တယုတယနှင်း

by The Call
138 views
‘တယုတယနှင်း’
◼️ဆပ်ရိပ်
သက်ပြင်းဆိုပေမယ့်
စိတ်လိုလက်ရ ချပါတယ်။
သုံးလေးငါးနှစ်
အစစအရာရာရှားပါးနေတော့
ခံစားမှုလည်း တန်ဖိုးကြီးလာတယ်
နေမကောင်းတဲ့ညနေမှာ
တိမ်မျှင်တစက အစ
ကြီးမြတ်တယ်။
လူတစ်ယောက်ဟာ တစ်ခါတစ်လေတော့
အမှောင်ထဲထိုင်ဖို့လိုတယ်
ထိကရုန်းပင်လိုနေ့တွေအတွက်
လူသူနည်းတဲ့
တောအုပ်ခပ်နက်နက်လိုတယ်။
ရထားတွေဟာ
ဘယ်ခရီးသည်ကိုမှ စောင့်ရိုးမရှိတာ နားလည်ပါတယ်
ကိုယ်လည်း ပုံမှန်ပဲသွားမယ်
ဘာကိုမှ ပြေးမလိုက်နိုင်တော့ဘူး။
မျက်ရည်ဟာ အသံထက်မြန်တယ်
ဒီကမ္ဘာမှာ အလင်းနှစ်မခြားဘဲနဲ့ ဝေးနေတာ အိမ်ပဲရှိပါတယ်။

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment