‘မှတ်ဖွယ်မှတ်ရာ’ မိုဃ်းဇက်သော် (၁း၀) ကျွန်တော့်ထံတွင် အိပ်မက်ဖျော်စက် တစ်ခုရှိပါသည်။ သို့သော် စက်ပျက်နေသည်။ (၂း၉) ပျားလူးမြက်ခါးများ ဆေးဖက်ဝင်ကြသည်။ (၃း၈) ကျွန်တော်သည် အအေးမိနေသည့် လက်မောင်းကြွက်သားတစ်ခုဖြစ်သည်။ …
ကဗျာ
-
-
‘တယုတယနှင်း’ ဆပ်ရိပ် သက်ပြင်းဆိုပေမယ့် စိတ်လိုလက်ရ ချပါတယ်။ သုံးလေးငါးနှစ် အစစအရာရာရှားပါးနေတော့ ခံစားမှုလည်း တန်ဖိုးကြီးလာတယ် နေမကောင်းတဲ့ညနေမှာ တိမ်မျှင်တစက အစ ကြီးမြတ်တယ်။ လူတစ်ယောက်ဟာ တစ်ခါတစ်လေတော့ …
-
-
‘တခြားရပ်ရွာတခုမှာ ကျန်နေခဲ့သူတဦး’ မျက်သွယ် မင်းလက်ဖဝါးမှာ ပွင့်တဲ့ပန်းတွေ ကိုယ်ယူလာတယ်။ မင်းကျခဲ့တဲ့သွေးကြောင့် လမ်းတလျှောက် အပင်တွေ စိမ်းလန်းခဲ့ပေါ့။ အခုတော့ မင်းအနားရပါပြီ မင်းမနားချင်သေးတာ ကိုယ်တို့သိပေမယ့် မင်းနားလို့ရပြီ။ …
-
‘လှည်းတန်းကို ပြန်ရောက်တယ်’ မေရီသော် တောင်ကုန်းကို မသိမ်းပိုက်ဘဲ လှည့်ပြန်ပြီး တရေးအိပ်ဖြစ်ခဲ့ ငါ့ရဲ့ပြားချပ်ချပ်ရင်သားပေါ်မှာ စိမ်းပြာရောင်ငါးကြေးခွံတွေ စတက်လာတဲ့နေ့ မသေမျိုး ပန့်ခ်တွေ စိတ်ပျက်လက်ပျက် ဘုရားရှိခိုးကြတဲ့နေ့ ကုန်းကျော်တံတားဟာ …
-
‘မြစ်တခုသာ’ နွံဆိုင် ၁၊ တံခါးအပြင်က အတုယောင်ဘဝများ တကယ်ဆို ဒီကလေးတွေဟာ ဆော့နေခဲ့သင့်တာ။ ၂၊ စာနာစိတ်အကြောင်းပြောတဲ့ ပါးစပ်တွေက ကလေးတယောက်ရှေ့မှာ ပြုံးပြရင်း သက်သေပြချင်နေကြတယ် ချိုသောမေတ္တာတိုင်း …
-
-
‘ဒီလက ဂျွန်လဖြစ်တယ်’ လိပ်နင်ဂျာ ဂျွန်လဟာ မိမိပဲ သူမကိုယ်ထဲမှာ ပုန်းအောင်းနေထိုင်တဲ့၊ မိခင်ဖြစ်သူအတွက် မကောင်းဆိုးဝါး မိစ္ဆာ ထိုသူတို့အတွက် မမြင်အပ် မကြားအပ်တဲ့၊ ကောင်းနိုးရာရာ နတ်မင်းများကို …
-
‘ငယ်ဘဝဆီ သွားကြစို့’ မောင်တင်သစ် ဟောဒီကန်သင်းရိုးကလေးအတိုင်း လျှောက်ရင် မင်းငယ်ဘဝဆီ ရောက်လိမ့်မယ် ခြေသံကြားတာနဲ့ လယ်ပုဇွန်လုံးတွေက မြေကျစ်စာတွင်းထဲ ဆင်းပြေးကြမှာပေါ့ ရေစပ်စပ်မှာ ငါးရှဥ့်တကောင်တလေ ရွှံ့လူးနေတာ တွေ့ဦးမယ် …
-
“ငါတို့ဟာ သွေးမထွက်ဘူး” မွန်လတ် ငါ့ခန္ဓာကိုယ်အောက်ပိုင်းတခုလုံး ဖြတ်ချခံရတယ် နှစ်ပေါင်းများစွာငါတို့လည်ပင်းအရင်းနားကနေရစ်ပြီး တတိတိဖြတ်လာတာမျိုးပေါ့ ငါတို့ခေါင်းတွေ ဘောလုံးလုပ်အကန်ခံရတယ် မျက်လုံးတွေဖောက်ထုတ်ခံရချိန်မှာ အဲဒိ မျက်ခွံဟောက်ပက်တွေကထွက်လာတဲ့ မျက်ချေးကို ထိုးကလော်ပြီးငါတို့ကိုကျွေးတယ် ငါတို့အရိပ်တွေထွက်ပြေးနေလို့ …
