
အိမ်ပြေး (သို့) အိမ်အဝေး
“အိမ်ပြေး (သို့) အိမ်အဝေး”နွေအလင်း (CDM)ခရီးက အတော်အတန်ရောက်လောက်ပြီ။ “အင်း ငါထွက်လာခဲ့တာ မနက်ခြောက်နာရီဆိုတော့ …” လင်းခန့် ပြန်စဥ်းစားရင်း အချိန်တွေကို လက်ချိုးရေကြည့်သည်။ “အခုက ကိုးနာရီဆိုတော့ အင်း သုံးနာရီလောက်တောင်ကြာပြီပဲ” လင်းခန့် ပျော်သွားသည်။ ဒီလောက်ဆို အဖေ လိုက်မရှာနိုင်တော့။ ဟုတ်သည်လေ နယ်မြို့အစွန်ရှိ တခုတည်းသော ကားဂိတ်လေး၏ တစီးတည်းသော လိုင်းကားကို သူစီးလာသည်မို့ အဖေ လိုက်ရှာရန်မလွယ်တော့။ ရွှီခနဲ လေတချက်ချွန်ရင်း အဝေးပြေးကား၏ ပြတင်းပေါက်မှ […]