Categories

ကယောင်ကတမ်း ရောင်နီအောက်က ငြိမ်းချမ်းရေးပွဲစားတို့ ဆုံရာ

နေသစ်တည်ဇ ဒီရက်ထဲမှာ မြန်မာပြည်က ရော့ခ်ကာတဦးဖြစ်တဲ့ ဇော်ဝင်းထွဋ် သီချင်းအသစ်တပုဒ် ထွက်လာပါတယ်။ မထွက်ခင် တရက်ကတည်းက Teaser လေးတင်ပြီး လူစုထားတာ တွေ့လိုက်တယ်။ အဲဒီ့အချိန်မှာကတည်းက ပရိသတ်တွေက တင်ကြိုခန့်မှန်းချက်တွေနဲ့ အားပေးဖို့ တာဆူနေကြပြီးသားပါ။ တချို့လည်း သီချင်းတပုဒ်လုံး နားမထောင်ရသေးခင်ကတည်းက အမှတ်တွေရော၊ ဂုဏ်ထူးတွေပါ သာသာထိုးထိုး သိဒ္ဓိတင်ပေးနေကြတာ တွေ့ရပါတယ်။ ပထမအကြောင်းတချက်ကတော့ သီချင်းမထွက်တာကြာနေတဲ့ ရော့ခ်ဘိုးအေကြီးမလို့ နဂိုချစ်ခင်စိတ်နဲ့ ဝိုင်းအားပေးကြတာပါ။ ဒုတိယ အကြောင်းတချက်ကတော့ သီချင်းရဲ့စာသားနဲ့ ခေါင်းစဥ်ကြောင့်ပါ။ […]

ဆောင်းပါး

တော်လှန်အနုပညာရှင်နဲ့ ဂုဏ်ထူး​ဆောင်ဆုတံဆိပ်

■ စာ​ရေးသူ ​​​နေသစ်တည်ဇ ​ရေးသား​သော “​​​တော်လှန်အနုပညာရှင်နဲ့ ဂုဏ်ထူး​ဆောင်ဆုတံဆိပ်” ​​​ဆောင်းပါးကို ​ကောင်းသန့်သာ ရွတ်ဖတ်ထား​ပါသည်။ – The Call ရဲ့ YouTube Channel (https://youtube.com/@thecall2022) တွင်လည်း Audio Book များကို ခံစားနားဆင်နိုင်ပါတယ်။

ဆောင်းပါး

သံလွင်ချောင်းခြား

– သတင်းသုံးသပ်ချက်ဆောင်းပါး – ■ ကျော်ဇောခိုင် ‘တာထွက်မကောင်းတဲ့ဆင်ဖြူရှင်’ သြဂုတ်လကုန်ပိုင်း (၂၉ ရက်နေ့) က TNLA ကို တိုက်ပွဲတွေရပ်တန့်ဖို့ တရုတ် (ရွှေလီ) ဘက်က ခြိမ်းခြောက်စာပို့တဲ့ စာအတုသတင်းဟာ တော်လှန်ရေးအင်အားစုတွေအတွင်း တရုတ်ဆန့်ကျင်ရေးကို မီးထပ်ထိုးပေးခဲ့ပြီး ခုတော့ ငြိမ်သက်သွားတာ တွေ့ရတယ်။ စက်တင်ဘာလဆန်း (၃ ရက်နေ့) မှာ လူကြိုက်များတဲ့ သတင်းတခုက ဒုချုပ်စိုးဝင်း ဆင်ဖြူရှင် စစ်ဆင်ရေးအတွက် မန္တလေးကိုရောက်လာချိန်မှာ တော်လှန်ရေးတပ်တွေက […]

ဆောင်းပါး

တော်လှန်အနုပညာရှင်နဲ့ ဂုဏ်ထူးဆောင်ဆုတံဆိပ်

“တော်လှန်အနုပညာရှင်နဲ့ ဂုဏ်ထူးဆောင်ဆုတံဆိပ်”နေသစ်တည်ဇပြီးခဲ့တဲ့ရက်ပိုင်းက သတင်းကောင်းကြားရတယ်။ ဒါရိုက်တာဏကြီးနဲ့ သရုပ်ဆောင်ပိုင်ဖြိုးသုကို Oldenburg ရုပ်ရှင်ပွဲတော်က Honorary Tribute Award ပေးသတဲ့။ နည်းတဲ့သတင်းတော့ မဟုတ်ဘူး။ ပြီးတော့ ဆုကလည်း အကြီးကြီးပဲ။ တကမ္ဘာလုံးက ရုပ်ရှင်သမားတွေထဲကမှ သေသေချာချာ ရွေးပြီးတော့ပေးတာ။ ၁၉၉၄ ခုနှစ်မှာ စပြီး နှစ်တိုင်းပေးလာခဲ့တာ၂၀၂၄ ခုနှစ်အတွက်ကို သူတို့နှစ်ယောက်ကို ရွေးပြီးပေးတာတဲ့။ နှစ်အလိုက်ပေးတဲ့ ရုပ်ရှင်အနုပညာရှင်တွေထဲမှာ နာမည်ကျော် ဒါရိုက်တာတွေ၊ သရုပ်ဆောင်တွေ ပါဝင်ပါတယ်။ ကမ္ဘာကျော်သရုပ်ဆောင် နီကိုးလပ်ကေ့ဂျ်က […]

Categories

မင်းအောင်လှိုင် ရူးသွားပြီလား

Simon ပြီးခဲ့တဲ့ရက်တွေက အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ပတ်သက်ပြီး သူ့ဘက်ကရော၊ ကိုယ့်ဘက်ကရော အသံတွေ ထွက်လာကြတာရှိတယ်။ အဲ့ဒါဘာလဲဆိုတော့ မင်းအောင်လှိုင်တယောက် စိတ်သိပ်မမှန်တော့ဘူးဆိုတာပါ။ သူ့ဘက်ကလူတွေ ကိုယ်တိုင်ပြောတဲ့စကားမှာ မင်းအောင်လှိုင်က အစည်းအဝေးခန်းတွေမှာ တောင်စဥ်ရေမရ စကားတွေကို နာရီနဲ့ချီပြီး ပြောတဲ့အပြင် သူပြောတဲ့စကားတွေကိုလည်း သူကိုယ်တိုင်မမှတ်မိဘူး ဆိုတဲ့အကြောင်းပါ။ ဒီလိုမျိုး အသံတွေထွက်လာတော့ ကျနော့်မျက်လုံးထဲ ပြေးပြီးမြင်မိတာ တချိန်က ခင်ညွန့်၊ သန်းရွှေတို့ရဲ့ စီနီယာဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးစောမောင်ကိုပါ။ ဘာကြောင့်လဲဆိုတော့ လက်ရှိ မင်းအောင်လှိုင်ရဲ့ […]

Categories

စစ်ရေးစစ်ရာ တလတာ

■ နောင်လူသစ် သြဂုတ်လ ၁ ရက်နေ့ မှ သြဂုတ်လ ၃၁ ရက်နေ့ထိ ☆ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၁) ရက်နေ့မှ ဩဂုတ်လ (၃၁) ရက်နေ့အထိ တလတာအတွင်း မြန်မာနိုင်ငံတဝန်း စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများကြား လက်နက်ကိုင်တိုက်ပွဲ ကြီးငယ်ပေါင်း (၃၃၈) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။ ☆ အဆိုပါ တိုက်ပွဲ (၃၃၈) ကြိမ်တွင် နှစ်ဘက် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပစ်မှတ်များကို […]

ဆောင်းပါး

မင်းအောင်လှိုင်နဲ့ စိတ်ရောဂါ

“မင်းအောင်လှိုင်နဲ့ စိတ်ရောဂါ” Simon အခုတလော K ဒရမ်မာတွေကြားထဲမှာ ခေတ်စားနေတဲ့ ရုပ်ရှင်တကားရှိတယ်။ မင်းသမီး Shin Hye – Sun သရုပ် ဆောင်ထားတဲ့ Dear Hyeri ဆိုတဲ့ ဇာတ်ကားပါ။ မြန်မာပရိသတ်တွေနဲ့ မစိမ်းတဲ့ မင်းသမီးဖြစ်တဲ့အပြင် ဇာတ်လမ်းကလည်း ခပ်ဆန်းဆန်းဖြစ်တာကြောင့် လက်ရှိ K ဒရမ်မာ ပရိသတ်တွေကြားထဲမှာ တော်တော်လေး ရေပန်းစားတယ်။ ဇာတ်လမ်းကလည်း ခပ်ဆန်းဆန်းဆိုတဲ့အတိုင်း အဓိကသရုပ်ဆောင်ဖြစ်တဲ့ ခေါင်းဆောင်မင်းသမီးရဲ့ ကာရိုက်တာက […]

သတင်းသုံးသပ်ချက်ဆောင်းပါး

နိဗ္ဗာန်ဘုံပျောက်ဆုံးခြင်း

– သတင်းသုံးသပ်ချက်ဆောင်းပါး – ■ ကျော်ဇောခိုင် ရခိုင်မှာ မောင်းတော (နခခ-၅) နဲ့ သံတွဲ (မောင်ရွှေလေးရေတပ်စခန်း)ဟာ လေကြောင်းပစ်ကူတွေနဲ့ ဆက်လက်ရင်ဆိုင်နေဆဲဆိုပေမဲ့ ကျဆုံးမယ့်ရက်တွေကို ရေတွက်နေရပြီဖြစ်တယ်။ စစ်တွေခံစစ်ကို အသေအချာပြင်နေပြီဆိုကတည်းက စကစလည်း ဒီမြို့တွေ အနှေးမဟုတ် အမြန်ကျဆုံးတော့မှာကို လက်ခံထားပြီဆိုတဲ့ သဘောပါပဲ။ သံတွဲကဆုတ်သွားတဲ့ တပ်တချို့ဟာ ကျိန္တလီကနေ ထပ်ပြီး ဂွဘက်ကို ဆုတ်နေရတယ်။ ရခိုင်ဟာ အရင်ဆုံးလွတ်မြောက်မယ့်ပြည်နယ်လို့ မီဒီယာတွေ၊ နိုင်ငံရေးလေ့လာသူတွေ ခန့်မှန်းခဲ့ကြသလို ပုံပေါ်လာပြီလို့ […]

ဆောင်းပါး

ကောင်းကင်ဝှက်တဲ့ ကြယ်

မောင်သုည (ရှပ်ပုံသားလေး) နံနက်ခင်းရောင်နီက တောင်တန်းတွေရဲ့နောက်ကနေ ထွက်လာနေပြီ။ ကျနော်နဲ့ ရဲဘော်တချို့က ရှေ့တန်းကပြန်လာပြီး ကျနော်တို့စခန်းရဲ့အလယ်မှာ ထောင်ထားတဲ့ အလံနီနဲ့ကြယ်ဖြူအောက် စကားဝိုင်း ကောင်းနေကြတယ်။ ရဲဘော်တယောက်က တော်လှန်ရေး အရှိန်မြင့်လာတာနဲ့ ပတ်သက်ပြီး ကျနော့်ကိုမေးတယ်။ ”ဒီချိန်မှာ ပြည်သူတွေ ကျနော်တို့ဘက်မှာ ဘယ်လိုပုံစံနဲ့ ရပ်တည်ပေးသင့်သလဲ ဆရာ” “အေး … ပြောရရင်တော့ ရှည်ကြီးပဲ။ တော်လှန်ရေး အရှိန်မြင့်လာတာနဲ့ပတ်သက်ပြီး ပြည်သူတွေ ဘယ်လိုရပ်တည်သင့်သလဲဆိုတာ ငါတို့ မစ်ရှင်တခုမှာ ကြုံခဲ့ရတဲ့ […]

ဆောင်းပါး

ခေတ်

Simon ကျနော်တို့ ဆယ်ကျော်သက်အရွယ်တုန်းက ကျနော်တို့ အဖေတွေ၊ ဦးလေးတွေဆီက အမြဲကြားခဲ့ဖူးတဲ့ စကားရှိတယ်။ အဲ့ဒါက … “မင်းတို့ခေတ်က ခေတ်မကောင်းဘူးကွ၊ မင်းတို့က ခေတ်ပျက်နဲ့ကြုံတာ။ ငါတို့ခေတ်တုန်းက အခု မင်းတို့ခေတ်ထက် ပိုပြီး ပျော်ဖို့ကောင်းတယ်ကွ၊ ငွေကြေးကလည်း တန်ဖိုးရှိသေးတယ်၊ ငွေတကျပ်ဆို သုံးပါလေ့ကွာ၊ မုန့်တခုကို တမတ်၊ ပြား ၅၀” စသဖြင့်ပေါ့၊ သူတို့ပြောသမျှ အကုန်လုံးတော့ ကျနော်လည်း မမှတ်မိပါဘူး။ ဒါပေမယ့် ကျနော်မှတ်မိတာကတော့ သူတို့အားလုံးရဲ့ […]