မနက်ခင်းအတွေး

by The Call
74 views

“The Call ရဲ့ မနက်စာ”
-၂၀၂၄ ​ဇူလိုင် ၂၄ ဗုဒ္ဓဟူးနေ့
■ မနက်ခင်းအတွေး
ဇာတ်သိမ်းခန်းရောက်ရင်တော့ လူကြမ်းက သေရတာပဲ။ ဗီလိန်ကို ဇာတ်လိုက်ထားလို့ ဇာတ်ကွက်ကလေး ဆန်းပြားချင်ဆန်းပြားသွားမယ်။ အဲဒါ အမှန်တရားတော့မဟုတ်ဘူး။ မကောင်းတာလုပ်နေတဲ့သူတွေက ကောင်းစားနေတယ်။ မဟုတ်တာလုပ်နေတဲ့သူတွေကို အဟုတ်ကြီးထင်ကြတယ်။ တရားနဲ့မညီရင် လောကကြီးက ပျက်တာပဲ။ ဖြစ်လိုက်ပျက်လိုက်နဲ့ပဲ ကမ္ဘာလောကကြီးဟာ ရင့်သန်ကြီးပြင်းလာတယ်။ တိုးတက်ထွန်းကားလာတယ်။ နောက်ပြန်ဆုတ်ရတဲ့ ခေတ်တွေ၊ နှစ်တွေရှိခဲ့ပေမဲ့လည်း ထောင်ချီတဲ့လူ့သမိုင်းကို ပြန်ကြည့်တဲ့အခါ ရှေ့ကိုသာ တိုးတက် ရောက်ရှိလာစမြဲ။
လူတွေမှာ စိတ်လုံခြုံမှုကင်းမဲ့နေတဲ့အခါ စကောတချပ်နဲ့လည်း ပြည်ပျက်ခဲ့ကြဘူးတယ်။ မတော်မတရားမှုတွေနဲ့ ထိန်းချုပ်ထားတဲ့အခါ လူအားလုံးဟာ တယောက်ကိုတယောက် အပြန်အလှန်ဖျက်ဆီးနေကြတဲ့အဖြစ်ဆီ ရောက်သွားကြတယ်။ တကယ်လည်း အာဏာကိုတဦးတည်း အပိုင်စီးထားတဲ့သူဟာ အများတကာရဲ့အသက်နဲ့ဘဝကို ဖျက်ဆီးရင်း သူ့ကိုယ်သူ ဇာတ်သိမ်းခန်းဆီပို့နေတဲ့ စိတ္တဇလူသတ်သမားသာဖြစ်တယ်။ သူ့ကို မတားဆီးနိုင်ရင် အရာအားလုံး ပျက်ဆီးခြင်းကိုဆိုက်ရောက်မှာ မြေကြီးလက်ခတ်မလွဲဘူး။
အပိုင်းအစလေးတွေကို ဆက်လိုက်တဲ့အခါ ရုပ်ပုံကားချပ်တခုကို မျက်ဝါးထင်ထင်တွေ့လိုက်ရသလို သတင်းတွေကို တပုဒ်နဲ့တပုဒ် ဆက်စပ်စဉ်းစားလိုက်တဲ့အခါ လူထုအောင်ပွဲဟာ တဖြည်းဖြည်းပီပြင်လာတာ မနက်ခင်းမြူထုကြီးရဲ့ကြားကနေ နေရောင်တွေဖြာကျလာသလိုပဲလို့ လက်တွဲခေါ်ပြလိုက်ချင်ပါရဲ့။

Author

  • The Call

    "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။
    နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။
    စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment