
ပုလွေဆရာ သေဆုံးခန်း
ရိုင်းစိုင်းသော် (၁) ဒီတခါ သတိလွတ်သွားတဲ့အချိန်ကိုတော့ သေချာမှတ်ထားမယ်လို့ မိနီ တေးထားတယ်။ ဒီနေ့လည်း ထပ်ဖြစ်နိုင်တယ်လို့ သူ့စိတ်က ထင်နေတယ်လေ။ မနက်စာအတွက်တော့ လမ်းဘေးမှာ ကလေးတယောက်ယောက် ကျနေခဲ့ပုံရတဲ့ ဘိန်းမုန့်အပဲ့တခုကို သူစားပြီးပြီ။ ဈေးလမ်းကြားမှာ မြေပဲသီးတောင့်နည်းနည်း ထပ်တွေ့တာကို အသိုက်ထဲ ကိုက်ချီသွားမလို့ စိတ်ကူးနေတုန်းမှာပဲ ကြိမ်နှုန်းမြင့် အသံတခုကို ကြားလိုက်ရတယ်။ “စပြီနော် စပြီ” လို့ သူ့ကိုယ်သူ ပြန်သတိပေး ရေရွတ်ရတယ်။ အသံကို မကြားရအောင် ဖုံးထားနိုင်မလားဆိုပြီး […]