ဆောင်းပါး

အိပ်မက်အမှတ် ၂၃၄/၁၄

“အိပ်မက်အမှတ် ၂၃၄/၁၄” တာပလု အိပ်မက်တွေသာ အပြင်မှာ တကယ်ဖြစ်လာရင် ဘဝရဲ့အစိတ်အပိုင်း တော်တော်များများ အဆင်ပြေသွားစေနိုင်မှာဖြစ်သလို ဒုက္ခတွေ့ရမယ့် အကြိမ်ပေါင်းလည်း နည်းမှာမဟုတ်ပါဘူး။ ဘဝတလျှောက်လုံး မက်ဖူးတဲ့အိပ်မက်တွေထဲမှာ တချို့အိပ်မက်တွေက စိတ်ချမ်းမြေ့စရာ အဖြစ်အပျက်တွေပါ။တချို့အိပ်မက်တွေကတော့ ဒုက္ခတောထဲ ပတ်ပြေးနေရတာမျိုး။ အဆင်ပြေပါတယ်ဆိုတဲ့ အိပ်မက်မျိုးနဲ့ အဆင်မပြေဘူးဆိုတဲ့ အိပ်မက်မျိုး အချိုးချကြည့်ရင် အဆင်မပြေတဲ့ အိပ်မက်မျိုးကိုသာ ပိုပြီး မြင်မက်တတ်လေ့ ရှိသူပါလို့ပဲ ဆိုရမှာပါ။ အိပ်မက်ထဲ မြင်မက်ဖူးတဲ့ အရာတွေထဲမှာ မြစ်တစင်းကို လှေနဲ့ကူးနေတာ၊ […]

သတင်းသုံးသပ်ချက်ဆောင်းပါး

ဆွေးနွေးဖို့အချိန်ကျပြီလား

“ဆွေးနွေးဖို့အချိန်ကျပြီလား” – သတင်းသုံးသပ်ချက်ဆောင်းပါး – ■ ကျော်ဇောခိုင် ၂၀၂၅ နှစ်ဆန်း ပထမအပတ်ထဲမှာပဲ ငွေဆောင် သဘောတူညီချက်ဆိုတဲ့ သဘောထားတခု ထွက်ပေါ်လာတယ်။ ဒီနှစ်ဦးမှာ အသံထွက်လာတယ်ဆိုပေမယ့် ဆွေးနွေးပွဲက မနှစ်က စက်တင်ဘာလောက်ကတည်းက စတင်ခဲ့တာဖြစ်ပြီး ဒီသဘောတူညီချက်ရဖို့ ဆွေးနွေးမှုတွေ သုံးလေးကြိမ်လောက် လုပ်ခဲ့ရတဲ့သဘော သတင်း‌တွေမှာ တွေ့ရတယ်။ ခုထွက်ပေါ်လာတယ် ဆိုတာကလည်း ပါဝင်ညှိနှိုင်းခဲ့ကြသူတွေအနေနဲ့ ဒီသဘောထားကို ထုတ်ပြန်သင့်ပြီလို့ ယူဆခဲ့ကြပုံရတာကြောင့်လည်း ဖြစ်မယ်ထင်တယ်။ ‘စစ်အာဏာသိမ်းပြီး ဆွေးနွေးပွဲများ’ ၂၀၂၁ […]

ဆောင်းပါး

မဟာဗျူဟာနဲ့ နည်းဗျူဟာ

“မဟာဗျူဟာနဲ့ နည်းဗျူဟာ” လေးမောင် ‘မဟာဗျူဟာ (Strategy)’ မဟာဗျူဟာဆိုတာ မရေရာ မသေချာတဲ့ အခြေအနေအောက်မှာ ကိုယ့်ရဲ့ ရေရှည် သို့မဟုတ် တစုံလုံးလွှမ်းခြုံတဲ့ ရည်မှန်းချက်ပန်းတိုင် (Goal) ရောက်ရှိ ​ပေါက်မြောက် အောင်မြင်စေဖို့ ရည်ရွယ်ရေးဆွဲတဲ့ ​ ယေဘုယျအစီအစဥ် (Plan) ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် မဟာဗျူဟာမှာ ပန်းတိုင်နဲ့ ဦးစားပေးကိစ္စ (Priorities) များ ချမှတ်ခြင်း၊ ပန်းတိုင်ရောက်ဖို့ လက်တွေ့အကောင်အထည်ဖော်ရမယ့် အလုပ်များ ဆုံးဖြတ်သတ်မှတ်ခြင်း၊ ကိုယ်သတ်မှတ်ထားတဲ့ […]

ဆောင်းပါး

မြန်မာပြည်က စောက်တလွဲကောင်တွေ

“မြန်မာပြည်က စောက်တလွဲကောင်တွေ “ Simon တနေ့က သတင်းတခုမှာ ဖတ်လိုက်ရတယ်။ ပြည်မြို့မှာ အရပ်ဝတ်နဲ့ ထွက်လာတဲ့ စစ်ဗိုလ်ဆိုသူကို မသင်္ကာမှုနဲ့ ဖမ်းပြီး ပေါ်တာပါဆွဲသွားလို့ တပ်ရင်းမှူးဖြစ်သူက စခန်းကို ကိုယ်တိုင်လိုက်လာပြီး ထုတ်ပေးရတယ်ဆိုတာရယ် ၊ အစ်ကိုက စစ်ဗိုလ် ညီဖြစ်သူ ပေါ်တာဆွဲခံရလို့ လိုက်ထုတ်ပေးရတယ်ဆိုတဲ့ သတင်းတွေဖတ်မိပြီး ငါတို့နိုင်ငံကကောင်တွေ တခုခုဆို စောက်တလွဲ ဖမ်းမယ်၊ဆီးမယ်ဆိုတဲ့ ကိစ္စတွေက အခုထိကို ရှိနေတုန်းဆိုပြီး ရယ်မိသေးတယ်။ ဒီလိုအကြောင်းတွေဖတ်မိရင်လည်း လွန်ခဲ့တဲ့ […]

သတင်းသုံးသပ်ချက်ဆောင်းပါး

၂၀၂၅ ဘယ်လိုပုံပေါ်လာမလဲ

“၂၀၂၅ ဘယ်လိုပုံပေါ်လာမလဲ” – သတင်းသုံးသပ်ချက်ဆောင်းပါး – ■ ကျော်ဇောခိုင် ဒီဇင်ဘာ ၁၄ ကစလို့ တောင်ကုတ် စကခ (၅)၊ မောင်းတော နခခ (၅)၊ အမ်း (နပခ) နဲ့ ဂွတို့ကို ၂ ပတ်အတွင်း သိမ်းယူခဲ့ပြီးတဲ့နောက်မှာ အေအေစစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က စစ်တပ်ကို နိုင်ငံရေးအရဆွေးနွေးဖို့ အဆင်သင့်ရှိကြောင်း ထုတ်ပြန်ကြေညာခဲ့တယ်။ ‘အေအေကြေညာချက်’ အေအေထုတ်ပြန်ချက်ဟာ စကစကို ရည်ရွယ်တယ်ဆိုပေမယ့် တကယ်တော့ တရုတ်နဲ့ […]

ဆောင်းပါး

ကျနော်နှင့် ရောက်တတ်ရာရာ စာစုများ

“ကျနော်နှင့် ရောက်တတ်ရာရာ စာစုများ” Simon တနေ့က YouTube မှာ တွတ်ပီတို့ Idiots Band က ကန်ဘောင်မှာ busking လုပ်ခဲ့တာကို ပြန်ကြည့်ရင်း ဒီကောင် တွေအဖွဲ့ကို လွမ်း၊ ကန်ဘောင်နဲ့ တက္ကသိုလ်ကြီးကို လွမ်းနဲ့ အလွမ်းတွေ ပြန်ဖြစ်လာတယ်။ ကျနော် တက္ကသိုလ်ကျောင်းသား ဘဝတုန်းက အင်းလျားကန်ဘောင်ကို ခဏခဏရောက်တယ်။ ကန်ဘောင်ခဏခဏ ရောက်တယ်ဆိုလို့ ကျနော့်ကို လှိုင်၊ အင်းစိန်မှာနေပြီး မိန်းထဲမှာ ကျောင်းတက်တာလို့ […]

ဆောင်းပါး

ယောနယ်ရောက် သတင်းထောက် (အပိုင်း-၃)

“ယောနယ်ရောက် သတင်းထောက် (အပိုင်း-၃)” ကိုဘုန်း ယောလူမျိုးက ဗမာတိုင်းရင်းသား အနွယ်ထဲမှာ ပါတယ်ဆိုပေမဲ့လည်း တရားဝင် အသိအမှတ်ပြုထားတဲ့ လူမျိုး ၁၃၅ မျိုးထဲမှာတော့ ယောက လူမျိုးတမျိုးအနေနဲ့ သီးခြား ပါဝင်ပါတယ်။ ယောဒေသနဲ့ပတ်သက်ရင် လူအတော်များများ က ယောဆိုတာ စုန်း၊ ကဝေ၊ မှော်တို့လို အောက်လမ်းပညာတွေနဲ့ ထင်ရှားတယ်လို့ပဲ အခုထိ ယုံကြည်နေကြဆဲပါ၊ တကယ်တော့ ဒါတွေဟာ ပါးစပ်ရာဇဝင်တွေကို ချဲ့ကားပြောဆိုမှုတွေပါပဲ။ တကယ်တော့ ယောသူယောသားတွေဟာ လူတဘက်သားကို […]

ဆောင်းပါး

ဘုရားသခင်သို့ မေးခွန်းထုတ်ခြင်း’

‘ဘုရားသခင်သို့ မေးခွန်းထုတ်ခြင်း’ Simon ပြီးခဲ့တဲ့ တပတ်က ကျနော် ဖျားတယ်။ ဒါမျိုး မဖျားတာက နှစ်နဲ့ကိုချီနေပြီ။ ခုတော့ အိမ်မှာနေတဲ့ကောင်က အပြင်သွားပြီး ဖျားတဲ့သူတွေနဲ့ စကားသွားပြောရာကနေ ဒီကောင်က သယ်လာတာ။ဒီတော့ ဒီကောင်လည်းဖျား ကျနော်လည်း ဖျားပေါ့ ။ UG ဘ၀မှာနေတုန်းက အစားအသောက်နဲ့ အိပ်ရေးပျက်တာတွေများပြီး အားနည်းရာကနေ ကျနော် ဖျားဖူးတယ်။ ဖျားတာကလည်း အသည်းအသန်ကို ဖျားတာ။ ဖြစ်ချင်တော့ ကျနော်က ဝရမ်းပါလာပြီဆိုတဲ့အချိန် ကိုယ်နေတဲ့နေရာကနေ […]

သတင်းသုံးသပ်ချက်ဆောင်းပါး

နှစ်သစ်အကြို၊ စစ်ပွဲများနဲ့ ဆွေးနွေးပွဲများ

“နှစ်သစ်အကြို၊ စစ်ပွဲများနဲ့ ဆွေးနွေးပွဲများ” – သတင်းသုံးသပ်ချက်ဆောင်းပါး – ■ ကျော်ဇောခိုင် ရခိုင်မှာ မောင်းတော နခခ (၅) ကျအပြီး တပတ်အတွင်း အမ်း (နပခ) ကျပြီလို့ အသံတချို့ ထွက်လာတယ်။ ဒါပေမယ့် တောင်ကုတ် စကခ-၅ ကို ဒီဇင်ဘာ ၁၄ ရက်နေ့က အပြီးသိမ်းပိုက်ခဲ့တယ်လို့ အေအေက ထုတ်ပြန်ခဲ့သလို အမ်းသတင်းကို အတည်ပြုပေးတာမျိုးတော့ မတွေ့ရသေး။ ‘ဂွနဲ့ ငါးသိုင်းချောင်း’ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဟာ […]

ဆောင်းပါး

မင်းအောင်လှိုင် မွှေးတဲ့ မီး

“မင်းအောင်လှိုင် မွှေးတဲ့ မီး” Simon ဂွီ !!! ကျော်ကြီးရဲ့ ဗိုက်ထဲကနေ ဆာလောင်လို့ ထွက်လာတဲ့ အသံကြောင့် ပလ္လင်ပေါ်ကနေ တရားဟောနေတဲ့ ဦးဇင်းရဲ့ တရားသံက ခဏရပ်သွားပြီး ကြမ်းပြင်ပေါ်မှာ ခွေခေါက်ပြီး ထိုင်နေတဲ့ ဒီကောင့်ဆီကို အကြည့်ကရောက်သွားတယ်။ ထို့နောက် … “ဒကာလေး ဗိုက်ဆာနေပြီလား” “မဆာသေးပါဘူး ဘုရား” “အေးအေး မဆာသေးဘူးဆိုရင်လည်းပြီးရော … ဘုန်းဘုန်း ဒီတရားလေး လက်စသတ်ပြီးရင် မင်းတို့ ထမင်းစားကြ […]