သတင်းသုံးသပ်ချက်ဆောင်းပါး

တော်လှန်ရေးဦးတည်ရာနဲ့ ရလဒ်

“တော်လှန်ရေးဦးတည်ရာနဲ့ ရလဒ်” – သတင်းသုံးသပ်ချက်ဆောင်းပါး – ■ ​ကျော်​ဇောခိုင် ဒီအပတ်အတွင်း စစ်ကောင်စီဟာ စစ်ကိုင်းတိုင်းထဲက မြို့တွေဖြစ်တဲ့ အရာတော်၊ ဝက်လက်၊ မြင်းမူ၊ ကနီ၊ မင်းကင်း၊ ကလေးဘက်တွေကို တနယ်မဟုတ်တနယ် နေ့စဥ်ဆိုသလို လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်။ စစ်ကိုင်းနဲ့အပြိုင် မန္တလေးအထက်ပိုင်းက သပိတ်ကျဥ်း၊ စဉ့်ကူးနဲ့ မတ္တရာမြို့တွေလည်း ဗုံးကြဲတိုက်ခိုက်ခံရမှုထဲ ပါဝင်တာကိုတွေ့ရတယ်။ ဒါ‌ကြောင့် အင်းတော် ကျသွားပြီးတဲ့နောက်ပိုင်း စကစဟာ စစ်ကိုင်းနဲ့မန်းကို ပြန်ပြီး တင်းထားဖို့လိုတယ်လို့ […]
သတင်းသုံးသပ်ချက်ဆောင်းပါး

ကျယ်ပြန့်လာတဲ့ တော်လှန်စစ်နဲ့ ကုန်သွယ်စစ် ဒုတိယပိုင်းအစ

“ကျယ်ပြန့်လာတဲ့ တော်လှန်စစ်နဲ့ ကုန်သွယ်စစ် ဒုတိယပိုင်းအစ” – သတင်းသုံးသပ်ချက်ဆောင်းပါး – ■ ​ကျော်​ဇောခိုင် နေပြည်တော်ကိုအထိနာစေခဲ့တဲ့ မတ် ၂၈ ငလျင်နောက်ဆက်တွဲသတင်းတွေ အရှိန်မသေသေးခင် မတ်လကုန်နဲ့ ဧပြီလဆန်းမှာပဲ နေရာအနှံ့ကနေ စကစ စစ်ရှုံးသတင်းတွေ ထွက်ပေါ်လာတယ်။ ‘ချင်း၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး’ တော်လှန်ရေးတပ်​တွေဟာ မတ်လ ၃၀ နဲ့ ၃၁ ရက်တွေမှာ စလင်းက လေကြောင်းရန်ကာကွယ်ရေး စစ်ဆင်ရေးဌာနချုပ်တွေကို ဓာတ်အားပေးနေတဲ့ တညောင်ဓာတ်အားပေးစက်ရုံကို […]
သတင်းသုံးသပ်ချက်ဆောင်းပါး

စစ်ကိုင်းငလျင်အလွန် တော်လှန်ရေး

“စစ်ကိုင်းငလျင်အလွန် တော်လှန်ရေး” – သတင်းသုံးသပ်ချက်ဆောင်းပါး – ■ ​ကျော်​ဇောခိုင် မတ်လ ၂၈ ရက်က စစ်ကိုင်းကို ဗဟိုပြုလှုပ်သွားတဲ့ ငလျင်ဟာ စစ်ကိုင်း၊ မန္တလေးနဲ့ နေပြည်‌တော်ကို ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်စီးစေခဲ့တယ်။ သဘာဝဘေးဒါဏ်ကြိုတင်ကာကွယ်ရေး၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးတွေ သတ်သတ်မှတ်မှတ်မရှိတဲ့ နိုင်ငံတနိုင်ငံအတွက် သတင်းတွေမှာဖော်ပြလာတဲ့ သေကြေထိခိုက်ဒါဏ်ရာရမှုတွေနဲ့ အပျက်အစီးတွေဟာ ရှေ့မှာ ဆက်လက်ရင်ဆိုင်ရမယ့် အခက်အခဲတွေကို ကြီးမားစေပါလိမ့်မယ်။ ဒီငလျင်ဟာ တဘက်မှာဘာကိုဖော်ပြသလဲဆိုရင် မြို့ကြီး ၃ မြို့နဲ့ […]
သတင်းသုံးသပ်ချက်ဆောင်းပါး

ကဘော်ချိုင့်ဝှမ်းက သတင်းစကား

“ကဘော်ချိုင့်ဝှမ်းက သတင်းစကား” – သတင်းသုံးသပ်ချက်ဆောင်းပါး – ■ ကျော်ဇောခိုင် ၂၀၂၅ မှာ အိန္ဒိယဂျီဒီပီက အရင် ဆယ်စုနှစ်တွေကထက် နှစ်ဆတက်လာတယ်။ ဒေါ်လာ ၄.၃ ထရီလီယံ ရှိလာတယ်။ လက်ရှိ ကမ္ဘာ့ နံပါတ်ငါး စီးပွားအင်အားကြီးနိုင်ငံဟာ ဒီနှုန်းအတိုင်း တနှစ်ကို ၇% လောက် ဆက်တက်လာရင် မကြာခင်မှာ နံပတ်လေး ဂျပန် (၄.၄ ထရီလီယံ) နဲ့ နံပါတ်သုံး ဂျာမဏီ (၄.၉ […]
သတင်းသုံးသပ်ချက်ဆောင်းပါး

အမေရိကန် အလှည့်အပြောင်း (၃)

“အမေရိကန် အလှည့်အပြောင်း (၃)” – သတင်းသုံးသပ်ချက်ဆောင်းပါး – ■ ကျော်ဇောခိုင် ၂၁ ရာစုထဲမှာ လစ်ဘရယ် အမျိုးအစားသစ်တခုကို စတင် မိတ်ဆက် သုံးစွဲလာကြတယ်။ နာမည်အရ ဝုတ်ခ်လစ်ဘရယ် (Woke Liberal) လို့ ခေါ်ဝေါ်သတ်မှတ်တယ်။ လူ့အဖွဲ့အစည်းအတွင်း စနစ်တကျ ပျံ့နှံ့စိမ့်ဝင်နေသည့် လူမျိုး‌ရေးခွဲခြားမှု (Racial)၊ လူနည်းစုဖြစ်တဲ့ လူမျိုးစုအခွင့်အရေးများ (Ethnic Minority)၊ လူနည်းစု လိင်ခွဲခြားသတ်မှတ်ခံရသူများ (Sexual Minority) ကို […]
သတင်းသုံးသပ်ချက်ဆောင်းပါး

အမေရိကန်အလှည့်အပြောင်း (၂)

“အမေရိကန်အလှည့်အပြောင်း (၂)” – သတင်းသုံးသပ်ချက်ဆောင်းပါး – ■ ကျော်ဇောခိုင် အမေရိကန် အကြွေးထူတယ်ဆိုပေမယ့် သူ့ဂျီဒီပီကလည်း အတော်များတယ်။ ကမ္ဘာမှာ အကြီးမားဆုံး ဂျီဒီပီကို ပိုင်ဆိုင်တယ်။ ၂၀၂၅ ခန့်မှန်းစာရင်းက ၂၇ ထရီလီယံနီးပါး ရှိတယ်။ နိုင်ငံအသီးသီးက ထုတ်ရောင်းထားတဲ့ ဘွန်းတွေ၊ အာမခံစာချုပ်တွေကို ပြန်ဆပ်နိုင် မဆပ်နိုင်ကို နိုင်ငံတွေရဲ့ကြွေးမြီနဲ့ ဂျီဒီပီကြား ခန့်မှန်း ချိန်ဆကြတယ်။ ‘အကြွေးနဲ့ စုစုပေါင်း အသားတင်ဝင်ငွေအချိုး’ လက်ရှိ အမေရိကန်ရဲ့ […]
သတင်းသုံးသပ်ချက်ဆောင်းပါး

အမေရိကန်အလှည့်အ​ပြောင်း

“အမေရိကန်အလှည့်အ​ပြောင်း” – သတင်းသုံးသပ်ချက်ဆောင်းပါး – ■ ကျော်ဇောခိုင် ဒီလဆန်း ထရမ့်-ဇာလင်းစကီး တွေ့ဆုံပွဲမှာ ထရမ့်၊ ဒုသမ္မတ ဂျေဒီဗင့်စ်နဲ့ ဇာလင်းစကီးတို့ရဲ့ ဆွေးနွေးပွဲဟာ တကမ္ဘာလုံးကို အံ့အားသင့်စေခဲ့တယ်။ ထရမ့်ရဲ့ ဒုတိယသက်တမ်းအစမှာပဲ စစ်၊ ဒီပလိုမေစီ၊ ငြိမ်းချမ်းရေးနဲ့ နိုင်ငံတကာဆက်ဆံရေး စတဲ့ နယ်ပယ်တိုင်းမှာ အပြောင်းအလဲ လျင်မြန်လာတာ တွေ့ရတယ်။ ‘ဘတ်ဂျက်လိုငွေနဲ့ ကုန်သွယ်ရေးလိုငွေ’ အမေရိကန်မှာဖြစ်နေတဲ့ အပြောင်းအလဲတွေကိုလေ့လာရင် နိုင်ငံရေးပိုင်းနဲ့ စီးပွားရေးပိုင်းဆိုပြီး ၂ ပိုင်းခွဲပြီး […]
သတင်းသုံးသပ်ချက်ဆောင်းပါး

နယ်မြေကို အချိန်ရှုထောင့်က ချဉ်းကပ်ခြင်း

“နယ်မြေကို အချိန်ရှုထောင့်က ချဉ်းကပ်ခြင်း” – သတင်းသုံးသပ်ချက်ဆောင်းပါး – ■ ကျော်ဇောခိုင် ပြီးခဲ့တဲ့အပတ်က အေးရှားတိုင်းမ် စစ်ရေးသုတေသီ အန်သိုနီဒေးဗစ်ရဲ့ မြန်မာ့တော်လှန်ရေးကို fluid war လို့သုံးခဲ့တာဟာ ၂၀၂၅ အတွင်း ပြတ်ပြတ်သားသား ခန့်မှန်းရခက်တဲ့ ရလဒ်အခြေအနေကို ရည်ညွှန်းလိုသလို တိုက်ပွဲတွေမှာသုံးတဲ့ နည်းဗျူဟာတွေပေါ်ဆက်စပ်သုံးနှုံးပုံရတာ တွေ့ရတယ်။ တကယ်တော့ fluid war ဆိုတဲ့အသုံးဟာ မြန်မာစစ်တိုင်းတွေအတွင်းမှာ တိုက်နေရတဲ့ အခြေအနေတွေကို အဓိကထား သုံးစွဲပုံရတယ်လို့ ယူဆတယ်။ […]
သတင်းသုံးသပ်ချက်ဆောင်းပါး

ကြားခံနယ်မြေများကို ကျော်လွန်ခြင်း

“ကြားခံနယ်မြေများကို ကျော်လွန်ခြင်း” – သတင်းသုံးသပ်ချက်ဆောင်းပါး – ■ ကျော်ဇောခိုင် စစ်အာဏာသိမ်းပြီးချိန်ကစလို့ နွေဦးတော်လှန်ရေးကို စောင့်ကြည့်လေ့လာ ဝေဖန်နေတဲ့ အေးရှားတိုင်းမ်က စစ်ရေးကျွမ်းကျင်သူ အန်သော်နီဒေးဗစ်ရဲ့​ဒီလ ၁၈ ရက်က ဆောင်းပါး Myanmar’s fluid war edging toward an endgame ကို ဒီတပတ် လေ့လာကြည့်ပါမယ်။ ‘မတူညီတဲ့ မြေပြင်အနေအထားနှစ်ခု’ ဆောင်းပါးရှင်က စစ်ပွဲဟာ အဆုံးသတ်ကို ဦးတည်လာနေတယ်လို့ သူ့ခေါင်းစဥ်မှာ ဖော်ပြတယ်။ […]
သတင်းသုံးသပ်ချက်ဆောင်းပါး

အလှမ်းမဝေးတော့တဲ့ မန်းမကွေး

“အလှမ်းမဝေးတော့တဲ့ မန်းမကွေး” – သတင်းသုံးသပ်ချက်ဆောင်းပါး – ■ ကျော်ဇောခိုင် ဖေဖော်ဝါရီ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့မှာသာမက ရှမ်းပြည်နယ်‌နေ့၊ ကချင်ပြည်နယ်နေ့ စတဲ့ ပြည်နယ်နေ့တွေမှာ စာထုတ်ပြန် (သဝဏ်လွှာ) ပေးပို့တဲ့အခါတွေမှာ စကစဘက်က ထည့်သွင်း ပြောကြားလာတဲ့အချက်က နိုင်ငံရေးပြဿနာကို နိုင်ငံရေးစားပွဲဝိုင်းမှာ ဖြေရှင်းကြဖို့ ဆိုတာပဲဖြစ်တယ်။ ခုနောက်ပိုင်း တခုပိုလာတာက တိုင်းပြည်ဟာ ပြည်ပလက်အောက်ခံဘဝကို ပြန်ပြီး ကျရောက်သွားနိုင်တယ် ဆိုတာမျိုး ပါပါလာတယ်။ ဒါဟာ စစ်တပ်အင်အားကောင်းကောင်းနဲ့ […]