” ခေါ်သံသို့ အမှာစကား “
———————–
နွေဦးတော်လှန်ရေးမီဒီယာသမားတွေစုပြီး The Call ( ခေါ်သံ ) အမည်နဲ့ အွန်လိုင်းမဂ္ဂဇင်းတစ်စောင် စီစဥ်ကြမယ်လို့ အသိပေးလာတော့ အထူးဝမ်းမြောက်ရတယ်။
မြန်မာ့နွေဦးတော်လှန်ရေးဟာ အလွှာစုံ၊ လူမျိုးစုံ၊ လူတန်းစားစုံ၊ ကျွမ်းကျင်မှုအစုံ၊ အသိပညာ၊ အတတ်ပညာစုံ ပူးပေါင်းပါဝင်ကြတာဖြစ်တဲ့အတွက် “ဥာဏ်နဲ့ယှဥ်တဲ့တော်လှန်ရေး” လို့ ဆိုရမယ်။
မီဒီယာသမားတွေအနေနဲ့လည်း ကိုယ်ကျွမ်းကျင်တဲ့ စာနယ်ဇင်းပညာနဲ့ တော်လှန်ရေးမှာ ပါဝင်ကြတယ်၊ တော်လှန်ရေးကို အလုပ်အကျွေးပြုကြမယ်ဆိုတာက ဂုဏ်ယူစရာဖြစ်ပါတယ်။ စာပေ၊ သတင်းနဲ့ အနုပညာရှင်များလည်း The Call ကို ဝန်းရံပေးကြဖို့ ပန်ကြားပါတယ်။
The Call စီစဥ်သူ ဆရာများအားလုံးကို လေးစားပါတယ်။
The Call အောင်မြင်ပါစေ။
ရည်မွန်
( မောင်တင်သစ် )
ကာကွယ်ရေးဝန်ကြီး
အမျိုးသားညီညွတ်ရေးအစိုးရ။
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
