
တော်လှန်ရေးဘက်တော်သား ဇနီးမောင်နှံ
“တော်လှန်ရေးဘက်တော်သား ဇနီးမောင်နှံ’ Ei Thandar Aung ၂၀၂၄ ခုနှစ်၊ နှစ်ကုန်ပိုင်းအချိန်၌ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အတွင်းရှိ တောင်ယောဒေသသို့ ကျမ ရောက်ခဲ့သည်။ အသင့်စောင့်မျှော်လျက်ရှိနေသည့် မိတ်ဆွေက ကျမနေထိုင်ရမည့် ကျေးရွာက ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ခေါင်းဆောင်၏ နေအိမ်သို့ လိုက်ပို့သည်။ ရောက်လျှင်ရောက်ချင်းပင် ပကဖခေါင်းဆောင်ဖြစ်သည့် ကိုဇော်တို့ ဇနီးမောင်နှံ ဆီးကြိုကာ ဧည့်ဝတ်ပြုသည်။ များမကြာမီ ကိုဇော်တစ်ယောက် သူ၏ လက်လုပ် သုံးဘီးဆိုင်ကယ်အစုတ်လေးနှင့် ရိက္ခာထုပ်များသယ်ကာ ဒေသခံကာကွယ်ရေးစခန်းသို့ […]