ကိုယ်ချစ်ရသူတွေရဲ့ခေါင်း

‘ကိုယ်ချစ်ရသူတွေရဲ့ခေါင်း’
◼️စကယ်ပယ်
ကိုယ်ချစ်ရသူတွေရဲ့ခေါင်းကို ပန်းလှလှလေးပန်ပေးလိုက်
ကိုယ်ချစ်ရသူတွေရဲ့ခေါင်းကို ခြံစည်းရိုးပေါ်တင်ကြည့်လိုက်
ကိုယ်ချစ်ရသူတွေရဲ့ခေါင်းကို လက်သီးဆုပ်နဲ့ ခပ်ဖွဖွလေးထုလိုက်
ကိုယ်ချစ်ရသူတွေရဲ့ခေါင်းကို မီးပုံထဲပစ်ထည့်လိုက်
ကိုယ်ချစ်ရသူတွေရဲ့ခေါင်းကို အမွေးနံ့သာတွေနဲ့ ဖြီးလိမ်းပြင်ဆင်လိုက်
ကိုယ်ချစ်ရသူတွေရဲ့ခေါင်းကို ဘယ်ရောက်နေပြီလဲ မေးကြည့်လိုက်
ကိုယ်ချစ်ရသူတွေရဲ့ခေါင်းကို အားလုံးမြင်အောင် ကိုင်မြှောက်ပြလိုက်
ကိုယ်ချစ်ရသူတွေရဲ့ခေါင်းကို ဒါဟာပုံမှန်နေ့ရက်လေးတစ်ခုပါပဲလို့ အားပေးစကားပြောလိုက်
ကိုယ်ချစ်ရသူတွေရဲ့ခေါင်းကို နောက်တစ်ခါ မဖြစ်စေရတော့ဘူးလို့ ကတိတွေပေးလိုက်
ကိုယ်ချစ်ရသူတွေရဲ့ခေါင်းကို ရောင်နီလာတော့မယ်သီချင်းဆိုပြလိုက်
ကိုယ်ချစ်ရသူတွေရဲ့ခေါင်းကို နိုးလာရင် အားလုံးပြီးသွားမှာပါလို့နှစ်သိမ့်လိုက်
ကိုယ်ချစ်ရသူတွေရဲ့ခေါင်းကို ဓာတ်ဆီတွေ လောင်းချလိုက်
ကိုယ်ချစ်ရသူတွေရဲ့ခေါင်းကို သရဖူတွေ တစ်ခုပြီးတစ်ခု ဆောင်းကြည့်လိုက်
ကိုယ်ချစ်ရသူတွေရဲ့ခေါင်းကို ဓာတ်ပုံတွေ တဖျပ်ဖျပ်ရိုက်လိုက်
ကိုယ်ချစ်ရသူတွေရဲ့ခေါင်းကို အနာတရမဖြစ်ရအောင် ဘယ်နားဖွက်ထားရင်ကောင်းမလဲ စိုးရိမ်လိုက်
ကိုယ်ချစ်ရသူတွေရဲ့ခေါင်းကို ပွဲတကာ့ပွဲထဲ စစ်ပွဲဟာ အစည်ကားဆုံးပဲလို့ ဖောက်သည်ချလိုက်
ကိုယ်ချစ်ရသူတွေရဲ့ခေါင်းကို ကိုယ်ချစ်ရသူတွေရဲ့လက်ထဲ လက်ဆင့်ပြန်ကမ်းလိုက်
ကိုယ်ချစ်ရသူတွေရဲ့ခေါင်းကို မကြာခင် နှစ်သစ်ကူးတော့မယ့်အကြောင်း သတင်းပေးလိုက်
ကိုယ်ချစ်ရသူတွေရဲ့ခေါင်းကို လိုင်းပေါ်တင် Live လွှင့်လိုက်
ကိုယ်ချစ်ရသူတွေရဲ့ခေါင်းကို နိုင်ငံတော်အလံ အမှတ်တံဆိပ်သစ်အဖြစ် ကြေငြာချက်ထုတ်လိုက်
ကိုယ်ချစ်ရသူတွေရဲ့ခေါင်းကို အတိတ်ဘဝကံအကြောင်းတွေ ရှင်းပြလိုက်
ကိုယ်ချစ်ရသူတွေရဲ့ခေါင်းကို နှုတ်ခမ်းချင်းထိပြီးနမ်းလိုက်
ကိုယ်ချစ်ရသူတွေရဲ့ခေါင်းကို ပေါင်ပေါ်တင်ပြီး ဟိုးရှေးရှေးတုန်းကလို့ အစချီလိုက်
ကိုယ်ချစ်ရသူတွေရဲ့ခေါင်းကို မျက်လှည့်ဆရာတစ်ယောက်လို ပြန်ဆက်ကြည့်လိုက်
ကိုယ်ချစ်ရသူတွေရဲ့ခေါင်းကို အားတင်းထားနော်လို့၊ ဖိုက်တင်းလို့ စာပို့လိုက်
ကိုယ်ချစ်ရသူတွေရဲ့ခေါင်းကို ဘုရားစင်ပေါ်တင်လိုက်
ကိုယ်ချစ်ရသူတွေရဲ့ခေါင်းကို ဟက်ပီးနျူးယီးယား အော်ခိုင်းလိုက်
ကိုယ်ချစ်ရသူတွေရဲ့ခေါင်းကို ကိုယ်တွေခေါင်းထဲက ထွက်မသွားအောင် ပိတ်လှောင်ထားလိုက်။
About The Call 331 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*