24
မိုးမြင့်ကျော်
‘မင်းကိုပေးခဲ့တဲ့ကတိ’
ကိုယ့်ရင်ဘတ်မှာခဏခဏ လာစိုရွှဲနေတဲ့
ကိုယ်ပြန်လာမှ ဖာထေးဖြစ်မယ့်
မင်းအခန်းက မိုးယိုပေါက်
မင်းလက်နဲ့ပြန်ချုပ်ပေးမယ်ဆိုတဲ့
ကိုယ့်အင်္ကျီချုပ်ရိုး
ဒီတမိုးလည်း ကိုယ်ပြန်မလာဖြစ်ဘူး
မင်းအခန်းကပျဥ်ချပ် မိုးစနဲ့ဆွေးမြည့်လောက်ပြီ
ကိုယ်တော့ ပြဲနေတဲ့ချုပ်ရိုးကို
ချည်ပြန်ထိုးထားလိုက်တယ်
ကိုယ်သိပါတယ် မင်းကတော့
မိုးယိုပေါက်ကို ဒီအတိုင်းထားလို့
ကိုယ့်ကတိကို စောင့်နေတော့မယ်။ ။
