ကောင်းမင်းသန့် (ခ) Fl3xx

by The Call
76 views
‘ကောင်းမင်းသန့် (ခ) Fl3xx’
◼️မောင်တိမ်ဘားမား
နောက်ဆုံးကျန်ခဲ့တဲ့ ချိန်ကိုက်ဗုံးတွေထဲက တလုံးဟာ မင်းပဲ Fl3xx
မင်းရဲ့အလံဟာ ငါတို့ဆံပင်တွေထဲမှာ
မင်းမတီးတဲ့ Beat က ငါတို့နှလုံးခုန်သံ
မင်းရွတ်တဲ့ Rap က ငါတို့ရဲ့အသက်ငွေ့ငွေ့
၂၀၀၄ မှာ ဆင်တဲ့ ချိန်ကိုက်ဗုံးဟာ
၂၀၂၄ မှာ အောင်တယ်။
လူတယောက်အိမ်ပြန်ဖို့ နှစ် ၂၀ ကြာတာ မဆန်းပါဘူး။
ညီလေးရေ
မင်းဟာ ချန်ပီယံတယောက်
ရပ်ပါတယောက်
မင်းလျှောက်တဲ့လမ်းဟာ ငါတို့ အိမ်ပြန်ရမယ့် လမ်းပါပဲ။
မင်းကို မတွေ့ဖူးပေမယ့် ဆုံဖူးခဲ့ပြီ။
ကံတော့ကြုံခဲ့ပြီးပြီ ငါ့ကောင်ရေ
ရန်တွေကုန်ရင်
ရန်ကုန်မှာ ပြန်ဆုံမယ် ရဲဘော်
၂၀၂၄

Author

  • The Call

    "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။
    နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။
    စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment