လူမြို၍ လူမျိုးမပြုတ်၊ ငွေမြိုမှ လူမျိုးပြုတ်မည်
◼️ငွေကြယ်စင် အဲဒီလိုစာတန်းကို အရင်က သတင်းစာတွေထဲ ခဏခဏဖတ်ရတယ်။ နောက်ပိုင်းတော့ အဆင့်မြင်လာတယ် ပြောရမလားပဲ၊ ငါတို့အရိုး စည်းရိုးထိုးမည်တို့ဘာတို့ပေါ့။ အိမ်နီးချင်းနိုင်ငံတွေဖြစ်ရဲ့ တရုတ်နဲ့ အိန္ဒိယလူမျိုးတွေ မြန်မာပြည်ထဲ စီးပွားရေးတွေ ဝင်လုပ်ကြတဲ့အခါ အားလုံးက စိုးရိမ်တကြီး ဖြစ်ကြရတယ်။ ဖြစ်လည်း ဖြစ်လောက်တာပေါ့၊ မန်းလေးလို မြို့ကြီးတွေမှာ ပိုသိသာတယ်။ မြို့လယ်ခေါင်ကနေ တရုတ်တွေလက်ထဲ ခြံတွေရောင်းပြီး ဆင်ခြေဖုံးဘက် ရွှေ့နေကြရတဲ့ မြန်မာတွေ အများသားမဟုတ်လား။ မျိုးချစ်ဘုန်းကြီးတွေ စိတ်ပူတာကတမျိုး။ သူတို့က တရုတ်ထက် […]