
“Magic & Weightless Soul”

မောင် မြေပြန့်ကို ရောက်လာချိန်မှာ လမ်းနည်းနည်း ပြန်လျှောက်ဖြစ်တယ်။ မင်းပြောလို့ တရားစထိုင်တယ်။ တရက်သား အတော်ဝေးဝေးရောက်တဲ့အထိ လမ်းလျှောက်လိုက်တာ ချောင်းလေးတခု တွေ့တယ်။ ချောင်းပေါ်ကို မြူနှင်းတွေ အုပ်စီးထားပုံဟာ အတော်လှလို့ ဓာတ်ပုံရိုက်ဖြစ်တယ်။ မင်းဆီကို ပို့လိုက်တာ အဲ့ ဓာတ်ပုံလေ။ အဲ့ဓာတ်ပုံကို Magic & Weightless Soul လို့ နာမည်ပေးထားတယ်။
မြေပြန့်ကို ရောက်လာချိန်မှာ ပထမဆုံး ခံစားရတာ လွတ်လပ်မှုပဲ။ မင်းကတော့ ပြောမှာပေါ့၊ ရှင် အခုထိ စိတ်မကုန်သေးဘူးလား ဆိုပြီး၊ စိတ်မကုန်ပါဘူး။ စခဲ့တဲ့ခြေလှမ်းကို မမေ့ဘူး။ မောင်တို့အားလုံးအတွက် အကြောင်းအကျိုး၊ အကျိုးအမြတ်၊ အကန့်အသတ်တွေကို မမေ့ဘူး။ ဒီလိုပြောလိုက်ရင် ရှင် မော်စီတုန်းစာအုပ်တွေ ဖတ်နေတုန်းပဲလားလို့ မေးမှာလည်း သိပါတယ်။ မတတ်နိုင်ဘူး မောင်ဟာ ကမ္ဘာကြီး ဘာတွေ တွေးနေလဲဆိုတာကို လက်လှမ်းမမီတော့ဘူး။ မောင်တို့ရဲ့ နေ့စဥ်ဘဝ ဖြတ်သန်းမှုမှာ တချို့အရာတွေ အတော် နောက်ရောက်ကုန်ပြီ။ ဒါဟာ အရှိတရားဆိုတာကို လက်ခံလိုက်ရတယ်။
ဓာတ်ပုံရိုက်နေတုန်းမှာပဲ နေထွက်လာတယ်။ မောင် မင်းနဲ့ နေထွက်ချိန်၊ နေဝင်ချိန်တွေ အတူတူ ရှိချင်တယ်။ တို့နှစ်ယောက် အတူတူရှိချိန်တိုင်းကို အသေးစိတ်မှတ်မိချင်တယ်။
Be the first to comment