
မင်းအောင်လှိုင် ဆက်မက်နေသေးတဲ့ သမ္မတရူးအိပ်မက်
လင်းခေတ် ၆ ကြိမ်မြောက် အရေးပေါ်ကာလအဖြစ် နောက်ထပ် ၆ လ သက်တမ်းတိုးခြင်းမှာ မင်းအောင်လှိုင်သည် မပြောင်းမလဲ မိုက်မိုက်ကန်းကန်း မင်းအောင်လှိုင် သာဖြစ်ကြောင်း နောက်ထပ် သက်သေပြလိုက်ခြင်းဖြစ်တယ်။ တွေ့ဆုံဆွေးနွေး အဖြေရှာရေးဆိုတဲ့ လူကြီးလူကောင်း နိုင်ငံရေးဆီသို့ မင်းအောင်လှိုင် တက်လှမ်းလာလိမ့်နိုး စိတ်ကူးယဉ် မျှော်လင့်နေကြတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို မင်းအောင်လှိုင်အပေါ် စိတ်ကူးယဉ်လို့ မရကြောင်း ပြောကြားလိုက်ခြင်းလည်း ဖြစ်တယ်။ ဇူလိုင် ၃၁ ရက်မှာ ကိုယ့်ကိုယ်ကို ယာယီသမ္မတခန့်ထားတဲ့ မင်းအောင်လှိုင်က […]