အက်ဆေး

စိမ်းမြသစ်တော နွေနေ့လယ်ခင်း‌များ

‘စိမ်းမြသစ်တော နွေနေ့လယ်ခင်း‌များ’ ဆူးနတ်သန် ခရီး‌တထောက်နားပါ။ ရေကြည်အေး တခွက်သောက်ပါ။ စာအုပ်များ ယူဖတ်ခွင့် ရှိပါတယ်။ စာမျက်နှာများ ကျော်လွှား မဖတ်ပါနဲ့။ ဘဝဆိုတဲ့ စက္ကန့်တွေကို အပြည့်အဝ ခံစားပါ။ စကားလုံးတွေရဲ့ လေးနက်မှုဟာ ကမ္ဘာကြီးကို ကိုင်လှုပ်နိုင်ပါတယ်။ စကားလုံးရဲ့ ဩဇာကြောင့်ပဲ ကမ္ဘာကြီး ရှင်သန်နေတာ မဟုတ်ပါလား။ ဓာတ်ပုံလေးတပုံ မြင်လိုက်ရတယ်။ မိုင်ပေါင်းများစွာ ဝေးကွာတဲ့အရပ်က လူတယောက် Facebook ပေါ်ကို ရိုက်တင်ထားတဲ့ ပုံတပုံ။ ရေညှိစိမ်းရောင် […]
အက်ဆေး

အပြာရောင်မီးမွှားမှ ဖွင့်ဆိုချက် (My Side)

‘အပြာရောင်မီးမွှားမှ ဖွင့်ဆိုချက် (My Side)’ အိမ့်ဘုန်းစစ်သော် “ဒိုင်း!” တချက် “ဒိုင်း!” နှစ်ချက် “ဒိုင်း!” သုံးချက် “ရဲဘော်…ကိုယ်ပိုင်အမှတ်(၀….) သည် နိုင်ငံတော်သစ်နှင့် လူထုလွတ်မြောက်‌ရေး အတွက် တိုက်ပွဲ၀င်ခဲ့ပြီးဖြစ်၍…… သင်သွားလိုရာသို့ သွားနိုင်ပါပြီ” မီးလောင်နေတဲ့ ကြွပ်ကြွပ်အိတ်ကို ထင်းပုံထဲက ကြားတနေရာဆီ ပစ်ချလိုက်တယ်။ တစတစနဲ့ မီးတွေကတောက်လောင်လာတယ်။ ပြီးတော့ သိပ်မြတ်နိုးခဲ့ရတဲ့ ခန္ဓာကိုယ်တခုနဲ့ အထပ်ထပ်အခါခါတန်ဖိုးထားခဲ့ရတဲ့ အစိတ်အပိုင်းတခုချင်းဟာ တဖြည်းဖြည်းနဲ့ ပြာအဖြစ်ကို ဦးတည်လာခဲ့တယ်။ “လေးစားပါတယ် […]
Flim Reviews

စတာလင်သေဆုံးခြင်း

‘စတာလင်သေဆုံးခြင်း’ ညီလင်းအိမ် ကမ္ဘာကို ကစဉ့်ကလျား ဖြစ်အောင် လုပ်ခဲ့ကြတဲ့ အာဏာရှင်တွေ အကြောင်းကို ပြောမိကြတိုင်း ရုပ်ရှင်ကားနှစ်ကားကို သတိရမိပါတယ်။ ရုပ်ရှင်ဇာတ်ကြောင်းတွေက နာဇီအစွန်းရောက် အာဏာရှင် ဟစ်တလာနဲ့ ရုရှားက စတာလင်တို့ ဘဝပုံရိပ်ကို ပြန်ပြောင်းအခြေခံထားတာပါ။ နှစ်ကားစလုံးက သူတို့တွေကို သရော်ထားတဲ့ ရုပ်ရှင်တွေ ဖြစ်ပါတယ်။ ဟစ်တလာကို အခြေခံထားတဲ့ ရုပ်ရှင်ကတော့ Time Travel ပုံစံမျိုးနဲ့ ဒီဘက်ခေတ်မှာ ပြန်လည် အသက်ဝင်လာတဲ့ ဟစ်တလာကြီး အဖြစ် […]
Flim Reviews

ခေတ်သစ် မပဋာစာရီ

‘ခေတ်သစ် မပဋာစာရီ’ ညီလင်းအိမ် ဗုဒ္ဓစာပေနိပါတ်တော်တွေထဲမှာ ဖတ်ဖူးခဲ့ရတဲ့ မပဋာစာရီရဲ့ အကြောင်းကို လူအများစုသိကြမယ်ထင်ပါတယ်။ အင်မတန်မှသနားစရာကောင်းတဲ့ ဖြစ်ရပ်ဆိုတော့ ခေတ်အဆက်ဆက် ဇာတ်ထုပ်တွေ၊ ရာဇဝင်ရုပ်ရှင်တွေအဖြစ်လည်း အသက်သွင်း တင်ဆက်ခဲ့ကြရတယ်။ ဒီရုပ်ရှင်ဟာလည်း ခေတ်သစ်မပဋာစာရီ ဇာတ်ထုပ်အဖြစ်ပဲ တင်စားရမလား မသိပါဘူး။ ယခုဇာတ်လမ်းရဲ့မြစ်ဖျားခံရာက ကမ္ဘာ့အရှေ့အလယ်ရပ်ဝန်းက ဒေသတခုကို အခြေခံထားတာဖြစ်ပါတယ်။ လက်ဘနွန်ဘက်က ဒေသတွေလို့ဆိုရမှာပေါ့။ (ထိလွယ်ရှလွယ်အရေးတွေပါတာမို့ ဒါရိုက်တာဟာ အတိအကျ ဖော်ပြထားခြင်းမဟုတ်တာလည်း ဖြစ်နိုင်ပါတယ်)။ ဇာတ်လမ်းရဲ့ အဓိက ပင်မ ဇာတ်ဆောင်က […]
Flim Reviews

ရှင်သန်ရခြင်းများ

‘ရှင်သန်ရခြင်းများ’ ညီလင်းအိမ် ရှင်သန်ရဖို့ ဖြစ်လာမှတော့ သေဆုံးရဖို့အတွက်လည်း ရှောင်ပုန်းလို့ မဖြစ်နိုင်ဘူး။ မသေကြသေးတဲ့ ကျ​နော်တို့တွေအတွက် ကိုယ့်ရှေ့က အရင်ထွက်ခွာကြရသူတွေရဲ့ သေလမ်းခရီးကို မြင်ကြရတဲ့အခါ ပျော်ရွှင်ကြည်နူးရင်း ဝိညာဉ် စွန့်ခွာသွားတာကို တွေ့ဖူးကြရဲ့လား။ ဒီတော့ သေခြင်းတရားက လှသလား။ အိုင်အက်စ်တွေ ရှေ့မှာ ဒူးထောက်ထားရ လက်နှစ်ဖက်ကို လက်ပြန်ကြိုးတုပ်ခံထားရရင်း သူ့လည်ကို လာပြီး လှီးဖြတ်မယ့် အချိန်ကို စောင့်ဆိုင်းနေရသူ အတွေးမှာ ဘာတွေ ဖြစ်မလဲ။ ရုပ်ရှင်ထဲကလိုပဲ သေခါနီးမှ […]
အက်ဆေး

တောင်တက်သမားများအကြောင်း

‘တောင်တက်သမားများအကြောင်း’ ​ရေ​အေး ၁။ “တောင်တွေက ငါတို့ကို လက်ယပ်ပြီး ခေါ်နေပြီ။ ငါတို့ တက်မှရတော့မယ်” ကျနော်သိသလောက် တောင်တခါမှ မတက်ဖူးသော ကဗျာဆရာမိတ်ဆွေတဦး လွန်ခဲ့သည့်နှစ်များစွာက ပြောဖူးသည့် တောင်တွေ၏ ခေါ်သံအ​ကြောင်းကို ဒီရက်ပိုင်း မဆီမဆိုင် သတိရနေမိသည်။ ထိုစကားကို ကြားကြားချင်းတုန်းက အတော်ငယ်ရွယ်သေးသည့် ကျနော်က တဖက်သားကို အားမနာတမ်း ဟက်ဟက်ပက်ပက် ရယ်မိသည်ကိုလည်း ဆက်တွေးမိပါသည်။ “တောင်တွေက စကားပြောပါ့မလား၊ ခင်ဗျားတို့ကဗျာဆရာတွေက စောက်ပိုတွေ တအားပြောတာပဲ” ပြီးလျှင် […]
အက်ဆေး

နှင်းဆီ ၈၀ သို့

“နှင်းဆီ ၈၀ သို့” စံပယ်ဖြူနု မြင်ကွင်း (၁) ၁၉၈၉ ခုနှစ်၊ နွေဦးရာသီ။ အသက် ကိုးနှစ် အရွယ် မိန်းကလေးငယ်သည် ခန္ဓာအတွင်း ရှိသမျှ မီးစာကို တပြိုင်တည်း ထွန်းညှိအသုံးပြုသည့်ပမာ လေဟုန်ကို ခွင်း၍ တဟုန်တိုး ပြေးနေသည်။ လမ်းကလေးမှာ ရပ်ကွက်အတွင်းပိုင်း လမ်းသွယ်များထုံးစံ ကွေ့ကောက်ကောက် ကျဉ်းမြောင်းမြောင်း။ ဘေးဘီက ဝါးရိပ်၊ သစ်ရိပ်တို့မှာ မိန်းကလေးကို အံ့အားတသင့် ငုံ့ကြည့်နေကြသည့်နှယ်။ အပြေးပွဲများ ရှိလျှင်၊ […]
အက်ဆေး

အပြာရောင် ကျောပိုးအိတ်ကလေး

“အပြာရောင် ကျောပိုးအိတ်ကလေး” မျက်သွယ် “တကယ်တော့ ဒီကျောပိုးအိတ်ကလေးက ကျမ ဆယ်တန်းအောင်လို့ တက္ကသိုလ်တက်ရတော့မယ့်အချိန်၊ ကျမအမေက ဝယ်ပေးခဲ့တာ” လို့ အိတ်ကလေးကိုကြည့်ရင်း ကျမ သူ့ကိုပြောလိုက်တယ်။ ပြောလက်စ စကားနဲ့လည်း မဆက်စပ်ပါဘူးလေ။ ဒီလိုပဲ တချို့အရာတွေကလည်း မှတ်မှတ်ရရ အမြဲရှိနေတာမျိုးမဟုတ်ဘဲ ရုတ်တရက်မှ ပြန်သတိရလာမိတာ။ သူကလည်း ကျမပြောချင်တဲ့အဓိပ္ပာယ်ကို နားလည်နေသလိုပဲ။ ဘာမှလည်း ပြန်မပြော၊ ကျမရဲ့ အပြာရောင် ကျောပိုးအိတ်ကလေးကိုပဲ ကြည့်နေတယ်။ ဒီအိတ်အကြောင်းကို သူစဉ်းစားနေတာလည်း ဟုတ်ချင်မှ […]
Flim Reviews

Beyto (2020)

‘Beyto (2020)’ ထွင် ဘေတို့လိုအဖြစ်မျိုး နိုင်ငံတိုင်းဆီမှာရှိကြတဲ့ LGBT တွေ ကြုံတွေ့ခဲ့ကြရမှာပါ။ (လူသားချင်း စာနာထောက်ထားစိတ် အပြည့်အဝ ရှိသွားပြီဖြစ်တဲ့ နိုင်ငံတွေမှာတော့ ကြုံရမှာ မဟုတ်တော့ဘူး) အရင်ကလည်း ကြုံခဲ့မယ်၊ အခုလည်း ကြုံနေတယ်၊ နောင်လည်း ကြုံနေရဦးမှာပါပဲ။ ကြုံနေရမှာကတော့ လူသားချင်း စာနာထောက်ထားစိတ် မရှိသေးသရွေ့ပေါ့။ LGBT လူစားတွေဟာ နိုင်ငံတိုင်းမှာရှိပါတယ်။ LGBT စိတ်ဟာ နိုင်ငံမရွေးဘူး ရှိနေမယ်။ နိုင်ငံမရွေးသလို လူတန်းစားလည်း မရွေးဘူး […]
Flim Reviews

အဝါရောင်တိမ်တွေနဲ့ နေ့

‘အဝါရောင်တိမ်တွေနဲ့ နေ့’ ညီလင်းအိမ် ပြတင်းတံခါးကို ဖွင့်ပြီးတော့ ကောင်းကင်ဆီကို မော့ကြည့်လိုက်တဲ့အခါ ပြေးနေတဲ့တိမ်တွေဟာ အဝါရောင်တွေဖြစ်နေတာကို မြင်ရရဲ့။ တကယ်က ကွန်ပျူတာစခရင်ကြည့်‌နေရင်း မောသွားတဲ့ အချိန်တွေခဏ။ အတွေးတိမ်တောင်များဝေ့ဝဲနေစဉ်ခဏ။ သက်ပြင်းနွမ်းလျများ အနည်းငယ်မျှ တိုးလျော့သက်သာစေချင်တဲ့ ခဏ။ ဒီလိုခဏငယ်များကြောင့် ပြတင်းတံခါးကို တွန်းဖွင့်လိုက်မိတာပေါ့။ ဒါပေမဲ့ ကျ​နော်ဆက်လက်ပြီး တွန်းဖွင့်မိတဲ့ တံခါးက အိမ်ရှေ့ဝဆီက တံခါးချပ်များ မဟုတ်။ ခန်းစီးစများ လွင့်ခါနေသော ပြတင်းချပ်ကလေးများ မဟုတ်။ တိုင်ဝမ်နိုင်ငံကလေးဆီက ရုပ်ရှင်တံခါးချပ်များဆီ။ […]