69
– စာဖတ်ပရိသတ်များသို့ ပန်ကြားလွှာ –
အပတ်စဥ် တနင်္လာမှ သောကြာအထိ ၅ ရက်တိုင်တိုင် မနက်ခင်းတိုင်း အတတ်နိုင်ဆုံး မပျက်ယွင်းရအောင် အားစိုက်ဖော်ပြခဲ့သည့် “The Call – ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်း၏ ‘ခေါ်သံရဲ့ မနက်စာ’ ကဏ္ဍအား စောင့်မျှော်ဖတ်ရှုအားပေးကြသည့် မနက်စာပရိသတ် အခိုင်အမာရှိသည်ကို နယ်ပယ်အနှံ့ နေရာပေါင်းစုံမှ ပြန်လည်ကြားသိရသည့်အတွက် မိမိတို့ The Call ဝိုင်းတော်သူ၊ ဝိုင်းတော်သားများအနေဖြင့် များစွာအားတက် ဝမ်းမြောက်ရပါသည်။
‘ခေါ်သံရဲ့ မနက်စာ’ ကဏ္ဍအား ယခုထက်ပို၍ ပိုမို သစ်လွင်သော၊ ပိုမို ကျစ်လစ်သော သွင်ပြင်မျိုးဖြင့် တင်ဆက်နိုင်ရေး ဆွေးနွေးပုံဖော်ရန် ရှိနေပါသဖြင့် ရက်သတ္တပတ် အနည်းငယ်မျှ တင်ဆက်ခြင်း မပြုနိုင်မည့်အပေါ် စာဖတ်ပရိသတ်များအား နားလည်ခွင့်ပြုပေးပါရန် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။
The Call ၏ ‘ခေါ်သံရဲ့ မနက်စာ’ ကဏ္ဍအတွက် ဝေဖန် အကြုံပြု၊ ဆွေးနွေးလိုသည့် အကြောင်းအရာများကို ခင်မင်ရင်းနှီးစွာ မှတ်ချက်ပြု ရေးသားနိုင်ပါသည်။
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
