ဖရဲသီး

by The Call
73 views
◼️ကိုကိုသက်
အထဲကနီပြီး အပြင်ကစိမ်း
ဆိုပေမယ့် ထင်သလောက် မရိုးရှင်း
အစိမ်းနဲ့အနီကြားမှာ အဖြူရောင်
အနီထဲမှာ အနက်ရောင်အစေ့လေးတွေ
အတွင်းသားဝါတဲ့ ဖရဲသီးလည်းရှိရဲ့
စနိုက်ပါ လေ့ကျင့်သူများကတော့
လူ့ခေါင်းလောက်အရွယ်ရှိပြီး
ကျည်ထိရင် လူ့ခေါင်းလို ဂွမ်းကနဲ ပွင့်ထွက်
အထဲက သွေးရောင် လျှံထွက်လာတဲ့
ဖရဲနီကို သဘောကျကြတယ်
လူ့ခေါင်းခွံဟာ ဖရဲခွံလို မာကြောပြီး
လူ့ဦးနှောက်ဟာ ဖရဲသားလို နူးညံ့တယ် ဆိုပေမယ့်—
ဖရဲသီးမှာ နားရွက်မပါဘူး
ဖရဲသီးမှာ အသက်မပါဘူး …. ။

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment