
ပြည်သူ့ရဲဘော်များ ဖားရှာထွက်သည့် ည
“ပြည်သူ့ရဲဘော်များ ဖားရှာထွက်သည့် ည”ရွယ်မိုးမိုးဦးအကျစောသည်ဟု ဆိုရမည်။ နယုန်မိုးသေး မြက်သားမွေး ဆိုသည့်အတိုင်း သွေ့ခြောက်နေသည့် ပက်ကြားအက်များက ပျောက်ကွယ်ကုန်သည်။ မြက်ကလေးတွေက အစီအရီ ဟိုမှသည် တကွက်ပြီးတကွက် ပေါ်လာကာ ဆက်စပ်မိသွားကြပြီး တပြန့်တပြူး မျက်စိတဆုံး စိမ်းစိုလာသည်။ တနေ့ခင်းလုံးလိုလို မိုးက အမျှင်မပြတ်ဘဲ သည်း၍တဖုံ ဖွဲ၍တမျိုး ရွာသည်။ချို့တဲ့လှသော ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းတရင်းသည်လည်း မိုးအေးအေးမှာ စစ်ဆင်ရေးမထွက်နိုင်ဘဲ ငြိမ်နေကြရသည်။ ရိုင်ဖယ်သေနတ် ကို ဖြုတ် တပ် ဆီတိုက်နေရာမှ […]