
“စစ်ရေးစစ်ရာ တပတ်တာ (၃၇)”

– ဇွန်လ (၁၅) ရက်မှ ဇွန်လ (၂၁) ရက်အထိ
☆ ၂၀၂၅ ခုနှစ်၊ ဇွန်လ (၁၅) ရက်မှ ဇွန်လ (၂၁) ရက်အထိ တပတ်အတွင်း မြန်မာနိုင်ငံတဝန်း စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများကြား လက်နက်ကိုင်တိုက်ပွဲ ကြီးငယ်ပေါင်း (၅၄) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။
☆ တပတ်တာအတွင်း စစ်ကောင်စီက အရပ်သားပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှု လက်နက်ကြီးဖြင့် ပစ်ခတ်မှု (၃၇) ကြိမ်ထက်မနည်း ရှိခဲ့သည်။
☆ တပတ်တာအတွင်း တိုင်းဒေသပြည်နယ် (၉) ခုရှိ မြို့နယ်ပေါင်း (၂၆) မြို့နယ်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
☆ တပတ်တာအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုနှင့် စစ်ကြောင်းထိုး ဝင်ရောက် သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ (၃) ဦးထက်မနည်း သေဆုံးခဲ့ရသည်။
☆ စစ်ကိုင်းတိုင်းဒေသအတွင်း စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်မှုများ ဆက်လက်ရှိနေပြီး တော်လှန်ရေးအင်အားစုများက စစ်ကြောင်းများကို ဖြတ်တောက်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။
☆ ပဲခူးတိုင်းဒေသအတွင်း စစ်ကောင်စီ စစ်ကြောင်းများကို တော်လှန်ရေးအင်အားစုများက ဖြတ်တောက်တိုက်ခိုက်ခြင်းများ၊ စစ်ကောင်စီစခန်းများကို စီးနင်းတိုက်ခိုက်ခြင်းများကြောင့် တိုက်ပွဲများ ပြင်းထန်ခဲ့သည်။
☆ ပဲခူး၊ စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းဒေသများ၌ တိုက်ပွဲပေါင်း (၃၉) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။
☆ နှစ်ဘက်တိုက်ပွဲများကြောင့် စစ်ကောင်စီတပ်သား (၇၁) ဦးထက်မနည်း သေဆုံးခဲ့ပြီး တော်လှန်ရေးအင်အားစုများဘက်က (၈) ဦးထက်မနည်း ကျဆုံးခဲ့ရသည်။
☆ ကရင်ပြည်နယ်အတွင်း စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းကို စစ်ကူပေးရန် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုများက ဖြတ်တောက်တိုက်ခိုက်ခြင်းကြောင့် စစ်ကောင်စီတပ်သား ၃၀ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု သတင်းများဖော်ပြကြသည်။
☆ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရွာနယ်မြေ ရဲစခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) နှင့် မဟာမိတ်ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့သည်။
☆ မန္တလေးတိုင်း မတ္တရာမြို့နယ်အရှေ့ခြမ်း၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က အင်အားအများအပြားဖြင့် ထိုးစစ်ဆင်လျက်ရှိသည်။
☆ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် နောင်ချိုမြို့ကို စစ်ကောင်စီတပ်က ထိုးစစ် ဆင်နေခြင်းကြောင့် တိုက်ပွဲများ
ပြင်းထန်ခဲ့သည်။
☆ ရန်ကုန်တွင် မြို့ပြပြောက်ကျားတိုက်ခိုက်မှု (၁) ကြိမ် ရှိခဲ့သည်။
● ဖော်ပြပါ အချက်အလက်များသည် သတင်းမီဒီယာ (၈) ခုမှ သတင်းများကို အခြေခံ ကောက်ယူထားခြင်းဖြစ်သည်။ တိုက်ပွဲနှင့် ထိခိုက်ကျဆုံး အရေအတွက်မှာ ဖော်ပြထားသည်ထက် ပိုမို များပြားနိုင်သည်။
● စက်ဝိုင်း အရွယ်အစားသည် တိုက်ပွဲအရေအတွက်ကို ညွှန်းသည်။
Be the first to comment