“Traffic light virus”
ရွက်စိမ်း
တော်တော်တင်းတိမ်နိုင်တဲ့ လခြမ်းပဲ။ ဝါးလက်ခုပ်က စကားမပြောတတ်လို့ ကောင်းနေရဲ့နဲ့ ရှောင်ဖယ်သွားတယ်။ ငါတို့မှာလည်း ပြည်သူ့ရင်ပြင်က ရေလွှာမိကျောင်းလို လက်ဖဝါးတွေနဲ့။ သုခိတာထဲမှာ ပြေးပုန်းကနေတဲ့ မာနိုဘန်းရဲ့ အခါအယမ်းတွေကြောင့် ပိုက်ဆံရနိုင်မယ့် စာအုပ်သာ ထုတ်လိုက်ကြပါ။ အောက်စျေးတွေအကြောင်း မေးလာခဲ့ရင် သင်တို့ တခုခုသာပြောပြလိုက်ပါ။ ငါတို့မှာလည်း အစွယ်တွေနဲ့ကိုမှ အဲရစ်ဆင်ရဲ့ killer pass တွေထဲမှာ ဘယ်သူကမှ ကြံ့ဗဟုံးစုံစမ်းနိုင်တဲ့ မှုခင်းတွေနဲ့ blackpink ရဲ့ အခွေစီးရီးသစ်ကို မထည့်ပေးလိုက်ပါဘူး။ အနုပညာခံစားနိုင်စွမ်းမလုံလောက်တဲ့ လူအများစုရဲ့ စောက်ရာခိုင်နှုန်းတွေ မတိုးလာဘူး။ အဲဒီမှာ အာဏာကပြန်သိမ်းတယ်။ ပုံမှန်ဖြစ်စဥ်ပြန်ရောက်တယ်။ ကိုယ်တို့ဟာ ဒစ်ဂျစ်တယ်ဒိုင်ခွက် ပင်လယ်ကြီးထဲ မှောက်လျက်ကူးရင်း၊ အဇာတသတ်ကို upgradeလုပ် spell တွေသုံးပြီး ဂိမ်းထဲထည့်ရင်း၊ မပြီးဆုံးနိုင်သေးတဲ့ contentတွေ အိပ်မက်ထဲဝင်လာပြီး ငွေတစ္ဆေအဖြစ် ခြောက်လှန့်ရင်း၊ sweet december ကို ဗိုက်ကြွက်သားတင်းမာမှုတွေနဲ့ ဟစ်ကြွေးရင်း၊ ကိုစစ်ကိုင်းနဲ့ စကားပြောဖြစ်တဲ့ ကျင်းတွေထဲမှာ ဖက်ကြမ်းတွေကို စတင်ထုတ်ခဲရင်း ကမ္ဘာကြီးကို မေ့ပစ်လိုက်ကြတာ။ စက္ကူရုပ်တွေဟာ မြို့ထဲကို ဝင်လာကြပြီး စကားပြောသင်တန်းတွေတက်ပြီး ပြန်ထွက်သွားကြတယ်။ မြို့နေလူထုကလည်း ကြောင်အအဖြစ်ပြီး ကျန်ခဲ့တယ်။ မိုးရွာရင်ရော ဒီစက္ကူရုပ်တွေ ဘယ်နေရာမိုးဝင်ခိုကြမလဲ။ ဓာတ်မီးရဲ့ အလင်းရောင်နဲ့ ကိုကာကိုလာနဲ့ အာလူးကြော်ကို အပူပင်ကင်းကင်း စားနေခဲ့ကြတယ်။
၂၅၊ စက်တင်ဘာ၊ ၂၀၂၂
သုခိတာ – ဖက်ကြမ်းဆေးလိပ်
အဲရစ်ဆင် – ဘောလုံးသမား
မာနိုဘန်း – Blackpink အဖွဲ့က လာလီဆာ မာနိုဘန်း
ကြံ့ဗဟုံး – အရင်ခေတ် ကာတွန်းရုပ်ပြဇာတ်ကောင်၊ ကာတွန်းဆရာကြီး အောင်မြင့် ဆွဲပါတယ်။
ကိုစစ်ကိုင်း – pdf ရဲဘော်တစ်ဦး
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
