကိုစီး အမေ့ဖုန်းနံပါတ်ကိုအလွတ်ကျက်ပြီး ဒီခရီးကို စခဲ့ကြ အချို့ဆို … နှုတ်ဆက်ချိန်တောင်မရခဲ့ဘူး။ ပန်းတိုင်လည်းရှိတယ် လမ်းလည်းသိတယ် ဒါပေမယ့် … ပန်းတိုင်ကို ဘယ်အချိန်ရောက်မှာလဲ ဒီလမ်းကို ဘယ်လောက်လျှောက်ရမလဲ သိခြင်းတချို့နဲ့ မသိခြင်းတဝက် ဒီလိုပဲ ငါတို့ ထွက်ခွာခဲ့ကြတယ် … … … အမေ့အိမ်ကနေ မိသားစုတွေဆီကနေ ပျော်စရာ အခိုက်အတန့်တွေကနေ …။ ပြန်တွေ့ကြတာပေါ့လို့တွေး ကိုယ့်အသက်ကိုယ်မွေးကြရင်း အပြီးအပိုင်ဝေးဝေးသွားကြတဲ့ ကြယ်တွေ […]

စကားပြေကဗျာ

တခါမှ မပိုင်ဆိုင်ဖူးတာကို ဆုံးရှုံးလိုက်ရသူတွေ

‘တခါမှ မပိုင်ဆိုင်ဖူးတာကို ဆုံးရှုံးလိုက်ရသူတွေ’ SWN တခါမှ မပိုင်ဆိုင်ဖူးတာကို ဆုံးရှုံးလိုက်ရသူတွေဟာ (၇၂) နာရီစောင့်တယ်။ သံပုံးတွေကို မျက်ရည်နဲ့တီးတယ်။ လက်သုံးချောင်းကို ရဲရဲဝံ့ဝံ့ထောင်ကြတယ်။ တခါမှ မပိုင်ဆိုင်ဖူးတာကို ဆုံးရှုံးလိုက်ရသူတွေဟာ လမ်းမတွေပေါ်မှာ We Want Democracy လို့ ရေးတယ်။ Fuck the Coup လို့ရေးတယ်။ တခါမှ မပိုင်ဆိုင်ဖူးတာကို ဆုံးရှုံးလိုက်ရသူတွေဟာ လမ်းမတွေပေါ်တက်လာတယ်။ လှည်းတန်းလမ်းဆုံမှာ လူစုတယ်။ ဘာလိုချင်လဲ ဒီမိုကရေစီလို့ အော်ကြတယ်။ […]