ပွဲတိုင်းကျော်

ဆူးခက်

by The Call
66 views
‘ပွဲတိုင်းကျော်’
◼️ဆူးခက်
သစ်သားသေနတ်လေးကို
ချစ်သူလိုဖက်အိပ်ဖူးတာပေါ့
ရန်သူ့လက်နတ် ကိုယ့်လက်နတ် ဆိုတာမသိခင်
ကိုယ့်လက်နတ်ရန်သူ့လက်ပါမသွားအောင်
ပိုးမွေးသလို
အရူးစိန်တုန်းရသလို
မြောက်မီးခဲကိုင်ထားရသလို
ပွဲတိုင်းကျော်လေးကို တင်ရသရ
ဂရုစိုက်ရပါတယ်
ပလပ်စတစ်ကြိုးလေးနဲ့ချည်
အိုးမဲခဲနဲ့စာရေးပြီးအမှတ်အသားလုပ်
ရေချိူးသွားလည်းပြစ်မထားရဲ
ထမင်းစားလည်းအတူတူ
ချစ်စခင်စကြင်နာစ လို
ဘုရားသွားကျောင်းတက် လည်ပင်းမှာချိတ်ဆွဲထားလျက်ပါပဲ
ခင်ဗျားတို့သိတဲ့ လေးဆယ့်ငါးရက်ထဲပါ
နှစ်ပေါင်းလေးရာ့ငါးဆယ်စာ
သတိတရ ဂရုစိုက်ရ
နွေဦးနဲ့အတူ
ကျော်ကြားလာတဲ့ဆယ်လီ
သို့မဟုတ်
ပြောင်းဝက ဓမ္မ ပေါ့
ကျည်ဆန်မထွက်တဲ့သေနတ်လေးမို့
ပိုချစ်ရ ပိုမြတ်နိုးရ
နာမည်က
ပွဲတိုင်းကျော် တဲ့။ ။
(ပွဲတိုင်းကျော်ဆိုတာ
သစ်သား
ဝါးနဲ့လုပ်ထားတဲ့ လေ့ကျင့်ရေးသေနတ်လေးပါ
Pdf သင်တန်း တတ်ဖူးသူတိုင်းသိမယ်ထင်ပါတယ်)

Author

  • The Call

    "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။
    နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။
    စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment