
Short Stories
မမျှော်သာသည်
“မမျှော်သာသည်” ညိုသူ တီတီ… တီတီ… တီတီ… နာရီနှိုးစက်သံကြောင့် နေလင်း အိပ်ရာမှ နိုးလာသည်။ စနေနေ့ ကျောင်းပိတ်ရက်ဖြစ်သော်လည်း နေလင်းသည် အိပ်ရာစောစော ထလိုသဖြင့် ယမန်နေ့ညကတည်းကပင် နာရီနှိုးစက်ကို နံနက်၅နာရီခွဲတွင် အသံမြည်စေရန် အချက်ပေးသံ ဖွင့်ထားခဲ့ခြင်းဖြစ်သည်။ သာမန်စနေနေ့များတွင် နေလင်းသည် နံနက် ၁၀ နာရီ ကျော်မှ အိပ်ရာမှထလေ့ရှိသည်။ ယနေ့တွင်မူ နေလင်းစောစောထရပေမည်။ သူ၏ချစ်သူ ပန်း၀တ်မှုန်၏ မွေးနေ့ဖြစ်သောကြောင့်ဖြစ်၏။ သူမ၏မွေးနေ့တွင် သူတို့ ချစ်သူနှစ်ဦး […]