
အက်ဆေး
မနက်ဖြန်အတွက် ပေးနိုင်စရာတခုခု
ဂနိုက် လူငယ်တယောက်က သာမန်ထက် သွေး ပိုအေးနေတာဆိုရင် ဒါဟာ ပုံမှန်မဟုတ်တဲ့ လောကဓံကြောင့်ပဲဖြစ်မှာ။ နေသာတဲ့ နေ့မှာပဲဖြစ်ဖြစ် မီးခိုးတလူလူလွင့်တက်နေတဲ့ တောင်ကုန်းထိပ်က သစ်သားအိမ်ကလေးမှာဖြစ်ဖြစ် အပန်းဖြေ စိတ်ကြည်နူးစရာ အခိုက်အတန့်တိုင်းမှာ သွေးအေးနေရတဲ့ဖြစ်ရပ်တွေ။ စိတ်ပညာအရ သတိမေ့တတ်ခြင်းဟာ အချစ်ရေး၊ လူမူရေး၊ ပတ်ဝန်းကျင်၊ မိသားစုအသိုင်းအဝိုင်း စသဖြင့် တနေရာရာမှာ ပေးဆပ်တာ များသွားလို့ဆိုပြီးဆိုတယ်။ ဒီဘက်ခေတ်မှာ သတိမေ့လာသူတွေ ဒုနဲ့ဒေး။ ကျနော်ရော ခင်ဗျားရော ကြိုပြောလို့မရသေးတဲ့ မနက်ဖြန်တွေမှာရောပေါ့။ ရနံ့တွေဝေရီနေတဲ့ […]