3
လွန်ခဲ့တဲ့ သုံးနှစ် ဒီလိုရက်မတိုင်ခင်မှာ အခုလို အွန်လိုင်းမဂ္ဂဇင်းတခုလုပ်ဖို့ စပြီး တိုင်ပင် ခေါင်းချင်း ရိုက်ကြ… စမ်းတဝါးဝါး ပုံဖော်ကြ… လုပ်ချင်တဲ့ စိတ်ကူး အတွေး အသီးသီး ပြောကြ ဆိုကြ… အဲဒီလိုနဲ့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ The Call ကို စပြီး မွေးဖွားခဲ့ကြ…
အဲဒီအချိန်ကတည်းက သေချာခဲ့တာကတော့ တခုထဲပါပဲ။ နွေဦးတော်လှန်ရေးအတွက် အထောက် အကူဖြစ်စေမယ့် အွန်လိုင်းမဂ္ဂဇင်းတခု ဖြစ်လာဖို့ ဆိုတာပေါ့ … ဝိုင်းတော်သားတွေ ဖြစ်ချင်သလောက် အပြည့်အဝ မဟုတ်သေးပေမယ့် တစုံတရာ ဖြည့်စွမ်းနိုင်ခဲ့တယ်လို့တော့ အားလုံး မျှဝေ ခံစားကြရပါတယ်။
The Call ရဲ့ ပရိသတ်အားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်။ ကဏ္ဍပေါင်းစုံ ဝေဝေဆာဆာ ဖော်ပြနိုင်ဖို့ ရေးသားပေးပို့ကြသူ ဆရာ ဆရာမ အားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်။ The Call လမ်းလျှောက်နိုင်အောင် ထူမ ကူပြ ပေးခဲ့ကြသူအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်။
သုံးနှစ်ပြည့်မှသည် နောင် ခေတ်သစ် တည်သည်အထိ တထောင့်တနေရာကနေ The Call ဆက်လက် ပါဝင်သွားနိုင်ရေး ပိုပြီး ကြိုးကုတ် အားထုတ်သွားကြပါမယ်… တိုင်းပြည်လူထုရဲ့ စဥ်းစား ဆင်ခြင် တွေးခေါ်နိုင်စွမ်းကို ရိုက်ချိုး ချေဖျက်၊ လူ့အန္ဓတွေဖြစ်အောင် နည်းလမ်းစုံနဲ့ ဇာတ်သွင်းနေကြတဲ့ အာဏာရူး မင်းအောင်လှိုင်နဲ့ အပေါင်းပါတွေ၊ စကစလော်ဘီ စစ်တပ်အလိုတော်ရိတွေ၊ ငကန်းတွေ လက်ထဲ The Call က ချစ်ခင် မြတ်နိုး တန်ဖိုးထားတဲ့ တိုင်းပြည်လူထုကို ပစ်မထားခဲ့ဘူးဆိုတာ သုံးနှစ်သား The Call က ခိုင်ခိုင်မာမာ ကတိပေးပါကြောင်း…
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
