သတင်းသုံးသပ်ချက်ဆောင်းပါး

တရုတ်ပါဝါအခင်းအကျင်း အပိုင်း(၃)

“တရုတ်ပါဝါအခင်းအကျင်း – ၃” – သတင်းသုံးသပ်ချက်ဆောင်းပါး – ■ ​ကျော်​ဇောခိုင် တော်လှန်ရေးအောင်မြင်လို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်တဲ့ ၁၉၄၉ နောက်ပိုင်း မော်နဲ့အပြိုင် နှိုင်းယှဥ်ဖော်ပြခံရတဲ့ ရှီကျင်းပင်ရဲ့ ပြိုင်ဘက်ကင်းပါဝါဟာ ၂၀၂၄ ခုနှစ်ဝက်လောက်ကတည်းက တအိအိကျဆင်းလာတဲ့သဘောရှိတယ်လို့ တရုတ်လေ့လာသူတွေကဖော်ပြခဲ့ပြီးဖြစ်တယ်။ ခု ဒီအသံတွေပိုပြီး ကျယ်ကျယ်လောင်လောင်ဖြစ်လာရတာက မေလအတွင်းလူမြင်ကွင်းက ၂ ပတ်‌ကျော် ပျောက်ဆုံးနေတာ၊ သူ့ပါဝါကိုကန့်သတ်ခံထားရတယ်လို့ယုံကြည်ရတဲ့ တခြားဖြစ်ရပ်တွေနဲ့အတူ ဇွန် ၃၀ ရက်နေ့ကလုပ်ခဲ့တဲ့ ပေါ်လစ်ဗျူရိုအစည်းအဝေးက ထုတ်ပြန်ချက်ကြောင့်လည်းဖြစ်တယ်။ ‘တရုတ်ကွန်မြူနစ်ပါတီအစည်းအဝေးများ’ […]
ဆောင်းပါး

ကျနော်နဲ့ ထိုလေးယောက်

‘ကျနော်နဲ့ ထိုလေးယောက်’ နွေဦးအောင်ပွဲ ကျနော် အကျဉ်းထောင်ထဲကနေ ပြန်ထွက်လာတော့ ဩဂုတ်လထဲ ရောက်နေပြီ။ ဇွန်လ အစောပိုင်းထဲကနေဆို အချုပ်ရက်တွေကော၊ ကွာရတင်းရက်တွေနဲ့ပါ ပေါင်းလိုက်ရင် ၂ လနီးပါးလောက် ကြာသွားတယ်။ ထောင်မကြီးရဲ့ အပေါက်၀ရောက်တော့ စဝင်တုံးက အပ်ထားတဲ့ ပစ္စည်းတွေကို ပြန်ထုတ်ပေးတယ်၊ စက်ပိတ်ထားရတာ ကြာပြီဖြစ်တဲ့ ဖုန်းကို ပြန်ဖွင့်တော့ ဖုန်းအား ၁၂ ရှိသေးတယ်၊ အချုပ်ကို ပြန်ပို့မဲ့ ရဲကားကို စောင့်နေတုံး အင်တာနက်ဖွင့်ကြည့်တော့ မက်ဆေ့ပေါင်းများစွာ […]
သတင်းသုံးသပ်ချက်ဆောင်းပါး

အခြေခိုင်လာတဲ့ ပဲခူးတိုင်းစစ်ဆင်ရေး

“အခြေခိုင်လာတဲ့ ပဲခူးတိုင်းစစ်ဆင်ရေး” – သတင်းသုံးသပ်ချက်ဆောင်းပါး – ■ ​ကျော်​ဇောခိုင် ဇွန်လ ၂၅ ရက်နေ့က ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်မှာရှိတဲ့ စကစရဲ့ စခန်း ၉ ခုကို PDF စစ်ဆင်ရေးနယ်မြေ ၂ ကွပ်ကဲမှုအောက်မှာရှိတဲ့ တပ်တွေနဲ့ KNLA တပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ MOD (NUG ကာကွယ်ရေးဝန်ကြီးဌာန) က သတင်းထုတ်ပြန်ခဲ့တယ်။ မနှစ်က ၂၀၂၄ သြဂုတ်လလောက်ကအရှိန်စယူခဲ့တဲ့ ပဲခူးတိုင်းတွင်းက တိုက်ပွဲတွေဟာ တနှစ်နီးပါးရှိလာတဲ့ […]
ဆောင်းပါး

ငြိမ်းချမ်းရေးအသံများ၊ ဘာလဲ ဘယ်လဲ

‘ငြိမ်းချမ်းရေးအသံများ၊ ဘာလဲ ဘယ်လဲ’ ညီ​ကျော် စစ်ကိုင်းငလျင်ပြီးနောက် မြန်မာနိုင်ငံတွင်းပြည်တွင်းစစ်ပဋိပက္ခတွေကို ရပ်တန်းကရပ်ကာ ငြိမ်းချမ်းရေးဆွေးနွေးကြဖို့ ဆော်အောတဲ့အသံတွေ ပိုပြီး ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာတယ်။ တော်လှန်ရေးနဲ့ပြည်တွင်းစစ် အချိန်ကြာလာတာနဲ့အမျှ ပြည်သူလူထုဟာ အထွေထွေအကျပ်အတည်းကို ပိုပိုခံစားလာရတယ်။ အဲ့အနေအထားကို ပိုပြီးအသက်ရှူကြပ်လာစေဖို့ အကြောင်းဖန်လာတာက သဘာဝဘေးဖြစ်တဲ့ငလျင်ကြီးပါပဲ။ ငလျင်ကြီးကြောင့် ကျပ်တည်းလက်စပြည်သူလူထုဟာ ပိုပိုပြီး ခက်ခဲကျပ်တည်းလာဖို့ပဲရှိတယ်။ နေထိုင်စရာခက်ခဲမှုတွေ ပိုရင်ဆိုင်ရမယ်၊ စားစရာနဲ့ အလုပ်အကိုင်ဟာ ပိုခက်ခဲလာမယ်၊ ဒီအခြေခံကျတဲ့အရာတွေအပြင် တခြားစိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ အများကြီးရင်ဆိုင်ရမှာဖြစ်တယ်။ ဒါ့ကြောင့်ပဲ နိုင်ငံရေးအခြေအနေတည်ငြိမ်ဖို့လိုအပ်ပြီး အဲဒီလို […]
ဆောင်းပါး

လူခြေတိတ်သွားတဲ့ ပန်းခြံ‌

‘လူခြေတိတ်သွားတဲ့ ပန်းခြံ‌’ တာပလု ပန်းခြံ‌ဘေးတနေရာကို ရောက်လာတဲ့နေ့က မိုးက ဖွဲဖွဲကျနေတယ်။ ပန်းခြံထဲမှာတော့ ခွေးတကောင် ကြောင်တမြီးမှ မရှိသလို လူတွေလဲ တယောက်တလေမှတောင် မရှိဘူး။ ပန်းခြံ သန့်ရှင်းရေး လုပ်တဲ့သူတော့ ရှိသင့်တာပေါ့။ အခုတော့ လူသူကင်းရှင်းနေတဲ့ ပန်းခြံတခုဖြစ်လို့နေတယ်။ ပန်းခြံလို့သာပြောတာပါ။ လေးဖက်လေးလံ ခြံစည်းရိုးခတ်ထားတာဆိုတော့ မြေကွက်လပ်တခုကို ခြံခတ်ထားတာနဲ့တောင် တူနေတယ်။ ခြံစည်းရိုးတနေရာမှာတော့ ပန်းခြံရဲ့နာမည်ကို ရေးထိုးထားလို့သာ ဒီနေရာဟာ ပန်းခြံတခုဖြစ်တဲ့အကြောင်းကို သိရမှာပါ။ ဒီဆိုင်းဘုတ်မရှိဘူးဆိုရင်တော့ ဒီနေရာက […]
သတင်းသုံးသပ်ချက်ဆောင်းပါး

စိနပါဝါအခင်းအကျင်း အပိုင်း(၂)

“စိနပါဝါအခင်းအကျင်း – ၂” – သတင်းသုံးသပ်ချက်ဆောင်းပါး – ■ ​ကျော်​ဇောခိုင် ဇွန်လ ၂ ရက်နေ့က ဘေဂျင်းမှာ အရင် တရုတ် ဗဟိုစစ်ကော်မရှင်ရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်ခဲ့တဲ့ အငြိမ်းစား စစ်ဗိုလ်ချုပ်ကြီး ရွှီကျီလျန်း (Xu Qiliang) ကျန်းမာရေး ဆိုးဝါးလာရာကနေ ကွယ်လွန်ခဲ့တယ်။ ရွှီဟာ ဗဟိုစစ်ကော်မရှင်မှာ ၂ ကြိမ်ဆက် (၂၀၁၂ – ၂၀၂၂) တာဝန်ယူခဲ့သူဖြစ်တယ်။ ဒီသက်တမ်း ၂ ခုဟာ […]
ဆောင်းပါး

ဟီးရိုးလား ဇီးရိုးလား

‘ဟီးရိုးလား ဇီးရိုးလား’ ​မောင်​ရွှေရည် ငလျင်ကြီးလှုပ်တော့ မခိုင်မာတဲ့ တိုက်တာအဆောက်အအုံတွေ ပြိုကျသလိုပါပဲ၊ ခေတ်ကြမ်းကြီးကို ဖြတ်သန်းကြရချိန်မှာ ခံယူချက် ရပ်တည်ချက်မခိုင်မာသူတွေ ‘မြောင်းထဲ’ ရောက်သွားကြတာ သဘာဝကျပါတယ်။ ခေတ်ကြမ်းကြီးကိုကြုံရတော့ ဒဏ်မခံနိုင်သူတွေက အသံတွေထွက်လာတယ်။ ထွက်လာတဲ့ အသံတွေကို နားစွင့်ကြည့်လိုက်ရင် သူ့ရပ်တည်ချက် ခံယူချက်တွေ အရိပ်အမြွက်ပါလာတာ တွေ့နိုင်တယ်။ ရိုက်ပုတ်တဲ့ဒဏ်ကို ကြံ့ကြံ့မခံနိုင်တဲ့အခါ အချို့က တကိုယ်ကောင်းဆန်ချင်လာတယ်။ ‘ဘယ်သူသေသေငတေမာရင်ပြီးရော’ လမ်းကြောင်းကို ရွေးချယ်တယ်။ ဒူးထောက် လက်မြှောက်ပြီး ကျရှုံးသွားတယ်။ ပြည်သူလူထု […]
သတင်းသုံးသပ်ချက်ဆောင်းပါး

စစ်နဲ့ တော်လှန်ရေးအတွေးအခေါ်

⁨”စစ်နဲ့ တော်လှန်ရေးအတွေးအခေါ်” – သတင်းသုံးသပ်ချက်ဆောင်းပါး – ■ ​ကျော်​ဇောခိုင် ဇွန် ၁၃ ရက်နေ့က အစ္စရေးလ်ဟာ အီရန်မြို့တော် တီဟီရန်ရဲ့ တောင်ဘက်မှာရှိတဲ့ နတ်တန်ဇ်က ယူရေနီယမ် သန့်စင်စက်ရုံကို ဗုံးကြဲ တိုက်ခိုက်လိုက်တဲ့အတွက် အမြဲလိုရန်စောင်နေတဲ့ အစ္စရေးလ်-အီရန်စစ်ပွဲဟာ တကယ် အသက်ဝင်လာခဲ့ပြီဖြစ်တယ်။ စစ်ပွဲ ၆ ရက်ကြာလာတဲ့အခါမှာ ထင်ရှားလာတာတခုက အစ္စရေးလ်ရည်ရွယ်ချက်ဟာ အီရန်ရဲ့ နျူကလီးယားအိပ်မက်ကို အနည်းဆုံး ဟန့်တားထားနိုင်ဖို့နဲ့ အခွင့်သာရင် ဖျက်ဆီးပစ်ဖို့ ဆိုတာဖြစ်တယ်။ […]
ဆောင်းပါး

ကိုကြီးညိုပြောပြတဲ့ သူဌေးသားအဖဝတ္ထု

“ကိုကြီးညိုပြောပြတဲ့ သူဌေးသားအဖဝတ္ထု” အော်စွန်းမိုင် ငလျင်လှုပ်ခတ်အပြီးမှာ မန္တလေးက ကိုကြီးညိုတို့အိမ်ကြီး ဘာမှမဖြစ်ဘဲ အကောင်းပကတိနီးပါး တည်ရှိကျန်ရစ်ကြောင်း သတင်းကြားရတဲ့အတွက် နည်းနည်းတော့ စိတ်သက်သာရာ ရရှိပါတယ်။ ကိုကြီးညိုတို့ မိဘနှစ်ပါးက နှစ်ရှည်လများ အပတ်တကုတ် ကြိုးစားပမ်းစား လုပ်ကိုင်ဆောင်ရွက်ခဲ့ရာကနေ ယနေ့အနေအထားအထိ တည်တံ့ခိုင်မြဲတဲ့ လူနေမှုစနစ်နဲ့ ပြည့်စုံကောင်းမွန်တဲ့ နေရေး၊ စားရေးမှာ ယုံကြည်စရာကို ယုံကြည်သက်ဝင်၊ သစ္စာရှိစရာကို သစ္စာရှိခဲ့၊ အလုပ်အကိုင်လိုသူအတွက် အလုပ်အကိုင် ဖန်တီးပေးခဲ့နိုင်ပြီး နောက်လူတွေကို မြေတောင်မြှောက်ပေးနိုင်ခဲ့တဲ့ ဘဝများနဲ့ […]
သတင်းသုံးသပ်ချက်ဆောင်းပါး

စိန ပါဝါအခင်းအကျင်း

 ⁨”စိန ပါဝါအခင်းအကျင်း” – သတင်းသုံးသပ်ချက်ဆောင်းပါး – ■ ​ကျော်​ဇောခိုင် တရုတ်ဖိအားအောက် MNDAA ငြိမ်သွားပြီးတဲ့နောက်မှာ တရုတ်ရဲ့ (တနည်း စကစရဲ့ ) ပစ်မှတ်ဟာ TNLA ဆီကို သဘာဝကျစွာ ရောက်ရှိလာတာ တွေ့ရတယ်။ လားရှိုးကို တဖြည်းဖြည်းနဲ့ တည်ငြိမ်အောင် လုပ်သွားနိုင်ခဲ့ရင် ရှမ်းမြောက် (မန်း – လားရှိုး – မူဆယ်) လမ်းကြောင်းမှာ မန်း – လားရှိုးအပိုင်းအတွက် TNLA […]