Flim Reviews

ကျန်ရစ်ခဲ့ရခြင်းတွေ

“ကျန်ရစ်ခဲ့ရခြင်းတွေ” ညီလင်းအိမ် ကျနော်တို့ လူသားကမ္ဘာကြီးဆိုတာက ဖို မ၊ မ ဖို၊ ကျား မ၊ မ ကျား စလို့ ဒီစုံတွဲနဲ့ပဲ ပေါင်းစပ်အလုပ်လုပ်ရတာ ဖြစ်ပေတဲ့ ဘာရယ်ကြောင့်များ ခေတ်အဆက်ဆက်မှာ မ ဆိုရင် အဖြည့်ခံသဘောမျိုးပဲ စံထားချင်တာ။ မီးဖိုချောင်သုံး သတ္တဝါနဲ့ မျိုးပွားကိရိယာငယ်သဘောပဲ မှတ်ယူလာကြတာတွေစလို့ အရိုးစွဲဘာသာတရားမှာအထိ အမျိုးသမီးက ဘုရားမဖြစ်ရဘူးတွေ၊ တစက္ကန့်မျှ အခွင့်သာရင်တောင် ဖောက်လွဲဖောက်ပြန်ဖြစ်ဖို့ တာစူနေကြတဲ့ ရာဂတဏှာကြီးမားသူတွေအဖြစ်၊ နောက် […]

အက်ဆေး

ဒါ … ရန်သူ့နယ်မြေ

‘ဒါ … ရန်သူ့နယ်မြေ’ ရီဗော်တီ ကျနော် ကားဂိတ်ကိုရောက်တော့ ညနေ အတော်စောင်းနေခဲ့ပါပြီ။ လှည်းတန်းကနေ အောင်မင်္ဂလာကားဝန်းဆီ သွားတဲ့လမ်းတလျှောက် ကျနော်ဟာ အတွေးများစွာနဲ့ ငေးမောရင်း သက်ပြင်းတွေချမိတာလည်း အခါခါပါပဲ။ “ဘယ်အချိန်မှ ငါဟာ ရန်ကုန်မြို့ကြီးဆီ ပြန်ရောက်မှာလဲ” ဆိုတဲ့ အတွေးအပြင် “ပြန်ရော ရောက်ဖြစ်ပါဦးမလား” ဆိုတဲ့ အတွေးတွေကြောင့်ပဲ ဖြစ်ပါတယ်။ အခုသွားမယ့်ခရီးဟာ တော်လှန်ရေးနယ်မြေ၊ လွတ်မြောက်နယ်မြေလို့ အများက သက်မှတ်ထားကြတဲ့ ကရင်ပြည်နယ်ဆီကိုပါ။ အစစ်အဆေးများတဲ့ကာလဖြစ်လို့ ညဘက်ကိုရွေးပြီး […]

Flim Reviews

The Reader (2008)

“The Reader (2008)” ထွင် ဒီရုပ်ရှင်ကြည့်ပြီးတော့ ဘယ်က စ, ပြောရမယ်ဆိုတာ အတော့်ကို စဥ်းစားယူရတယ်။ ကိုယ့်ဘဝမှာ ဝတ္ထုတပုဒ်ရေးဖို့ ကုန်ကြမ်းက ရှိနေပေမယ့် ပိုင်ပိုင်နိုင်နိုင် ချရေးဖို့ အဆင်သင့် မဖြစ်သေးဘူးဆိုရင် ကုန်ကြမ်းမပြည့်စုံသေးလို့လို့ ယူဆပြီး မရေးဘဲ ပစ်ထားလိုက်တယ်။ နောက် ကြုံလာမယ့် အဖြစ်အပျက် တွေက အဲဒီဝတ္ထုရေးဖို့ ကုန်ကြမ်း ပြည့်စုံသွားစေနိုင်တယ်။ ဒီတော့ ကိုယ်လည်း ဒီရုပ်ရှင်ကြည့်ပြီး ဘယ်က စပြောရမယ်မသိ ဖြစ်နေတော့ […]

အက်ဆေး

လိမ္မော်နုရောင် ရေငွေ့နှင့်အတူ (His Side)

“လိမ္မော်နုရောင် ရေငွေ့နှင့်အတူ (His Side)” အိမ့်ဘုန်းစစ်သော် (ကျောင်းသားလက်ရုံးတပ်တော်) “မြေမှုန့်တွေ လွင့်ပျယ်နေတယ်။ ဆောင်းတွင်းနွေဟာ သိပ်ပူမှန်း အမှန်တကယ်သိခဲ့ရတဲ့‌နေ့ပါပဲ။ ကျ​နော် အများကြီးမမျှော်လင့်တော့ပါဘူး။ ကျ​နော့်ရဲ့ အပြာရောင်ရေငွေ့လေး အဆုံးမသတ်သွားသ၍ လုံလောက်ပြီ။ တော်လှန်ရေးပြီးလို့ ကျ​နော်တို့အိပ်ခန်းလေးထဲ ဆေးအတူသုတ်နိုင်ခဲ့ရင် လုံလောက်ပါပြီ။” လက်ရှိမှာ ကျနော်ရင်ဆိုင်နေရတဲ့ အခက်ခဲတခုပါပဲ။ ကျနော်တို့နိုင်ငံဟာ အင်မတန် ဖျား‌နာနေခဲ့တယ်။ ပြည်သူလူထုက ဒုက္ခရောက်နေတယ်။ ကျနော် ကြည့်နေရတယ်။ ကျနော် ကြည့်နေမိတယ်။ သည့်ထက်ပိုပြီးတော့လည်း ဘာမှ […]

Flim Reviews

ပိုက်ကွန်ထဲကငါး

“ပိုက်ကွန်ထဲကငါး” ညီလင်းအိမ် The Net (2016) ရုပ်ရှင်က ကကြီး အင်ဒီး ဒါရိုက်တာ ကင်ဒီဒုတ်ရဲ့ ကြွေလွင့်ခါနီး နောက်ပိုင်းဆဲဆဲမှာ ထွက်ခဲ့တဲ့ ရုပ်ရှင်ဖြစ်တယ်။ ကိုးဗစ်ရဲ့ သေမင်းတမန်တွေဟာ ဒါရိုက်တာ ကင်ကီဒုတ်ကိုပါ လူ့ကမ္ဘာထဲကနေ ဆွဲခေါ်သွားခဲ့ပါတော့တယ်။ သူမသေခင် ရိုက်ပြသွားခဲ့တဲ့ ဒီရုပ်ရှင်ထဲက ဇာတ်ကောင်က ကျနော်တို့ဘဝတွေကို ပြန်ပြောင်း သတိရစေတယ်။ တချက်တချက်မှာ ရယ်ချင်စရာကောင်းပြီး တချက်တချက်မှာ သနားစရာကောင်းတယ်။ နောက် တော့လည်း ကင်ရဲ့ ထုံးစံအတိုင်း […]

အက်ဆေး

ဝေလေဝါးလား

“ဝေလေဝါးလား’ ရွက်စိမ်း ရေခဲမုန့်ကို အိမ်သားအဖြစ် အိမ်ပေါ်တင်ဖို့ပြောနေတဲ့ ဘိုးတော်ရဲ့ အပြင်ကမ္ဘာမှာ ရေခဲမုန့်က ဇွန်ဘီဗိုင်းရပ်စ်လို စကြာဝဠာတစ်ခုလုံး၊ နေအဖွဲ့စည်း၊ နေပြင်ပအဖွဲ့စည်း၊ အကုန်လုံးကို ကူးစက်နေပါပြီ။ ဒါကို သူမသိမှန်းလည်း အခုကဗျာကို ရေးနေစဥ်မှာလည်း သိနေတယ်။ သူကတော့ သိပုံမရဘဲ မီနီမတ်ကဝယ်လာတဲ့ ခေါက်ဆွဲပြုတ်ဗူးကိုပဲ ဆက်စားနေတာဖြစ်တယ်။ မီးဆလိုက်တွေကို ငြင်းဆန်တဲ့အချိန်မှာ MC ရဲ့ မိုက်ကိုင်ထားသူတွေ လေထဲတင် ပြန့်နှံ့လာတဲ့ရောဂါပိုးအဖြစ် ပြောင်းသွားတယ်။ နွားခြေရာခွက်ကို ပင်လယ်ထင်ပြီး ရွက်လွှင့်ဖို့လှေတွေ […]

အက်ဆေး

ပန်းနွေမှာတမ်း

“ပန်းနွေမှာတမ်း” စိမ်းသစ် သားရေ … လူကလေး … မင်းကိုမွေးဖို့လေ အမေ့မှာ မနည်း ကြိုးစားခဲ့ရတယ်ကွဲ့။ မင်းကိုယ်ဝန်ကို အမေလွယ်ထားရတုန်းက မင်းအဖေဟာ အမေ့ကို ဘာမှမခိုင်းဘူးကွဲ့။ အမေ့ဗိုက်ထဲက သူ့ရင်သွေးလေးကိုပဲ ဂရုစိုက်ဖို့ မှာခဲ့တယ်။ တနေ့‌တနေ့ မင်းကိုယ်ဝန်ကြီးကို လွယ်ပြီး သွားရလာရတာ မလွယ်ဘူး။ အမေ့မှာ ခြေလှမ်းတလှမ်း လျှောက်ဖို့ကို မနည်း ကြိုးစားခဲ့ရတာကွဲ့။ မင်းကိုမွေးတုန်းကလေ မင်းအဖေဟာ ပျော်လွန်းလို့ ထတောင်ခုန်တယ်။ ဒါသူ့သားဆိုပြီး တလမ်းလုံးကို […]

အက်ဆေး

ပြောစကားအက်ဆစ်

“ပြောစကားအက်ဆစ်” (ကျော်ကျော်ဗိုလ်၊ သွက်လက်။ ဒါရိုက်တာကြီးကခင်လှိုင်) ရွက်စိမ်း ညွန့်ဝင်းရဲ့မီးမွှေးထားတဲ့အိမ်ထဲကို ဆန္ဒပြမုန့်လေပွေရှစ်ခု ရောက်သွားပါတယ်။ ဟာ .. ဒါ ရုပ်ရှင်မင်းသားကြီးရဲ့အိမ်ပဲ။ သူက ငါတို့ကို ကယ်လိုက်တာပဲ။ စစ်တပ်ကိုဖုန်းဆက်ပြီး မုန့်ရှစ်ခုလုံးကို လာဖမ်းခိုင်းလိုက်တဲ့ အကယ်ဒမီ ၇ ခုဆုရ မင်းသားကြီးဖြစ်ပါတယ်။ ပလဲနံသင့်တဲ့သူတွေကို ရွေးပေးတဲ့ အကယ်ဒမီပေးပွဲကိုမှ ဖျော်ဖြေရေးနည်းလွန်း၊ ငယ်သေးလွန်းတဲ့အချိန်မှာ စောင့်မျှော် ကြည့်ခဲ့ကြတဲ့အခါ ပါးစပ်တိပ်ကပ်ပြီး မရှင်းပြခဲ့ကြတဲ့ နိုင်ငံရေးအကြောင်းရာနဲ့လူကြီးများ။ ဘမျိုးဘိုးတူဂျိုကလေးနဲ့။ ကျော်ကျော်ဗိုလ်၊ သွက်လက်။ […]

Flim Reviews

ရင်ကွဲဘူတာ

“ရင်ကွဲဘူတာ” ညီလင်းအိမ် အရေးအသား အင်မတန်ကောင်းတဲ့ စာရေးဆရာတယောက်ယောက်ရဲ့ ဇာတ်လမ်းတပုဒ်ပုဒ်များ ဖတ်ရပြီဆိုရင် ဇာတ်လမ်းက ဘာမှ အချိုးအကွေ့၊ အတက်အကျတွေမပါလည်း သူပုံဖော်ထားတဲ့ နောက်ခံအခင်းအကျင်းတင်ပြမှု အရေးအသားမှာတင် ကိုယ်ပါ ဇာတ်အိမ်ထဲကို ပြုတ်ကျသွားပြီး မျောပါသွားရသလိုပါပဲ။ ရုပ်ရှင်တွေမှာလည်း ကင်မရာခိုင်းစေမှု နိုင်နင်းတဲ့အခါမှာ ဇာတ်အိမ်က စာရေးကောင်းသူရဲ့ ပုံဖော်မှုလိုပဲ ကိုယ့်မျက်လုံးအိမ်ထဲမှာ ချက်ချင်းကြွတက်ပြီး ပရိသတ်ဖြစ်သူ ကိုယ်တွေပါ ရုပ်ရှင်ထဲက အနံ့အသက်တွေ ရလာသလို ခံစားရတာမျိုးဖြစ်တယ်။ ယခုရုပ်ရှင်ကလည်း အထက်က ကျနော်ညွှန်းဖွဲ့သလိုပဲ။ […]

အက်ဆေး

နိုင်ငံရေးကပ်ပါးကောင်

“နိုင်ငံရေးကပ်ပါးကောင်” လင်းလက်နွေဦး ကပ်ပါးကောင်ရဲ့ အဓိက ဝိသေသကို ပြောပါဆိုရင် ‘လက်ခံကောင်’ပေါ် လုံးဝ မှီခိုနေတယ် ဆိုတာပါပဲ။ လူပဲဖြစ်ဖြစ်၊ တိရိစ္ဆာန်ပဲဖြစ်ဖြစ်၊ ပိုးကောင်မွှားကောင်လေးပဲဖြစ်ဖြစ် အသက်ရှင်ဖို့၊ ကြီးထွားဖွံ့ဖြိုးဖို့၊ မျိုးပွားဖို့ဆိုတဲ့ ဘဝပေး တာဝန်ကြီးတွေ ရှိတယ်။ အဲ … အသက်ရှိတယ်လို့ ယူဆကြတဲ့ သစ်ပင်ကြီးငယ်တွေလည်း ပါတာပေါ့။ ဒီနေရာမှာ အရေးကြီးဆုံးက အသက်ရှင် ရပ်တည်နိုင်ဖို့ပေါ့။ ရှင်သန်ရမယ်၊ ပြီးမှာ ဘာညာဘာညာကိစ္စတွေ လာမယ် နော်။ ကြီးထွားဖွံ့ဖြိုးမှုက […]