ကဗျာ

ကျမ ကမ္ဘာပြိုသော အခါ

‘ကျမ ကမ္ဘာပြိုသော အခါ’ မောင့်မိန်းမ *ကျမ အမြတ်တနိုးငေးကြည့်ခဲ့ရတဲ့ ရှူ့ခင်းလေးကို သူတို့ နာကျင်အောင်လုပ်သွားကြတယ်။ *ကျမ အမြတ်တနိုးနမ်းခဲ့ဖူးတဲ့ နဖူးနဲ့ ပါးပြင်မှာ ကျည်ဆံစတွေရှလို့ရယ်၊ *ကျမ ညင်သာစွာထိုးဆွခဲ့ဖူးတဲ့ သူ့ဆံသားပေါ်မှာ သွေးစလေးတွေစင်လို့၊ *ကျမ တွဲထားခဲ့ဖူးတဲ့လက်လေးတွေမှာလည်း ခြစ် ရာလေးတွေ ဖြစ်လို့ရယ်၊ *ကျမကို နူးညံ့စွာဖက်ထားခဲ့ဖူးတဲ့ သူ့ရင်ခွင်မှာ ကျည်ဆံရာတွေ၊ လေယာဉ်ရာတွေ ဗလပွနဲ့ သွေးတွေစို့လို့၊ *ဓားရှရင်တောင် နာတယ်လို့ ပြောဖူးတဲ့သူက ရင်ဘတ်ထဲ ကျည်စိုက်ဝင်နေပါရဲ့ […]

ကဗျာ

အိမ်ကလေးတလုံးကျပျောက်သွားတော့

‘အိမ်ကလေးတလုံးကျပျောက်သွားတော့’ ဂနိုက် အချိန်တွေဆုတ်ယုတ်သွားတဲ့အကျိုးအပဲ့နှစ်တွေ ထမင်းပေါင်းအိုးကိုဖွင့်တော့ ဖန်ခွက်ရှည်မျောမျောပဲတွေ့ မှိုတက်နေတဲ့ ဦးဏှောက်ကိုအလုပ်ပေးတော့မှ ငါ့ခြေမကလေး ခလုတ်တိုက်ရင်တော့ အမေရေလို့ မယောင်တတ်တော့ပြီ။ ကလေးတယောက်လက်ထဲက လွတ်သွားတဲ့ပူပေါင်းလို ငါတို့ဟာတကယ်ပဲအိမ်ကလေးဆီကပြေးထွက်လာခဲ့ပေါ့ ရုတ်တရက် *အိမ်ကိုမင်းလွမ်းနေသားနဲ့တေပေပြီး အခုလောက်ထိတော့မင်းမခွဲစဖူး ဆိုပြီး ကီးကြောင်ကြောင်အသံက ငါ့ကိုနှောင့်ယှက် ၇ နှစ်လုံးလုံးဝေးခဲ့တဲ့ အိမ်ကလေးဆီ ကြိုးကြာငှက်လေးပြန်ရောက်နိုင်တော့ပါမလား မိသားစုရဲ့အရိပ်အယောင်ကို နေပူထဲလိုက်နင်းရင်း နေထွက်ကာစ မြေသားလမ်းမပေါ်က သစ်ရွက်ခြောက်အပြည့်နဲ့အိမ်ကလေးကိုသတိရ ဝေးခဲ့တဲ့ ရာသီတွေအကြောင်းနဲ့ကြုံရတဲ့အခက်အခဲတွေ အဖေ့ကိုပြောပြချင်လှပြီ။ အမေကတော့ ဝရံတာကဖြတ်သွားတဲ့ အိမ်တန်းပြန်ငှက်ကလေးတွေကိုကြည့်ရင်း […]

စကားပြေကဗျာ

သို့. . .လူကလေး ကြယ်

“သို့. . .လူကလေး ကြယ်”စံပယ်ဖြူနုအမေအိုဟာ အိမ်တံခါးကို လေအလျဉ်လို ခပ်သွက်သွက် ဆွဲဖွင့်တယ်ခြံတံခါးမှာ ခေါင်းလောင်းသံ တငြိမ့်ငြိမ့် မြည်လို့စည်းရိုးနံဘေးမှာ တောပန်းလေးတွေ တလှုပ်လှုပ် ယိမ်းနွဲ့လို့မြက်ခင်းပေါ်က ကြောင်ဝါလေးတစ်ကောင် သမ်းဝေရာက ခေါင်းငဲ့ကြည့်လို့တဒုန်းဒုန်း ခုန်နေတဲ့ နှလုံးနေရာကို ခပ်ဖွဖွ ဖိတယ်လူကလေး အိမ်ပြန်လာတာမှ မဟုတ်ပဲနော်။စောင့်မျှော်ကာလဟာ ရှည်လျားလွန်းလှပါတယ်အမေအိုက လွမ်းလေတိုင်း ပန်းကလေးတွေ ပျိုးတယ်လေသင့်ရာ မွှေးတဲ့ ပန်းရနံ့ဟာ လူကလေး ငယ်စဉ်က ပါးပြင်နုဖွေး နမ်းရှိုက်ခဲ့ရသလိုအပင်လေးတွေ တစစ ကြီးထွားလာတာဟာဖြင့် […]

ကဗျာ

ကိုယ်ချစ်ရသူတွေရဲ့ခေါင်း

‘ကိုယ်ချစ်ရသူတွေရဲ့ခေါင်း’ စကယ်ပယ် ကိုယ်ချစ်ရသူတွေရဲ့ခေါင်းကို ပန်းလှလှလေးပန်ပေးလိုက် ကိုယ်ချစ်ရသူတွေရဲ့ခေါင်းကို ခြံစည်းရိုးပေါ်တင်ကြည့်လိုက် ကိုယ်ချစ်ရသူတွေရဲ့ခေါင်းကို လက်သီးဆုပ်နဲ့ ခပ်ဖွဖွလေးထုလိုက် ကိုယ်ချစ်ရသူတွေရဲ့ခေါင်းကို မီးပုံထဲပစ်ထည့်လိုက် ကိုယ်ချစ်ရသူတွေရဲ့ခေါင်းကို အမွေးနံ့သာတွေနဲ့ ဖြီးလိမ်းပြင်ဆင်လိုက် ကိုယ်ချစ်ရသူတွေရဲ့ခေါင်းကို ဘယ်ရောက်နေပြီလဲ မေးကြည့်လိုက် ကိုယ်ချစ်ရသူတွေရဲ့ခေါင်းကို အားလုံးမြင်အောင် ကိုင်မြှောက်ပြလိုက် ကိုယ်ချစ်ရသူတွေရဲ့ခေါင်းကို ဒါဟာပုံမှန်နေ့ရက်လေးတစ်ခုပါပဲလို့ အားပေးစကားပြောလိုက် ကိုယ်ချစ်ရသူတွေရဲ့ခေါင်းကို နောက်တစ်ခါ မဖြစ်စေရတော့ဘူးလို့ ကတိတွေပေးလိုက် ကိုယ်ချစ်ရသူတွေရဲ့ခေါင်းကို ရောင်နီလာတော့မယ်သီချင်းဆိုပြလိုက် ကိုယ်ချစ်ရသူတွေရဲ့ခေါင်းကို နိုးလာရင် အားလုံးပြီးသွားမှာပါလို့နှစ်သိမ့်လိုက် ကိုယ်ချစ်ရသူတွေရဲ့ခေါင်းကို ဓာတ်ဆီတွေ လောင်းချလိုက် […]

ကဗျာ

ဒီမိုကရေစီတိုင်းပြည်ကလေး

“ဒီမိုကရေစီတိုင်းပြည်ကလေး” မောင်တင်သစ် ကျနော်တို့ဟာ ချစ်ချစ်ခင်ခင် သဘောကွဲလွဲကြမယ် ပြည်သူများရာစုကို ကိုယ့်ဘက်ပါအောင် စည်ရုံးမယ် စစ်တပ်ဟာ စစ်တပ်အလုပ်လုပ်မယ် လက်နက်ကိုင်တွေ ဗိုလ်ကျရင် လက်နက်ကိုင် ဆန့်ကျင်မယ် လူ့ဂုဏ်သိက္ခာကို အသက်ထက် တန်ဖိုးထားမယ် ပျော်ပျော်ရွှင်ရွှင် ဒီမိုကရေစီတိုင်းပြည်ကလေးမှာ နေမယ်။ (၂၀၂၄)

ကဗျာ

ပင်လယ်ထဲမချရက်ခဲ့တဲ့ စီးကရက်ဖင်စီခံ​တွေ ​ကျောပိုးအိတ်နဲ့အပြည့်

■ ​​​​သရဲ ရေးဖွဲ့သော “​​ပင်လယ်ထဲမချရက်ခဲ့တဲ့ စီးကရက်ဖင်စီခံ​တွေ ​ကျောပိုးအိတ်နဲ့အပြည့်” ကဗျာကို ​​​​​မင်း​ချေ ခံစားရွတ်ဆိုထားပါသည်။ – The Call ရဲ့ YouTube Channel (https://youtube.com/@thecall2022) တွင်လည်း Audio Book များကို ခံစားနားဆင်နိုင်ပါတယ်။

ကဗျာ

စစ်ပွဲတွေပြီးရင်

‘စစ်ပွဲတွေပြီးရင်’ ယောနသံ ရဲဘော်လေးရဲ့အလောင်း မြေချအပြီး ဘုန်းတော်ကြီးက ပြောတယ် “စစ်ပွဲတွေဖြစ်ရင် … ယောက်ျားတွေက သေစေနိုင်မယ့် ရွေးချယ်မူတွေကိုပြုကြပြီး မိန်းမတွေကတော့ အသက်ရှင်သန်ဖို့ နည်းလမ်းတွေကိုပဲ တွေးပူကြသတဲ့”။ လမ်းဘေးမှာ မူးလဲ‌နေတဲ့ အမူးသမားတစ်ယောက်က ပြောတယ် “စစ်ပွဲတွေ ပြီးသွားရင်… ယောက်ျား‌တွေအတွက် ကဗျာတွေ ကျန်ရစ်ခဲ့ပြီး အမျိုးသမီးတွေအတွက်တော့ အိပ်မက်ဆိုးတွေ ကျန်ခဲ့လိမ့်မယ်..” တဲ့ ။ ဈေးထဲက ချိုင်းထောက်နဲ့ အရူးတစ်ယောက် တွေ့ရာလူ လိုက်ပြော‌နေတယ်… “စစ်ပွဲတွေက […]

ကဗျာ

လူမည်ကာမည်ယုံမျှ

“လူမည်ကာမည်ယုံမျှ” ခွန်းနီ ကိုယ့်တစ်ကိုယ်စာလုံဖို့ထက် တပြည်လုံးစာလုံဖို့အရေး ဘယ်အမိုးနဲ့ကာရမလဲ… အသက်တွေလား… သွေးတွေလား… ဒုက္ခဆိုတာလူထုရဲ့ ယိုပေါက်ကြီးတစ်ခုဗျ အမျိုးမျိုးသောမီးတွေနဲ့ လောင်မြိုက်ခံခဲ့ရတဲ့တိုင်းပြည်ပါ ထွက်သမျှမီးခိုးတွေသာတိမ်ဖြစ်ကြေးဆို လူငယ်တွေအသက်ရှုကျပ်စရာမလိုပါဘူး လူငယ်ဆိုပေမဲ့အတင်းအကြပ်နဲ့ ရင့်ကျက်ခဲ့ရတဲ့ကောင်တွေပါ ကျလာသမျှဒုက္ခမိုးတွေ ကြိုက်တဲ့အရပ်မှာစွေပါစေအုံး ဖြစ်တဲ့ကျောနဲ့ကာမဲ့ကောင်တွေ… တော်ရာအရပ်တွေ၊ပျော်ရာအရပ်တွေ ရွေးနေဖို့မလိုပါဘူး… ကိုယ့်ခြေထောက်ဟာကိုယ့်အိမ်ပဲ ဆရာလှသန်းကဗျာထဲကလို ကိုယ့်ဖိနပ်ဟာကိုယ့်ခံတပ်ပါပဲ မွေးတစ်ခါသေတစ်လှည့်ပဲလေ ဘာအရေးလဲ၊ဘာထူးသလဲဆို ထူးတာတစ်ခုကကိုယ့်အရူးရောဂါနဲ့ ကမ္ဘာကြီးကိုမထိခိုက်ဖို့ ကိုယ့်အတ္တနဲ့လေထုကိုမညစ်ညမ်းဖို့ ကိုယ့်မာနနဲ့မျက်ရည်ကျတမ်းမကစားဖို့ လိုအပ်တဲ့အကြောင်းရယ် အသက်ရှုတိုင်းလူလို့ခေါ်မရကြောင်း တိရစ္ဆာန်တွေကသက်သေထူထားတယ်။

ကဗျာ

သတိတရ လွန်မြောက်ခြင်း

“သတိတရ လွန်မြောက်ခြင်း” နေဘုန်းလတ် အခန်းကျဉ်းတစ်ခုထဲကနေ နောက်ထပ်အခန်းကျဉ်းတစ်ခုဆီပြောင်းတော့ အမြဲရှုပ်ပွနေတတ်တဲ့ ကျွန်တော့်အခန်းလေးကို သတိရတယ် နေကောင်းကျန်းမာရဲ့လား ခဏခဏ လာစစ်ဆေးကြတော့ ကျွန်တော်စမ်းသပ်ခဲ့ဖူးတဲ့ လူနာတွေကို သတိရတယ် ပေကြိုးခပ်နွမ်းနွမ်းနဲ့ ကျွန်တော့်လည်ပင်းကိုတိုင်းတော့ ဘွဲ့နှင်းသဘင်မှာဝတ်ဖို့ မေမေ အင်္ကျီလိုက်ချုပ်ပေးတာကို သတိရတယ် ကိုယ်အလေးချိန်လာချိန်တော့ ဝတုတ် ဝိတ်လျှော့ဦးလို့ ခဏခဏ ပြောတတ်တဲ့ ချစ်သူကို သတိရတယ် သရဏဂုံတင်ဖို့တဲ့ ဘုန်းကြီးတစ်ပါး ရောက်လာတော့ မိသားစုတွေစုံကြတဲ့ ဟိုးတုန်းက အလှူပွဲတွေကို သတိရတယ် ညသန်းခေါင်ယံ […]

စကားပြေကဗျာ

ဗုံးခိုကျင်း

■ ​​​​ရွက်စိမ်း ရေးဖွဲ့သော “​​ဗုံးခိုကျင်း” စကား​ပြေကဗျာကို ​​​​​စန္ဒီ ခံစားရွတ်ဆိုထားပါသည်။ – The Call ရဲ့ YouTube Channel (https://youtube.com/@thecall2022) တွင်လည်း Audio Book များကို ခံစားနားဆင်နိုင်ပါတယ်။