ကဗျာ

ဘုရားသခင်ပျောက်ဆုံးခဲ့သောဆောင်းရာသီ

‘ဘုရားသခင်ပျောက်ဆုံးခဲ့သောဆောင်းရာသီ’ ဆူဏီးလ် အချစ်သီချင်းတွေနဲ့ ကိုယ့်ဘဝကိုလည်း မဖူးပွင့်ချင်တော့ဘူး။ နေရောင်ခြည်ထဲသစ်ရွက်ကလေးကြွေကျပုံမှာ နှလုံးသားလည်း မီးလောင်ပြင်ဘုရားကျောင်းဒဏ်ရာနဲ့။ အဘက်ဘက်မှာစစ်မျက်နှာဖွင့်ရတယ် နာကျည်းစိတ်ကို အရိုးထဲထိထိုးသွင်းထားတယ်။
ကဗျာ

လိပ်ပြာလေးတကောင်

‘လိပ်ပြာလေးတကောင်’ မိုဃ်းဇက်သော် စာအုပ်စင်ပေါ်မှာ လိပ်ပြာလေးတကောင် ဘယ်ဘဝကလာခဲ့တာလဲဆိုတော့ မလှုပ်မယှက်။ မီးမြှိုက်ခံခဲ့ရတဲ့ရွာလေးတရွာဆီက ပြေးလွှားလာခဲ့ရလို့လား ဒါမှမဟုတ် အမေဆီမပြန်နိုင်တဲ့သားတယောက် ခုမှ ပြန်လာခဲ့တာလား ဒါမှမဟုတ် နာကျင်လွန်းခဲ့တဲ့ဝိညာဥ်တကောင်ကောင်လား ဘယ်သူ့ကို စကားပါးစေချင်လို့ရောက်လာတာလဲ အသက်ကိုသယ်ခဲ့တဲ့လိပ်ပြာက အသက်မပါတော့သလို ငြိမ်လို့ ငါတို့လည်း ဘာထူးလဲ ရှင်လျက်နဲ့ သေနေတဲ့လိပ်ပြာ​တွေပဲ။ ။
ကဗျာ

ဗုဒ္ဓကို မီးလောင်ပြင်မှာ ငါတွေ့ခဲ့တယ်

‘ဗုဒ္ဓကို မီးလောင်ပြင်မှာ ငါတွေ့ခဲ့တယ်’ သင့်သူ ဗုဒ္ဓကို မီးလောင်ပြင်မှာ ငါတွေ့ခဲ့တယ်။ ဗုဒ္ဓဟာ ကြောင့်ကျတော်မူနေတယ်။ ဗုဒ္ဓဟာ ဆင်းရဲတော်မူနေတယ်။ အမြိုက်ဆေးကို ငါရှာမတွေ့ ဗုဒ္ဓကိုတော့ မီးလောင်ပြင်မှာတွေ့ခဲ့တယ်။ ဗုဒ္ဓအရှေ့ဒူးတုတ်ဝတ်တွား ဘုရားတပည့်တော်တို့ဘာမှားခဲ့သလဲဘုရားလို့ လျှောက်ကြည့်တော့။ ဗုဒ္ဓဟာ ဆိတ်ဆိတ်နေတော်မူတယ်။ ငါဟာအလိုမကျ နောက်‌တစ်နေရာ မှာ နောက်ထပ်ဗုဒ္ဓ တပါးကို‌ တွေ့လိုတွေ့ငြား ငါထထွက်ခဲ့တယ်။ နောက်ထပ်ဗုဒ္ဓကိုလည်း နောက်ထပ်မီးလောင်ပြင်တစ်ခုမှာငါတွေ့ခဲ့တယ်။ လောကငရဲ‌ဆိုတာ ဘယ်လိုပါလဲဘုရားလို့ ငါမေးလျှောက်ကြည့်ပြန်တော့ ဗုဒ္ဓက ဆိတ်ဆိတ်နေတော်မူပြန်တယ်။ ငါလည်းပြန်ရဦးမယ် […]
ကဗျာ

အရှက်ကြီးသူ

‘အရှက်ကြီးသူ’ ဆူးနတ်သန် ဒီလိုပါပဲ ကိုယ်တို့ရဲ့ ဘာမှဖြစ်မလာမှုကို ဖမ်းဆုပ်ထားရတာပဲ မျှော်လင့်ချက်တွေ သေမယ် ငါး အကြီးကြီးတွေ မလိုပါဘူး သီချင်းဟောင်း တစ်ပုဒ်လိုအပ်ခဲ့တာ လက်ဖက်ရည်ကျစိမ့်နဲ့ ဆေးပေါ့လိပ် တစ်တို လိုအပ်ခဲ့တာပါ ပိုက်ကွန်ကြဲကြီးနဲ့ ပစ်ချပြီး အဖမ်းခံရတော့ ရင်ဘက်ထဲ နင့်ခနဲနေအောင် လှိုက်ခနဲ ဝမ်းနည်းပြီး လိုက်သွားရတာပါပဲ ပြန်လာခဲ့မယ် ဒါပေမဲ့ တစ်မြို့တည်း ဝေးနေကြရတဲ့သူတွေအဖြစ်ပေါ့ကွယ် တစ်ယောက်က အမှောင်ခန်းထဲမှာ တစ်ယောက်က လူအပြည့် တင်ဆောင်သွားတဲ့ မိုးကာစိမ်းပေါ်က […]
ကဗျာ

ရန်ကုန်မှာငေး ရန်ကုန်ဟာဆွေး

‘ရန်ကုန်မှာငေး ရန်ကုန်ဟာဆွေး’ Jo ကြားချင်ပါ့မလားမသိပေမယ့် ရန်ကုန်အကြောင်းငါပြောပြမယ်။ မြက်ရိုင်းတွေထူလာတယ် တောကြောင်တွေပေါလာတယ် နေဝင်စောတဲ့ဆောင်းရာသီမှာ မမှောင်ခင်အိမ်ပြန်ရောက်မှ စိတ်တွေဟာတပူငြိမ်းတယ်။ ရန်ကင်းပန်းခြံထဲ ဂီတာထိုင်တီးတဲ့သူတွေမရှိတော့ဘူး လှည်းတန်းဂုံးတံတားအောက် စကိတ်မစီးကြတော့ဘူး နေ့မှာမျက်နှာသေတွေနဲ့ ပြေးလွှားနေကြရတဲ့သူတွေက ညရိပ်သန်းတာနဲ့ အမှောင်ကြောက်တဲ့ဇွန်ဘီတွေလိုပဲအလျှိုလျှိုပျောက်သွားလိုက်ကြတာ မြို့တော်ဟာ တိတ်ဆိတ်ခြောက်ကပ်လို့။ အဆိုးဆုံးအပိုင်းက သူငယ်ချင်းတွေထွက်သွားကြတာပဲ တချို့က လေယာဉ်ပျံကြီးစီးလို့ တချို့က ကူးတို့ခ ငါးမူးငုံလို့ တချို့က အချုပ်ထဲထောင်ထဲ တချို့ကျတော့လည်း တောထဲတောင်ထဲ။ ဟေ့ရောင်တွေ… ဘယ်တော့ပြန်ဆုံမလဲလို့အမေး ကံမကုန်ရင်ပေါ့တဲ့ ပြန်ဖြေကြတယ် […]
စကားပြေကဗျာ

အသံတိတ်ရုပ်ရှင်

“အသံတိတ်ရုပ်ရှင်” လူရောင်လွင် စစ်ကြီးက ကိုယ်ခန္ဓာတွေကို အစိတ်အပိုင်းသေးသေးလေးတွေအဖြစ် ခွဲခြမ်းစိတ်ဖြာပစ်တယ်။မင်းရဲ့လက်တဖက်က ဘယ်မှာလဲ။ချစ်ရသူရဲ့အိပ်ယာကုတင်ဘေးက ဝက်စုဘူးလေးထဲမှာလား။စပါးကျီရဲ့ထုတ်တန်းမှာ တွဲလွဲချိတ်ထားတာလား။ဆိုင်ကယ်ကို လေဘာကုန်ဆွဲရင်း နားကြပ်ကို တပ်လိုက်တော့ Gun n` Roses ရဲ့ Sweet Child O` Mine ဟာ ဆူညံစွာ အော်ဟစ်လို့ ။ငါတို့ဟာမြေနိမ့်လွင်ပြင်တွေမဟုတ်ဘူး။ငါတို့က တုန်ခါနေတဲ့ချိုင့်ဝှမ်းတွေ။မြေအောက်ဂူတွေထဲမှာ ပိုးဟတ်တွေဟာအလျှံငြီးငြီး မီးတွေတောက်လောင်လို့။စစ်ကြီးပြီးတော့စစ်သားတွေဟာ အိမ်ကိုပြန်ကြတယ်။စစ်ကြီးပြီးတော့ ချစ်ရသူရဲ့ကုတင်ဘေးက ဝက်စုဘူးလေးလည်း မရှိတော့ဘူး။ရွာထိပ်မှာထုံးဖြူသုတ်ထားတဲ့ အုတ်ဂူတွေ။သားချော့တေးကို ဘလူးတုဘောက်စ်နဲ့ အကျယ်ကြီး ဖွင့်ထားပေးကြတယ်။
ကဗျာ

တကိုယ်ရည်စာယားယံမှုကိုကုတ်ခြစ်ဖို့ မဆုံသောလမ်းမှာ

‘တကိုယ်ရည်စာယားယံမှုကိုကုတ်ခြစ်ဖို့ မဆုံသောလမ်းမှာ’ ထူးထက် ကိုယ်စီရွေးချယ်မှုတွေပါပဲ အားလုံးဟာ ဖြစ်နေတဲ့အခြေအနေတွေကို အားလုံးလည်းသိခဲ့ပြီးမှ ဆက်ပြီးပြောစရာမလိုတော့တာမျိုး မနက်ဖြန်ရှိချင်ရှိမယ် ရှိချင်မှလည်းရှိမယ် မရေရာမှုတွေကိုပဲ နေ့စဥ်ဝါးမြိုနေလိုက်ကြပုံများ လက်ကျန်အသက်ဟာ ဖွဲကြမ်းများလို ကပ်ကာလမှာ လူ့တန်ဘိုးဟာ ထက်ဝက်ကျတော့ စစ်ပွဲတွေမှာရော ဘယ်လောက်ကျမလည်း နောင်တအကြောင်းကိုဖွဲ့နွဲ့ဖို့ ဘယ်နှခါများပျောက်ဆုံးရမလည်း အရှိတရားပါပဲ အားလုံးဟာ ပြန်မြင်အောင်ကြည့်လည်း မမြင်ရတော့တဲ့မှန်ကို မှုန်ဝါးမှုပြကွက်တစ်ခုခြင်းစီအတွက် ကြေးမုံလို့ခေါ်သလား ကိုယ်သေချာမသိဘူး မသေချာမှုတွေပဲ အားလုံးဟာ အော်ဟစ်ဆဲရေးတတ်ဖို့ ပတ်ဝန်းကျင်လိုတယ် အဝိုင်းခံထားရတဲ့ထင်ယောင်မှားမှုတစ်ခုခြင်းစီကို မလှုပ်နဲ့ လို့ […]
ကဗျာ

မှားယွင်းတဲ့ အချစ်

‘မှားယွင်းတဲ့ အချစ်’ ရာမွန် အချစ်ထက် အစစ်လိုတယ်လို့ အော်နေတဲ့ ခေတ်မှာ ကိုယ်က ငူငူကြီးရပ်နေမိတယ် ကိုယ်တို့က မရေရာဘူး မြူတွေထဲကနေ အသက်ကို ငင်ရတယ် သားနှစ်ယောက် ထောင်ဝင်စာပို့ရလို့ ဆန်ကွဲနဲ့စားနေရတဲ့ အန်တီကြီးရှိတဲ့ခေတ်မှာမှ ကိုယ်တို့က ချစ်မိတယ် တယောက်တည်း မဟုတ်ဘူး ဘေးပါတ်ပါတ်လည်ကိုကြည့်လိုက် လူတွေဟာ စူးတွေပဲ အချစ် လူတွေဟာ အဆိပ်တွေပဲ အသံကို ချုပ်လို့မရတော့ လေကို ဖမ်းလို့မရတော့ ဘဝကို ချိတ်ဆွဲကြတယ် ပြန်လာချင်တယ် […]
စကားပြေကဗျာ

မေ့လိုက်ပါမြနန္ဒာ

‘မေ့လိုက်ပါမြနန္ဒာ’ မိုးမြင့်ကျော် အေးစက်စက်ရာသီဥတုထဲ တယောက်တည်းလျှောက်သွားမိတိုင်း အမလက်ဖဝါးနွေးနွေးကိုသတိရတယ်။ အမကြိုက်တဲ့ မြက်ရိုင်းပန်းဖြူတွေ၊ အမ မကြိုက်တဲ့စစ်ပွဲတွေ။ စစ်ပွဲကာလထဲ လေယာဥ်တွေဝဲလာတိုင်း ဗုံးခိုကျင်းလေးထဲ အမကြောက် နေမလား။ ကျနော့လက်တွေကို ဖျာတချပ်စာဖြန့်လို့ အမအပေါ် ကာမိုးပေးထားတယ်။ ရန်သူ့လေယာဥ်ပျက်ကြီးတွေ၊ ကျဆုံး စခန်းကုန်းတွေ၊ ပြာဖြစ်မီးလောင်သွားတဲ့ရွာပျက်ကြီးတွေ ကျနော့်မှာလည်ပါတ်စရာတွေပေါတယ်။ ဒါပေမယ့် အမရယ် အမ ,မပါဘဲ သွားလာနေရတာကို ကျနော်မပျော်ဘူး။ ကျနော်ကျဆုံးခဲ့ရတဲ့ တောင်ကမူလေး ရွှေကျင်ခိုင်းဖို့ ဘတ်ဖိုးတွေ ဝိုင်းလိုက်ပြီ။ ရန်သူ့တပ်တွေစခန်းချသွားတဲ့ […]
ကဗျာ

ငါ့အလံတော်

‘ငါ့အလံတော်’ ယောနသံ တစ်ယောက်အကြောင်း ပြောလို့ မပြီးသေးဘူး နောက်တစ်ယောက်ရဲ့ နာ‌ရေး သတင်းကို ကြားရ။ တစ်ယောက်အကြောင်း ရေးလို့ မပြီးသေးဘူး နောက်တစ်ယောက်ရဲ့ ဓါတ်ပုံအဟောင်းကို ပြန်လည် ရှာ‌ဖွေရ။ မပြောဖြစ်လိုက်တဲ့ စကားတွေ မပို့ဖြစ်လိုက်တဲ့ မက်ဆေ့ခ်ျတွေ မကိုင်ဖြစ်လိုက်တဲ့ မစ်ကောတွေ မတွေ့ဖြစ်လိုက်တဲ့ မျက်နှာတွေ ဖွင့်ဟ ဝန်မခံမိခဲ့တဲ့ ချစ်ခြင်းတရားတွေ တစ်ပိုင်းတစ်စနဲ့ အဆုံးသတ်လိုက်ရတဲ့ ကဗျာတွေ။ မနက်ဖန်ဆိုတာ မရောက်သေးပါဘူးကွာလို့ ပြောရင်း မနက်ဖန်ကို တကယ်ရောက်မသွားကြတဲ့ […]