စကားပြေကဗျာ

မေ့လိုက်ပါမြနန္ဒာ

‘မေ့လိုက်ပါမြနန္ဒာ’ မိုးမြင့်ကျော် အေးစက်စက်ရာသီဥတုထဲ တယောက်တည်းလျှောက်သွားမိတိုင်း အမလက်ဖဝါးနွေးနွေးကိုသတိရတယ်။ အမကြိုက်တဲ့ မြက်ရိုင်းပန်းဖြူတွေ၊ အမ မကြိုက်တဲ့စစ်ပွဲတွေ။ စစ်ပွဲကာလထဲ လေယာဥ်တွေဝဲလာတိုင်း ဗုံးခိုကျင်းလေးထဲ အမကြောက် နေမလား။ ကျနော့လက်တွေကို ဖျာတချပ်စာဖြန့်လို့ အမအပေါ် ကာမိုးပေးထားတယ်။ ရန်သူ့လေယာဥ်ပျက်ကြီးတွေ၊ ကျဆုံး စခန်းကုန်းတွေ၊ ပြာဖြစ်မီးလောင်သွားတဲ့ရွာပျက်ကြီးတွေ ကျနော့်မှာလည်ပါတ်စရာတွေပေါတယ်။ ဒါပေမယ့် အမရယ် အမ ,မပါဘဲ သွားလာနေရတာကို ကျနော်မပျော်ဘူး။ ကျနော်ကျဆုံးခဲ့ရတဲ့ တောင်ကမူလေး ရွှေကျင်ခိုင်းဖို့ ဘတ်ဖိုးတွေ ဝိုင်းလိုက်ပြီ။ ရန်သူ့တပ်တွေစခန်းချသွားတဲ့ […]

ကဗျာ

ငါ့အလံတော်

‘ငါ့အလံတော်’ ယောနသံ တစ်ယောက်အကြောင်း ပြောလို့ မပြီးသေးဘူး နောက်တစ်ယောက်ရဲ့ နာ‌ရေး သတင်းကို ကြားရ။ တစ်ယောက်အကြောင်း ရေးလို့ မပြီးသေးဘူး နောက်တစ်ယောက်ရဲ့ ဓါတ်ပုံအဟောင်းကို ပြန်လည် ရှာ‌ဖွေရ။ မပြောဖြစ်လိုက်တဲ့ စကားတွေ မပို့ဖြစ်လိုက်တဲ့ မက်ဆေ့ခ်ျတွေ မကိုင်ဖြစ်လိုက်တဲ့ မစ်ကောတွေ မတွေ့ဖြစ်လိုက်တဲ့ မျက်နှာတွေ ဖွင့်ဟ ဝန်မခံမိခဲ့တဲ့ ချစ်ခြင်းတရားတွေ တစ်ပိုင်းတစ်စနဲ့ အဆုံးသတ်လိုက်ရတဲ့ ကဗျာတွေ။ မနက်ဖန်ဆိုတာ မရောက်သေးပါဘူးကွာလို့ ပြောရင်း မနက်ဖန်ကို တကယ်ရောက်မသွားကြတဲ့ […]

ကဗျာ

မှိန်စုတ်စုတ် ဆေးထိုးအပ်တချောင်း

‘မှိန်စုတ်စုတ် ဆေးထိုးအပ်တချောင်း’ပန်းနုဝင်းမှုန်ကုတ်ကုတ် တောင်တန်းပေါ်ကလှုပ်တုတ်တုတ် အလင်းရောင်နောက်လိုက်နေတဲ့မှိန်စုတ်စုတ် ဆေးထိုးအပ်တချောင်း။အသက်ရှုမဝတဲ့ ဆေးရုံကိုရင်နာနာနဲ့ကျောခိုင်းခဲ့တာဘလေဘဇာဖြစ်နေတဲ့ ခေတ်ကို ပြောင်းစေချင်လို့။ငရဲမီးတွေ ငါတို့နယ်ကို မလောင်ခင်ကတည်းကမီးမုန်တိုင်းထဲ တိုးဝင်ခဲ့တာသတ္တိကောင်းလွန်းလွန်းလို့ မဟုတ်ဘူး။အိမ်က အဆင်ပြေလွန်းလို့ မဟုတ်ဘူး။ကြယ်တွေကြွေတာ မကြည့်နိုင်လို့။အေး…ကြယ်တွေကြွေတာ မကြည့်နိုင်လို့။ကားသံ မီးစက်သံ ကြားရင်တောင်ဂျက်ဖိုက်တာသံလား လို့စိုးရိမ်ရေမှတ်တွေ တက်တယ်။လက်နက်ကြီးသံဟာ အခုထိငါ့နှလုံးသွေးကြောကို ကျဥ်းစေတုန်း။“ရဲဘော် အဆင်ပြေသွားမှာနော်”လို့ပြောရင်းဆေးထိုးအပ်ကို ကိုင်နေတဲ့အချိန်မှာဘယ်အရာကိုမှ ကြောက်မနေတော့ဘူး။ဘယ်အရာကိုမှ………..။နှလုံးသည်းပွတ်ကို ဓားတွေနဲ့ မွှန်းလည်းကိုယ့်ဒဏ်ရာကိုယ် ဆေးထည့်ရင်းလမ်းကြောင်းစောင်းနေတဲ့ ကြယ်တွေအတွက်နဲ့တန်းဖြောင့်အောင်သွားနေတဲ့ ကြယ်တွေကိုဒီဆေးထိုးအပ်က လျစ်လျူမရှူ နိုင်ဘူး။

ကဗျာ

ရခဲလှတဲ့လူ့ဘဝ

‘ရခဲလှတဲ့လူ့ဘဝ’ ခွန်းနီ လူ့ဘဝဆိုတာရခဲတယ်ငါ့မြေးရဲ့ အဖွားရဲ့လက်သုံးစကားပဲ… ငယ်ငယ်တုံးကအမြဲနားယဥ်တဲ့စကား အခုရက်ပိုင်းတွေအဖွားကိုသတိရတယ် ဟုတ်ပါတယ်ကျွန်တော်မေ့နေလို့ပါ အဖွားမရှိတော့တာနှစ်ပေါင်းမနည်းတော့ အဖွားအဆုံးအမတွေနားထဲပြန်ပြန်ကြားနေရတယ် လူ့ပြည်ကအပ်တစ်စင်းနဲ့မိုးပေါ်ကအပ်တစ်စင်း ဒီအပ်နှစ်စင်းအပ်ဖျားချင်းထိမှ လူ့ဘဝဆိုတာရတတ်တာတဲ့ အတော်ခက်တဲ့ကိစ္စပဲပေါ့… အခုချိန်မှာအဖွားနဲ့ဒီအကြောင်းဆွေးနွေးချင်တယ် အဖွားစကားကိုငြင်းချက်ထုတ်ချင်တယ် တချို့တချို့များတော့လူ့အသက်တွေ လူ့ဘဝတွေ၊လူ့အိမ်မက်တွေကို ကြက်ကလေး၊ငှက်ကလေးများလို သတ်လိုက်ဖြတ်လိုက်နဲ့အဖွားရေ လွယ်လင့်တကူပါပဲလား…. အဖွားမလွယ်တဲ့ကိစ္စကိုသူတို့ဟာ လွယ်လွယ်လေးနဲ့ဖျတ်စီးနေကြတယ် ကဲ…အဖွားဘာပြောမလဲ… အဖွားရှိရင်လဲဘာမှပြောနိူင်မှာမဟုတ်ဘူး အဖွားတို့ခေတ်ကခေတ်ပျက်ကြီး ငါမြေးတို့ခေတ်ကောင်းကြီးကြုံရတာ ကံသိပ်ကောင်းတယ်ဆိုတဲ့အဖွား အခုများတော့အဖွားတို့ခေတ်ပျက်ကြီးကို ကျွန်တော်အလည်ရောက်နေတယ် အဖွားရှိမလားရှာပါသေးတယ် အဖွားမရှိပေမဲ့အဖွားသိခဲ့သလို ကျွန်တော်သိလာရတယ်…. အဖွားမသိတာတစ်ခုကအဖွားခေါင်းချခဲ့တဲ့ အညာဟာအဖွားကိုညာနေခဲ့တာပဲ ကျွန်တော့်ကိုလဲညာသွားတယ် […]

ကဗျာ

မှန်ကန်စွာရူးသွပ်ခြင်း

‘မှန်ကန်စွာရူးသွပ်ခြင်း’ ခွန်းနီ ညကတဖြေးဖြေးနက်လာပြီ ညဆိုတာအိပ်စက်ရကောင်းမှန်းသိလေ ငါ့မှာမျက်လုံးတွေမှိတ်ပစ်ဖို့ကြောက်လေပဲ။ ညရဲ့အမှောင်ထုမှာငါ့ကိုငါရှာကြည့်တယ် ဖြစ်တည်မှုဟာအသည်းအသန်ပျောက်ရှသွားခဲ့ပေါ့။ ငါ့နံရိုးတွေကိုစမ်းကြည့်မိသေးတယ်မာရီနာ မင်းမဟုတ်တဲ့တစ်စုံတစ်ယောက်ကများငါ့နံရိုးကို လိမ်လည်လှည့်ဖျားပြီးယူသွားသလားပေါ့…။ တကယ်တော့ဘာမှမယူသွားကြသလို ငါ့မှာလဲဘာမှမရှိတော့ပါဘူး…။ ဟနေတဲ့မေးရိုးထဲလက်နှိုက်ရှာကြည့်မိတော့ မျှတလွတ်လပ်တဲ့အငွေ့အသက်ဆိုတာ စိုးစင်းမျှမထိတွေ့၊မခံစားရတဲ့ညတွေပါမာရီနာ။ အိပ်မပျော်တဲ့ညတွေမှာလန့်လန့်နိုးရတာလဲပြဿနာ အားလုံးကိုစိတ်ချဖို့တဖွဖွပြောနေပေမဲ့လက်တွေ့မှာ စိတ်ချလက်ချအိပ်ပျော်ဖို့တောင်လေးလံလွန်းနေတယ် ကြာရင်ရူးမှာပါတဲ့…မခက်ပေဘူးလားမာရီနာ။ လူသိရှင်ကြားရူးတာနဲ့လူမသိသူမသိတိတ်တဆိတ် ရူးနှမ်းတာမျိုးကကြားထဲမှာအလွှာပါးပါးလေးတစ်ချပ် ပဲခြားထားတယ်မာရီနာ…။ ရူးသွပ်ပုံရူးသွပ်နည်းတွေမှာဒဏ်ရာကိုယ်စီနဲ့ ဒါပေမဲ့တစ်ချို့ဒဏ်ရာတွေကလှတယ်မာရီနာ။ တချို့ဒဏ်ရာတွေဟာတောင်ပေါ်မှာ၊တချို့ကပင်လယ်နားမှာ၊တချို့ကမြေပြန့်မှာအသီးသီးပြန့်ကျဲနေတယ်။ ဒီကာလမှာတော့လူငယ်များစွာဟာစစ်မက်ကိုရူးကြပြီ တော်လှန်ခရီးကိုရှေ့ဆုံးကသွားမယ်ထအော်တဲ့ရဲဘော် လေး…အသံတွေတောင်ပြာလို့…။ အရှိတရားတစ်ခုမှာတော့ခြေထောက်တဖက်ကမရှိတော့ဘူး၊တစ်သက်လုံးထိုင်နေဖို့ကိုငြင်းဆန်နေတဲ့ခြေ နှစ်ဖက်လုံးစွန့်ခဲ့တဲ့ရဲဘော်လေးတွေလဲရှိတယ်မာရီနာ။ ကိုယ့်အိမ်မက်ကိုနှောင်တချိန်မှာဖမ်းဆုပ်ထားဖို့ အများနည်းတူလက်နှစ်ဖက်နဲ့မဟုတ်ပဲတစ်ဖက်တည်းနဲ့မြဲအောင်လေ့ကျင့်နေတဲ့ရဲဘော်တချို့၊လောကအလင်းကိုတစ်သက်လုံးမမြင်နိူင်တော့မဲ့အမှောင်ထဲ မှာမနေလိုသူရဲဘော်လေးတွေအများကြီးဆိုမှအများကြီးပဲမာရီနာရေ…။ ယုံကြည်ရာအတွက်ရူးမိုက်ပုံများ အရိုးထဲထိခိုက်ကြတဲ့လူငယ်တွေ….။ […]

ကဗျာ

နွမ်းနွမ်းလျလျ ​ဒီဇင်ဘာ

‘ နွမ်းနွမ်းလျလျ ​ဒီဇင်ဘာ ” ဆိုမာလီ အမှောင်ထဲကဗျာတွေရေးတော့ စကားလုံးတွေကတွန့်လိမ်ကောက်ကွေးနေတယ် ဒီဇင်ဘာလမှာအအေးဓာတ်တွေက တစ်ယောက်ထဲပိုလွန်ကဲနေလို့ မင်းကိုယ်ငွေ့လေးအနဲငယ်လိုတယ်…..။ ဒီလိုပဲဖြတ်ကျော်လာခဲ့ရင်း မကြာခင်ဒီဇင်ဘာပြန်ရောက်တော့မယ် ရေခဲရိုက်ပြီးသားနှလုံးသားလေး အခုထိရောင်းတန်းမဝင်သေး ဒီနှစ်ဒူးရင်းသီးတွေပိုချိုမယ်ထင်လို့ စျေးမေးထားသေးတယ်…။ ပျိုမြစ်တဲ့တနင်္ဂနွေညတွေမှာ ခရီးတွေပတ်သွားချင်တယ် ညစျေးတန်းထက်လှတဲ့ ရှုမျော်ခင်းလှလှတွေဝယ်ပေးထားပြီး ချက်အရက်ပြင်းပြင်းကို တစ်ချိုက်ထဲအတူတူမော့မယ် ငှက်ကလေးတွေကို အိပ်တန်းမတက်စေပဲတေးသီခိုင်းမယ် ညနေရဲ့နေအဝင်မှာ ခိုကပ်လိုက်ပါခဲ့တာဒီဇင်ဘာသုံးခု အခုထိပီပီပြင်ပြင်ကိုင်ဖျားကိုင်းနားလေးတောင်အစရှာမတွေ့သေး ဓာတ်ကြိုးပေါ်ကငှက်တွေကတော့ အဆင်ပြေလားမေးရှာတယ် ရူးသွပ်မူတွေဟာကဗျာဆန်ကြောင်း ကျွန်တော်ပြန်ဖြေခဲ့တယ်…..။ အိပ်မောကျနေတဲ့လူတစ်ယောက်အတွက် အိပ်မက်တွေစျေးကြီးတယ်ဆိုတာအလကားပါ ဘယ်အရပ်ဒေသရောက်ရောက် မေ့မရပုံက […]

ကဗျာ

တော်လှန်ရေးကြီးပြီးသွားရင်…

‘တော်လှန်ရေးကြီးပြီးသွားရင်…’ Jasmine (မဂျက်) တော်လှန်ရေးကြီးပြီးသွားရင် ကျည်ဆံခွံတွေကို အရုပ်လုပ်မယ် ကျဆုံးကြယ်တွေကို သူတို့နေရပ်တိုင်းမှာ အစဥ်လင်းလက်တောက်ပစေမယ် အောက်မေ့ဖွယ်ရာ အထိမ်းအမှတ်တွေနဲ့ မမေ့မလျော့ အလေးပြုကြမယ် တော်လှန်ရေးကြီးပြီးသွားရင် မီးလောင်ပြင်တွေဆီကိုသွားမယ် အိမ်ပျောက်ရှာသူတွေနဲ့သူငယ်ချင်းဖွဲ့မယ် သစ်ပင်စိုက်မယ် သီချင်းဆိုမယ် နွေးထွေးရာအရပ်ဟာလဲ အိမ်ပဲဖြစ်ကြောင်း သူတို့ကိုနှစ်သိမ့်ပေးမယ် တော်လှန်ရေးကြီး ပြီးသွားရင် ကလေးငယ်တွေဆီကိုသွားမယ် ပျော်ရွှင်ခြင်းတွေ ကူရှာပေးမယ် တီတီတာတာ တွတ်ထိုးပြီး သူတို့ဝါသနာတွေကို ရေးမယ် ကဗျာတွေဝေဝေဆာဆာရွတ်ဆိုပြီး လွတ်လွတ်လပ်လပ် ကခုန်ကြစေမယ် တော်လှန်ရေးကြီး ပြီးသွားရင် […]

ကဗျာ

အနုသုခုမ

‘အနုသုခုမ’ မြရဲလွင်(ဝေးလွင့်ငှက်) ဂန္ထဝင်ဂီတကို ဆိုညည်း ‌ဇာတ်စုံလှတဲ့ ဘဝကပွဲမှာ… ကျွန်တော်က ရုပ်‌သေးလူ… မခင်သူဇာ… ကျွန်တော်ဟာ ခြေ၊လက်၊ခေါင်းချိုး ဟန်အမျိုးမျိုးနဲ့ နိုင်ရာဇာတ်ခန်း ကနေရပေမဲ့ ဩဘာသံ‌တွေမကြားနိုင်တဲ့ ရုပ်သေးလူ… တိတ်ဆိတ်မှုနဲ့ ဆိုညည်းတယ်၊ တိတ်ဆိတ်မှုနဲ့ကခုန်တယ် ‌”မမောနိုင်မပန်းနိုင်ပါပဲ” သံယောဇဉ်ကြိုး‌တွေက ကျွန်တော့် ခန္ဓာကိုယ်မှ ဖောက်ထွက် လူးလွန့် လို့။

ကဗျာ

တရေးနိုးသူရဲ့တွန်သံ

‘တရေးနိုးသူရဲ့တွန်သံ’ မြတ်မင်းအိမ် ချဥ်ပေါင်ရွက်အကြောင်း မပြောနဲ့ မုန်လာဥအကြောင်း မပြောနဲ့ အာလူးစားသူများဆိုတာ ကန်စွန်းဥစားသူများနောက်မှ ဖြစ်ပေါ်လာတာ။ ဂွါရာနီးကား ပန်းချီကားကိုကြည့်ပြီး ရှမ်းမြောက်က ကလေးက ခါးထောက်ပြီးရယ်တယ်။ မွန့်ချ်ရဲ့အော်သံဟာ နမ့်ခမ်းလောက်ညံလို့လား အဖိုးမဖြတ်နိုင်အောင် တန်ရဲ့လား။ ရေခဲမုန့်ကိုသိပြီး ရေခဲမုန့်မရှိတဲ့အရပ်မှာ ဗုံးသီးတွေပဲ ဘဝထဲ ကြွေကြွေကျတယ်။ ကမ္ဘာကြီးကြားအောင် ဘယ်ကီးနဲ့အော်ရမှန်းမသိတဲ့ သူတို့ခမျာ လောင်စာကို ဆာလောင်နေကြရပေါ့။ ကကြီးခခွေး ကျက်မယ် တစ်နှစ်သုံးလေး တွက်မယ် ပြီးရင်တော့ တရုတ်ပြည်တက်မယ်ပေါ့ ဒီအရပ်မှာ။ […]

ကဗျာ

ဆောင်းဦးကဗျာ

‘ဆောင်းဦးကဗျာ’ ခွန်းနီ ဝေးသွားခဲ့တဲ့အတိတ်တွေကို နီးနီးကပ်ကပ်ပြန်မြင်ကြည့်တဲ့အခါ စိတ်ဟာအလိုမကျမှုတွေအပြည့်နဲ့ ဘာမှမရှိတော့တဲ့စိတ်လွင်ပြင်ကျယ်ကြီးထဲ ပန်းတွေစိုက်ချင်စိတ်ဟာဒီနေ့အထိမေ့မရခဲ့… ပြန်မလာနိူင်တော့မဲ့ကြယ်တွေရဲ့အကြောင်းကို ပြန်မရနိူင်တော့တဲ့အတိတ်တွေဆီခနအပ်ထားပါရစေ အလိုရှိတဲ့အခါတိုင်းတူးဆွခွင့်တော့ပေးပေါ့… မမေ့နိူင်ခဲ့တဲ့အရာတွေထဲယုံကြည်လေးမြတ်ရာ ဘုရားရှင်ရဲ့အဆုံးအမတစ်ခုမှမပါခဲ့တာဝမ်းနည်းစရာ ဘယ်လိုခြုံခြုံ လုံပါတယ်ဆိုတဲ့စိတ်အနွေးထည်လေး တိုးတိုးတိတ်တိတ်ပျောက်ရှခဲ့တာ သုံးနှစ်သုံးမိုးမကတော့ပြီပဲ…. အချစ်မရှိတဲ့ကမ္ဘာထက်စစ်မဖြစ်တဲ့ကမ္ဘာကို ပိုအလိုရှိကြောင်းတစ်ဦးတည်းဆန္ဒပြရင်း စစ်ပွဲအလယ်ကိုငါရောက်ခဲ့တယ်… အထိုထိုသောစစ်ပွဲတွေကြားထဲဝယ် ပန်းတွေစိုက်ချင်တဲ့စစ်သားလေးတွေရှိရော့မယ် ဘာပန်းတွေစိုက်ချင်နေပါလိမ့်….. ကြယ်ပန်းတွေလား….ဘာမှမရေမရာနဲ့ပါ အဲ့လိုမရေရာခြင်းတွေကြောင့်ပဲတစ်စုံတစ်ယောက်ရဲ့ ကွန်မြူနစ်ကလေးတစ်ယောက်ငါဖြစ်ခဲ့ရတယ်…. ငါချစ်ခဲ့ပါတယ် ဒီနေ့ဒီအချိန်ထိ…. သွားတော့မယ်ပြောပြီး ဘယ်မှမရောက်ခဲ့တဲ့ ကတုတ်ကျင်းထဲကငါရဲ့စိတ်နဲ့ငါရဲ့ခံစားမှုတွေ… ပြောပြရင်အကြောင်းအရာတွေဆိုပေမဲ့ ငါ့အတွက်တော့အရာရာဟာကဗျာတွေဖြစ်ခဲ့ရ…. ဘုရားမေ့တရားမေ့လို့တော့မပြောပါနဲ့ တရားသိလို့ပဲအမှားရှိတဲ့နေရာကလာခဲ့တာ ဘယ်ကမ္ဘာပဲရောက်ရောက် […]