
အက်ဆေး
လူရှာထွက်ခြင်း
“လူရှာထွက်ခြင်း” ခန့်ဝေး မျိုးသန့်ဇင်ဟိန်းကို တွေ့မိကြသေးလား မျိုးသန့်ဇင်ဟိန်း ၊ အေး ဟုတ်တယ် မျိုးသန့်ဇင်ဟိန်းကို … အင်း ဟုတ်တယ် ဟုတ်တယ် သွားတက်ကလေးနဲ့ ရယ်ရင်ပဲဖြစ်ဖြစ် စကားပြောရင်ပဲဖြစ်ဖြစ် သိသာတယ် နောက်ပြီးတော့ စကားပြောရင်လည်းအေးအေးလူလူရှိတယ်။ ခင်ဗျားတို့တော့ ဘယ်လိုထင်လဲမသိဘူး ကျနော်တော့ အဲဒါကို သိမ်မွေ့တယ်လို့ထင်တယ်။ အင်း ဟုတ်တယ် အရပ်က ငါးပေခြောက်လောက်ရှိမယ်၊ ဟုတ်တယ်ဟုတ်တယ် ပိန်တာလည်းမဟုတ်သလို ဝတာလည်းမဟုတ်ပြန်ဘူး မဆိုးဘူး၊ သူ့ကို စစ်ယူနီဖောင်းနဲ့ ကျနော်မြင်ဖူးတယ် […]