စစ်ရေးစစ်ရာ တပတ်တာ (၃၉)

“စစ်ရေးစစ်ရာ တပတ်တာ (၃၉)”
■ နောင်လူသစ်
ဇွန်လ (၂၉) ရက်မှ ဇူလိုင်လ (၆) ရက်အထိ
☆ ၂၀၂၅ ခုနှစ်၊ ဇွန်လ (၂၉) ရက်မှ ဇူလိုင်လ (၆) ရက်အထိ တပတ်အတွင်း မြန်မာနိုင်ငံတဝန်း စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများကြား လက်နက်ကိုင်တိုက်ပွဲ ကြီးငယ်ပေါင်း (၅၄) ကြိမ် ထက်မနည်း ဖြစ်ပွားခဲ့သည်။
☆ တပတ်တာအတွင်း စစ်ကောင်စီက အရပ်သားပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှု လက်နက်ကြီးဖြင့် ပစ်ခတ်မှု (၄၃) ကြိမ်ထက်မနည်း ရှိခဲ့သည်။
☆ တပတ်တာအတွင်း တိုင်းဒေသပြည်နယ် (၁၂) ခုရှိ မြို့နယ်ပေါင်း (၂၃) မြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားခဲ့သည်။
☆ တပတ်တာအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု လက်နက်ကြီးဖြင့် တိုက်ခိုက်မှုနှင့် စစ်ကြောင်းထိုး ဝင်ရောက် သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ (၁၉ ) ဦးထက်မနည်း သေဆုံးခဲ့ရသည်။
☆ စစ်ကိုင်းတိုင်းဒေသအတွင်း စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်မှုများ ဆက်လက်ရှိနေပြီး တော်လှန်ရေးအင်အားစုများက စစ်ကြောင်းများကို ဖြတ်တောက်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။
☆ ပဲခူးတိုင်းဒေသအတွင်း စစ်ကောင်စီ စစ်ကြောင်းများကို တော်လှန်ရေးအင်အားစုများက ဖြတ်တောက်တိုက်ခိုက်ခြင်းများ၊ စစ်ကောင်စီစခန်းများကို စီးနင်းတိုက်ခိုက်ခြင်းများကြောင့် တိုက်ပွဲများပြင်းထန်ခဲ့သည်။
☆ ပဲခူး၊ စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းဒေသများ၌ တိုက်ပွဲပေါင်း (၃၉) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။
☆ နှစ်ဘက်တိုက်ပွဲများကြောင့် စစ်ကောင်စီတပ်သား (၆၄) ဦးထက်မနည်း သေဆုံးခဲ့ပြီး တော်လှန်ရေးအင်အားစုများဘက်က (၁၃ ) ဦးထက်မနည်း ကျဆုံးခဲ့သည်။
☆ ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် နောင်ချိုမြို့ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများနှင့်အတူ အင်အားသုံး ထိုးစစ်ဆင်နေခြင်းကြောင့် တိုက်ပွဲများပြင်းထန်ခဲ့ပြီး နောင်ချိုမြို့ ၄ မိုင်အကွာအထိ တိုက်ပွဲများဖြစ်ပွားနေသည်။
☆ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ နှင့် ကျောက်မဲမြို့တို့ကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုများ အများအပြား လုပ်ဆောင်လျက်ရှိသည်။
☆ ကရင်နီပြည်နယ်တွင် စစ်ကောင်စီက မြေပြင်လေကြောင်း အင်အားသုံး ထိုးစစ်ဆင်ပြီး ဖားဆောင်းမြို့ကို ထိန်းချုပ်နိုင်ခဲ့သည်။ စစ်ကောင်စီက ဖားဆောင်းမြို့ကို ထိန်းချုပ်နိုင်ပြီးနောက် နှစ်ဖက်တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိသည်။
☆ ကချင်ပြည်နယ် ဖားကန့်မြို့တွင် စစ်ကောင်စီက အင်အာသုံး၍ စစ်ကြောင်းထိုးလာသောကြောင့် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိသည်။
☆ ဧရာ၀တီတိုင်း၊ အင်္ဂပူမြို့နယ်၊ လေးမျက်နှာမြို့နယ်တွင်လည်း စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) ပူးပေါင်းတပ်များကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အင်္ဂပူမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲထားသည့် ကျေးရွာအချို့ကို အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
● ဖော်ပြပါ အချက်အလက်များသည် သတင်းမီဒီယာ (၈) ခုမှ သတင်းများကို အခြေခံ ကောက်ယူထား ခြင်းဖြစ်သည်။ တိုက်ပွဲနှင့် ထိခိုက်ကျဆုံး အရေအတွက်မှာ ဖော်ပြထားသည်ထက် ပိုမို များပြားနိုင် သည်။
● စက်ဝိုင်း အရွယ်အစားသည် တိုက်ပွဲအရေအတွက်ကို ညွှန်းသည်။ စက်ဝိုင်းအရွယ် ကြီးသည်နှင့်အမျှ တိုက်ပွဲအရေအတွက် ပိုများသည်ဟု ဆိုလိုရင်းဖြစ်သည်။
About The Call 707 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*