30
မောင်မိုးအေး
ကတုတ်ကျင်းထဲမှာတော့
ဂီတ ကဗျာနဲ့ ဆေးလိပ်က
ရတနာ သုံးပါးပဲ
ငါ့ရဲဘော်ဆိုတာ ငါ့ရင်ဘတ်
အချစ် မေတ္တာနဲ့ မီးစကို
မျှကြတယ်
သေနတ်ကို ပိုက်ထားပြီး
အချစ်ကဗျာတွေ
ရွတ်ကြတာထက်
ထိချက်ပြင်းတာမရှိ
အားလုံးရတဲ့
သံပြိုင်အပိုဒ်က
အလွမ်းရဆုံးပဲ
မိုးဖွားထဲမှာ
မီးခြစ်က ထောက်ကနဲ
မီးစက ရဲကနဲ
မီးခိုးက ဖွားကနဲ
ကတုတ်ကျင်းကို နက်နက်တူး
ရင်ဘတ်တွေပစ်ထည့်
ဒဏ်ရာတွေအတွက်
ရတနာ သုံးပါးရှိတယ်
ရဲဘော်တွေက
ရင်နဲ့ရင်းပြီး
ခေတ်ဆိုးကို ပြာချပစ်မှာ
မီးစတွေက ရဲကနဲ။
10:20 Am
13th July 2024
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
