စစ်ရေးစစ်ရာ တပတ်တာ (၃၆)

“စစ်ရေးစစ်ရာ တပတ်တာ (၃၆)”
◾️ နောင်လူသစ်
– ဇွန်လ (၁) ရက်မှ ဇွန်လ (၇) ရက်အထိ
☆ ၂၀၂၅ ခုနှစ်၊ ဇွန်လ (၁) ရက်မှ ဇွန်လ (၇) ရက်အထိ တပတ်အတွင်း မြန်မာနိုင်ငံတဝန်း စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများကြား လက်နက်ကိုင်တိုက်ပွဲ ကြီးငယ်ပေါင်း (၃၈) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။
☆ တပတ်တာအတွင်း စစ်ကောင်စီက အရပ်သားပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှု လက်နက်ကြီးဖြင့် ပစ်ခတ်မှု (၄၇) ကြိမ်ထက်မနည်း ရှိခဲ့သည်။
☆ တပတ်တာအတွင်း တိုင်းဒေသပြည်နယ် (၁၁) ခုရှိ မြို့နယ်ပေါင်း (၂၅) မြို့နယ်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
☆ တပတ်တာအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု လက်နက်ကြီးဖြင့် တိုက်ခိုက်မှုနှင့် စစ်ကြောင်းထိုး ဝင်ရောက် သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ (၂၄) ဦးထက်မနည်း သေဆုံးခဲ့ရသည်။
☆ စစ်ကိုင်းတိုင်းဒေသအတွင်း စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်မှုများ ဆက်လက်ရှိနေပြီး တော်လှန်ရေးအင်အားစုများက စစ်ကြောင်းများကို ဖြတ်တောက်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။
☆ နှစ်ဘက်တိုက်ပွဲများကြောင့် စစ်ကောင်စီတပ်သား (၇၁) ဦးထက်မနည်း သေဆုံးခဲ့ပြီး တော်လှန်ရေးအင်အားစုများဘက်က (၂) ဦးထက်မနည်း ကျဆုံးခဲ့ရသည်။
☆ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီ တပ်စခန်းများကို KNLA မဟာမိတ် ပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဇွန်လ ၃ ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ် စခန်းချ တပ်စွဲထားသည့် သေ့ဘောဘိုးစခန်းကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။
☆ သေ့ဘောဘိုး စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၃၀) ထက်မနည်း သေဆုံးခဲ့သည်ဟု သတင်းမီဒီယာများတွင် ဖော်ပြသည်။
☆ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့၊ သပြေကုန်းရွာ ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ စစ်ကောင်စီ တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု၌ စစ်ကောင်စီတပ်သား (၂၀) ထက်မနည်း သေဆုံးခဲ့သည်ဟု သတင်းမီဒီယာများတွင် ဖော်ပြသည်။
☆ တပတ်တာအတွင်း နိုင်ငံတဝန်းရှိ ပြည်နယ်နှင့် တိုင်းဒေသ (၁၁) ခုတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး မြို့နယ်အားဖြင့် (၁၇) မြို့နယ်အထိရှိသည်။
☆ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် နောင်ချိုမြို့ကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေသည်ကို တွေ့ရသည်။
☆ ရခိုင်ရိုးမနှင့် ဆက်စပ်နေသည့် မကွေးတိုင်း ငဖဲမြို့နယ်အတွင်းရှိ နတ်ရေကန်စခန်း၏ ကာကင်းကုန်းဖြစ်သော တာဝါတိုင်စခန်းကုန်းကို အာရက္ခတပ်တော် AA ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့သည်။
☆ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်း၌လည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများဖြင့် ထိုးစစ်ဆင်လာခြင်းကြောင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
☆ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူးတိုင်းတို့တွင် တိုက်ပွဲပေါင်း (၂၃) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။
☆ ရန်ကုန်တွင် မြို့ပြပြောက်ကျားတိုက်ခိုက်မှု (၁) ကြိမ်ရှိခဲ့သည်။
● ဖော်ပြပါ အချက်အလက်များသည် သတင်းမီဒီယာ (၈) ခုမှ သတင်းများကို အခြေခံ ကောက်ယူထားခြင်းဖြစ်သည်။ တိုက်ပွဲနှင့် ထိခိုက်ကျဆုံး အရေအတွက်မှာ ဖော်ပြထားသည်ထက် ပိုမို များပြားနိုင်သည်။
● စက်ဝိုင်း အရွယ်အစားသည် တိုက်ပွဲအရေအတွက်ကို ညွှန်းသည်။ စက်ဝိုင်းအရွယ် ကြီးသည်နှင့်အမျှ တိုက်ပွဲအရေအတွက် ပိုများသည်ဟု ဆိုလိုရင်းဖြစ်သည်။
About The Call 703 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*