တခြားရပ်ရွာတခုမှာ ကျန်နေခဲ့သူတဦး

‘တခြားရပ်ရွာတခုမှာ ကျန်နေခဲ့သူတဦး’
◼️မျက်သွယ်
မင်းလက်ဖဝါးမှာ
ပွင့်တဲ့ပန်းတွေ
ကိုယ်ယူလာတယ်။
မင်းကျခဲ့တဲ့သွေးကြောင့်
လမ်းတလျှောက်
အပင်တွေ စိမ်းလန်းခဲ့ပေါ့။
အခုတော့ မင်းအနားရပါပြီ
မင်းမနားချင်သေးတာ ကိုယ်တို့သိပေမယ့်
မင်းနားလို့ရပြီ။
ကုန်းမြေရဲ့တဝက်ဟာ ပြိုကွဲနေတာဖြစ်ပြီး
ရေထုရဲ့ တဝက်ဟာ မျက်ရည်တွေချည်းပါ။
ကိုယ်တို့အသံတွေအခုတော့ ဆွံ့အနေပေါ့
ကိုယ်တို့ အနာဂတ်ကို ဘယ်သူတွေ
တည်ဆောက်ကြမှာလဲ
အခု ကိုယ်ရပ်နေတဲ့နေရာမှာ
မင်းရှိနေပြီး
ကိုယ်ထွက်ခွါသွားရင် မင်းက ကျန်နေခဲ့တော့မယ်
အချစ်ရေ
ပန်းတွေဟာ နီစွေးလို့
ကိုယ့်လက်ဖဝါးထဲ လှလိုက်တာ
မင်းရဲ့ ချစ်တတ်မှုအတွက် ကိုယ် ခွင့်လွှတ်ပါတယ်။
About The Call 716 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*