‘ရခဲလှတဲ့လူ့ဘဝ’ ခွန်းနီ လူ့ဘဝဆိုတာရခဲတယ်ငါ့မြေးရဲ့ အဖွားရဲ့လက်သုံးစကားပဲ… ငယ်ငယ်တုံးကအမြဲနားယဥ်တဲ့စကား အခုရက်ပိုင်းတွေအဖွားကိုသတိရတယ် ဟုတ်ပါတယ်ကျွန်တော်မေ့နေလို့ပါ အဖွားမရှိတော့တာနှစ်ပေါင်းမနည်းတော့ အဖွားအဆုံးအမတွေနားထဲပြန်ပြန်ကြားနေရတယ် လူ့ပြည်ကအပ်တစ်စင်းနဲ့မိုးပေါ်ကအပ်တစ်စင်း ဒီအပ်နှစ်စင်းအပ်ဖျားချင်းထိမှ လူ့ဘဝဆိုတာရတတ်တာတဲ့ အတော်ခက်တဲ့ကိစ္စပဲပေါ့… အခုချိန်မှာအဖွားနဲ့ဒီအကြောင်းဆွေးနွေးချင်တယ် အဖွားစကားကိုငြင်းချက်ထုတ်ချင်တယ် …
ကဗျာ
- 
    
 - 
    
‘မှန်ကန်စွာရူးသွပ်ခြင်း’ ခွန်းနီ ညကတဖြေးဖြေးနက်လာပြီ ညဆိုတာအိပ်စက်ရကောင်းမှန်းသိလေ ငါ့မှာမျက်လုံးတွေမှိတ်ပစ်ဖို့ကြောက်လေပဲ။ ညရဲ့အမှောင်ထုမှာငါ့ကိုငါရှာကြည့်တယ် ဖြစ်တည်မှုဟာအသည်းအသန်ပျောက်ရှသွားခဲ့ပေါ့။ ငါ့နံရိုးတွေကိုစမ်းကြည့်မိသေးတယ်မာရီနာ မင်းမဟုတ်တဲ့တစ်စုံတစ်ယောက်ကများငါ့နံရိုးကို လိမ်လည်လှည့်ဖျားပြီးယူသွားသလားပေါ့…။ တကယ်တော့ဘာမှမယူသွားကြသလို ငါ့မှာလဲဘာမှမရှိတော့ပါဘူး…။ ဟနေတဲ့မေးရိုးထဲလက်နှိုက်ရှာကြည့်မိတော့ မျှတလွတ်လပ်တဲ့အငွေ့အသက်ဆိုတာ စိုးစင်းမျှမထိတွေ့၊မခံစားရတဲ့ညတွေပါမာရီနာ။ …
 - 
    
‘ နွမ်းနွမ်းလျလျ ဒီဇင်ဘာ ” ဆိုမာလီ အမှောင်ထဲကဗျာတွေရေးတော့ စကားလုံးတွေကတွန့်လိမ်ကောက်ကွေးနေတယ် ဒီဇင်ဘာလမှာအအေးဓာတ်တွေက တစ်ယောက်ထဲပိုလွန်ကဲနေလို့ မင်းကိုယ်ငွေ့လေးအနဲငယ်လိုတယ်…..။ ဒီလိုပဲဖြတ်ကျော်လာခဲ့ရင်း မကြာခင်ဒီဇင်ဘာပြန်ရောက်တော့မယ် ရေခဲရိုက်ပြီးသားနှလုံးသားလေး အခုထိရောင်းတန်းမဝင်သေး ဒီနှစ်ဒူးရင်းသီးတွေပိုချိုမယ်ထင်လို့ …
 - 
    
‘တော်လှန်ရေးကြီးပြီးသွားရင်…’ Jasmine (မဂျက်) တော်လှန်ရေးကြီးပြီးသွားရင် ကျည်ဆံခွံတွေကို အရုပ်လုပ်မယ် ကျဆုံးကြယ်တွေကို သူတို့နေရပ်တိုင်းမှာ အစဥ်လင်းလက်တောက်ပစေမယ် အောက်မေ့ဖွယ်ရာ အထိမ်းအမှတ်တွေနဲ့ မမေ့မလျော့ အလေးပြုကြမယ် တော်လှန်ရေးကြီးပြီးသွားရင် မီးလောင်ပြင်တွေဆီကိုသွားမယ် …
 - 
    
 - 
    
‘တရေးနိုးသူရဲ့တွန်သံ’ မြတ်မင်းအိမ် ချဥ်ပေါင်ရွက်အကြောင်း မပြောနဲ့ မုန်လာဥအကြောင်း မပြောနဲ့ အာလူးစားသူများဆိုတာ ကန်စွန်းဥစားသူများနောက်မှ ဖြစ်ပေါ်လာတာ။ ဂွါရာနီးကား ပန်းချီကားကိုကြည့်ပြီး ရှမ်းမြောက်က ကလေးက ခါးထောက်ပြီးရယ်တယ်။ မွန့်ချ်ရဲ့အော်သံဟာ …
 - 
    
‘ဆောင်းဦးကဗျာ’ ခွန်းနီ ဝေးသွားခဲ့တဲ့အတိတ်တွေကို နီးနီးကပ်ကပ်ပြန်မြင်ကြည့်တဲ့အခါ စိတ်ဟာအလိုမကျမှုတွေအပြည့်နဲ့ ဘာမှမရှိတော့တဲ့စိတ်လွင်ပြင်ကျယ်ကြီးထဲ ပန်းတွေစိုက်ချင်စိတ်ဟာဒီနေ့အထိမေ့မရခဲ့… ပြန်မလာနိူင်တော့မဲ့ကြယ်တွေရဲ့အကြောင်းကို ပြန်မရနိူင်တော့တဲ့အတိတ်တွေဆီခနအပ်ထားပါရစေ အလိုရှိတဲ့အခါတိုင်းတူးဆွခွင့်တော့ပေးပေါ့… မမေ့နိူင်ခဲ့တဲ့အရာတွေထဲယုံကြည်လေးမြတ်ရာ ဘုရားရှင်ရဲ့အဆုံးအမတစ်ခုမှမပါခဲ့တာဝမ်းနည်းစရာ ဘယ်လိုခြုံခြုံ လုံပါတယ်ဆိုတဲ့စိတ်အနွေးထည်လေး တိုးတိုးတိတ်တိတ်ပျောက်ရှခဲ့တာ …
 - 
    
 - 
    
‘အိမ်ကလေးတလုံးကျပျောက်သွားတော့’ ဂနိုက် အချိန်တွေဆုတ်ယုတ်သွားတဲ့အကျိုးအပဲ့နှစ်တွေ ထမင်းပေါင်းအိုးကိုဖွင့်တော့ ဖန်ခွက်ရှည်မျောမျောပဲတွေ့ မှိုတက်နေတဲ့ ဦးဏှောက်ကိုအလုပ်ပေးတော့မှ ငါ့ခြေမကလေး ခလုတ်တိုက်ရင်တော့ အမေရေလို့ မယောင်တတ်တော့ပြီ။ ကလေးတယောက်လက်ထဲက လွတ်သွားတဲ့ပူပေါင်းလို ငါတို့ဟာတကယ်ပဲအိမ်ကလေးဆီကပြေးထွက်လာခဲ့ပေါ့ ရုတ်တရက် …
 - 
    
“သို့. . .လူကလေး ကြယ်”စံပယ်ဖြူနုအမေအိုဟာ အိမ်တံခါးကို လေအလျဉ်လို ခပ်သွက်သွက် ဆွဲဖွင့်တယ်ခြံတံခါးမှာ ခေါင်းလောင်းသံ တငြိမ့်ငြိမ့် မြည်လို့စည်းရိုးနံဘေးမှာ တောပန်းလေးတွေ တလှုပ်လှုပ် ယိမ်းနွဲ့လို့မြက်ခင်းပေါ်က ကြောင်ဝါလေးတစ်ကောင် …
 
