Photo Essay

by The Call
48 views
ပန်းဟာ ဖူးပွင့်ခဲ့ပြီ
ပိုးတုံးလုံးဟာ လိပ်ပြာ ဖြစ်လာခဲ့ပြီ
ငါတို့ရဲ့ ပျံသန်းခြင်းကို
ဘာလက်နက်နဲ့မှ တားလို့မရ
ဒီတိုက်ပွဲအတွက် ငါတို့တွေ
အဆင်သင့်နေရာယူပြီးကြပြီ
မိုးတိမ်မည်းမည်းတွေကုန်သွားရင်
ကြယ်တွေ လင်းလက်လာလိမ့်မယ်
ငါတို့ရဲ့ အလင်းတန်းတွေကို
အမှောင်တရားက မဖုံးဖိနိုင်ပါဘူး
ငါတို့ကိုယ်တိုင်က ကျိန်စာပဲ
သတ်လို့ မသေတဲ့ကျိန်စာ
‘ဘယ်ကောင်သေရဲလဲ’ မေးရင်
‘ဘယ်ကောင်သတ်ရဲလဲ’ ပြန်မေးမယ့်ကျိန်စာ
သတ်ရဲတဲ့ကောင်က ရှုံးပြီး
သေရဲတဲ့ကောင်က နိုင်တဲ့ ကျိန်စာ
ဒီတခါ ရှုံးတဲ့ကောင်က
ထာဝရရှုံးမှာဖြစ်ပြီး
ငါတို့က ကြယ် တွေဖြစ်လာမှာ
မိစ္ဆာတွေ ကြောက်တဲ့ အလင်းဆုံးကြယ်တွေဖြစ်လာမှာ

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment